< ဆာလံ 30 >
1 ၁ ဒါဝိဒ် သည်အိမ် တော်ကိုသန့်ရှင်း စေသောအခါ၊ အသံညှိ၍ဆို သောဆာလံ။ အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ချီးမွမ်း ပါမည်။ အကျွန်ုပ် ကိုဆယ်နှုတ် တော်မူ၏။ ရန်သူ တို့ သည် အကျွန်ုပ် အကြောင်း ကြောင့်၊ ဝမ်းမြောက် ရသောအခွင့်ကိုပေး တော်မ မူ။
၁အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို ကယ်တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော်မျိုး၏ဝေဒနာကြောင့် ရန်သူတို့အားနှစ်ထောင်းအားရခွင့်ကို ပေးတော်မမူသောကြောင့်လည်းကောင်း ကိုယ်တော်ရှင်အားကျွန်တော်မျိုးထောမနာ ပြုပါ၏။
2 ၂ အိုအကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ကို အော်ဟစ် ၍ ၊ ကိုယ်တော်သည် ချမ်းသာ ပေးတော်မူ၏။
၂ကျွန်တော်မျိုး၏ဘုရားသခင်၊ထာဝရဘုရား၊ ကယ်မတော်မူရန်ကိုယ်တော်ရှင်၏ထံတော်သို့ ကျွန်တော်မျိုးအော်ဟစ်ခဲ့ပါ၏။ ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ ဝေဒနာကိုငြိမ်းစေတော်မူပါ၏။
3 ၃ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏာ နိုင်ငံထဲက နှုတ် ယူတော်မူပြီ။ သင်္ချိုင်း တွင်း ထဲသို့ မဆင်း စေဘဲ၊ အကျွန်ုပ် ကို အသက် ချမ်းသာပေးတော်မူပြီ။ (Sheol )
၃ကျွန်တော်မျိုးအားသေရွာမှပြန်၍ ခေါ်ဆောင်တော်မူခဲ့ပါ၏။ ကျွန်တော်မျိုးသည်သင်္ချိုင်းတွင်းသို့ဆင်းလျက် ရှိခဲ့သော်လည်း ကိုယ်တော်သည်ကျွန်တော်မျိုးအားမသေစေဘဲ အသက်ချမ်းသာပေးတော်မူပါ၏။ (Sheol )
4 ၄ ထာဝရဘုရား ၏ သန့်ရှင်း သူ တို့၊ ထာဝရ ဘုရား ကို ထောမနာသီချင်း ဆိုကြလော့။ သန့်ရှင်း သောနာမ တော်ကို ချီးမွမ်း ကြလော့။
၄ကိုယ်တော်အားသစ္စာစောင့်သူတို့၊ထာဝရ ဘုရားအား ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ပြု တော်မူသော အမှုတော်ကိုအောက်မေ့သတိရလျက် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
5 ၅ အမျက် တော်သည် ခဏ ထွက်၏။ ကျေးဇူး တော်မူကား၊ တသက်လုံး တည်၏။ ညဦး ယံ၌ ငိုကြွေး ခြင်းသည် လာ၍တည်းခို ၏။ နံနက် ယံ၌ ကား ၊ သီချင်း ဆိုရသော အခွင့် ရှိ၏။
၅ကိုယ်တော်အမျက်ထွက်တော်မူသည်မှာ ခဏသာလျှင်ဖြစ်၏။ ကျေးဇူးပြုတော်မူသည်ကားတစ်သက်လုံး ဖြစ်သတည်း။ ညဥ့်အခါ၌မျက်ရည်များပင်ကျစေကာမူ မိုးသောက်ချိန်၌ကားဝမ်းမြောက်ရွှင်လန်း ခွင့်ကို ရရှိတတ်၏။
6 ၆ ငါသည် လှုပ်ရှား ခြင်းနှင့် အစဉ် ကင်းလွတ် လိမ့်မည် ဟု ကောင်းစား စဉ်အခါ အကျွန်ုပ်အောက်မေ့ ပါ၏။
၆မိမိတွင်လုံခြုံမှုရှိပြီဟုယုံကြည်လျက် ``ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်'' ဟု ကျွန်တော်မျိုးသည်တစ်ကိုယ်တည်းပြောဆိုခဲ့ ပါ၏။
7 ၇ အိုထာဝရဘုရား ၊ ကျေးဇူး တော်အားဖြင့် သာ အကျွန်ုပ် ၏တောင် သည် ခိုင်ခံ မြဲမြံပါ၏။ မျက်နှာ လွှဲ တော်မူ သောအခါ ဆင်းရဲ ခြင်းသို့ ရောက် ပါ၏။
၇အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူခဲ့ပါပြီ။ တောင်ပေါ်ရဲတိုက်ကဲ့သို့ကျွန်တော်မျိုးအား လုံခြုံစွာကွယ်ကာတော်မူခဲ့ပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး အား မျက်နှာတော်ကိုလွှဲ၍နေတော်မူစဉ်က ကျွန်တော်မျိုးသည်ကြောက်လန့်ပါ၏။
8 ၈ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် အသက် ဆုံး၍၊
၈အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်သို့ ဟစ်ခေါ်လျက်
9 ၉ သင်္ချိုင်း တွင်းထဲ သို့ဆင်း လျှင် အဘယ် အကျိုး ရှိပါ အံ့နည်း။
၉``ကျွန်တော်မျိုးသေရခြင်းဖြင့်အဘယ်အကျိုး ရှိပါမည်နည်း။ သင်္ချိုင်းတွင်းသို့ရောက်ရခြင်းဖြင့်အဘယ်အကျိုး ဖြစ်ထွန်းပါမည်နည်း။ သူသေတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုနိုင်ပါသလော။ သူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ဖော်ပြကြေညာနိုင်ကြပါသလော။
10 ၁၀ မြေမှုန့် သည် ကိုယ်တော် ကို ချီးမွမ်း ပါမည် လော။ သစ္စာ တော်ကို ဘော် ပြပါမည်လော။ အိုထာဝရ ဘုရား ၊ နားထောင် ၍ ကယ် မသနားတော်မူပါ။ အိုထာဝရ ဘုရား ၊ အကျွန်ုပ် ကိုစောင့်မ တော်မူပါဟု ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ၍ ၊ ထာဝရ ဘုရားကို တောင်း လျှောက်ပါ၏။
၁၀အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏ခေါ်သံကိုနားထောင်တော်မူ၍ ကျွန်တော်မျိုးအားသနားကြင်နာတော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးကိုကူမတော်မူပါ'' ဟူ၍ တောင်းလျှောက်ခဲ့ပါ၏။
11 ၁၁ ထိုအခါ အကျွန်ုပ် ညည်းတွား မြည်တမ်းခြင်းကို ကခုန် ခြင်းဖြစ်စေ တော်မူ၏။ အကျွန်ုပ် ဝတ်သော လျှော်တေ အဝတ်ကိုချွတ် ၍ ၊ ဝမ်းမြောက် ခြင်း ခါးပန်းနှင့် စည်း တော်မူ၏။
၁၁ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဝမ်းနည်းပူဆွေးရာမှကခုန်မြူးတူးစေတော် မူပါပြီ။ ကျွန်တော်မျိုး၏ဝမ်းနည်းခြင်းလက္ခဏာဖြစ်သည့် လျှော်တေကိုချွတ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းလက္ခဏာဖြစ်သည့် အဝတ်ကိုဝတ်ဆင်ပေးတော်မူပါပြီ။
12 ၁၂ သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ် သည် တိတ်ဆိတ် စွာမ နေ။ ကိုယ်တော် ကို သီချင်း ဆိုပါမည်။ အိုအကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကျေးဇူးတော် ကို အစဉ် အမြဲချီးမွမ်း ပါမည်။
၁၂သို့ဖြစ်၍ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေမည် မဟုတ်ပါ။ ကိုယ်တော်ရှင်အားထောမနာသီချင်းဆိုပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရား ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ကျေးဇူး တော်ကို အစဉ်အမြဲချီးမွမ်းပါမည်။