< ဆာလံ 29 >
1 ၁ အိုဘုရား သခင်သား တို့၊ ထာဝရဘုရား သည် ဘုန်း တန်ခိုး ကြီးတော်မူသည်ဟု ဝန်ခံ ကြလော့။
You angels in heaven, praise Yahweh! Praise him because he is very glorious and powerful.
2 ၂ ထာဝရဘုရား ၏ နာမတော် သည် ဘုန်းကြီး တော်မူသည်ဟု ဝန်ခံ လျက် ၊ သန့်ရှင်း သောတန်ဆာ ကို ဆင်၍ ၊ ထာဝရဘုရား ကို ကိုးကွယ် ကြလော့။
Proclaim that (he/his name) is glorious; bow down before Yahweh in his holy [temple].
3 ၃ ထာဝရ ဘုရား၏ အသံ တော်သည် သမုဒ္ဒရာ ပေါ် မှာ ရှိတော်မူ၏။ ဘုန်းကြီး တော်မူသောဘုရား သခင် သည် မိုဃ်းချုန်း တော်မူ၏။ ထာဝရဘုရား သည် များစွာ သောရေ ပေါ် မှာ ရှိတော်မူ၏။
Yahweh’s voice is heard above the oceans; Yahweh, the glorious God, thunders. His voice thunders over the huge oceans [DOU].
4 ၄ ထာဝရဘုရား ၏ အသံ တော်သည် တန်ခိုး နှင့် ပြည့်စုံတော်မူ၏။ ထာဝရဘုရား ၏ အသံ တော်သည် ဘုန်း အာနုဘော်နှင့် ပြည့်စုံတော်မူ၏။
His voice is powerful and majestic.
5 ၅ ထာဝရဘုရား ၏ အသံ တော်သည် အာရဇ် ပင် တို့ကို ချိုး တော်မူ၏။ အကယ်စင်စစ်ထာဝရဘုရား သည် လေဗနုန် အာရဇ် တောကို ချိုး တော်မူ၏။
The sound of Yahweh’s voice breaks great cedar trees, the cedars that grow in Lebanon.
6 ၆ တောကို နွား သငယ်ကဲ့သို့ ၎င်း ၊ လေဗနုန် တော နှင့် စိရုန် တောကို ကြံ့ သငယ် ကဲ့သို့ ၎င်း ခုန် စေတော်မူ၏။
He causes [the mountains in] Lebanon to jump like calves jump, and causes Hermon [Mountain] to jump like a young bull jumps.
7 ၇ ထာဝရဘုရား ၏ အသံ တော်သည် မီး လျှံ ကို ခွဲ တော်မူ၏။
Yahweh’s voice causes lightning to flash.
8 ၈ ထာဝရဘုရား ၏ အသံ တော်သည် တော ကို ချောက် ချားတော်မူ၏။ ထာဝရဘုရား သည် ကာဒေရှ တော ကို ချောက်ချား တော်မူ၏။
His voice causes the desert to shake; he shakes Kadesh Desert [in the southern part of Judah].
9 ၉ ထာဝရဘုရား ၏ အသံ တော်သည် သမင် ဒရယ် မတို့ကို မွေးဘွား စေတော်မူ၏။ တော တန်ဆာတို့ကိုလည်း ပယ်ရှင်း တော်မူ၏။ ဗိမာန် တော်၌ ခပ်သိမ်း သောသူ တို့ သည် ဘုန်းတော် ကို ဘော် ပြကြစေ။
Yahweh’s voice shakes the huge oak trees and strips the leaves from the trees while the people in the temple shout, “Praise [God]!”
10 ၁၀ ထာဝရဘုရား သည် မိုဃ်း သက်မုန်တိုင်းပေါ် မှာ ထိုင် တော်မူ၏။ အကယ်စင်စစ်ထာဝရဘုရား သည် အစဉ် အမြဲရှင် ဘုရင်အရာနှင့် ထိုင် တော်မူ၏။
Yahweh ruled over the flood [that covered the earth]; he is our King who will rule forever.
11 ၁၁ ထာဝရဘုရား သည် မိမိ လူစု ကို ခိုင်ခံ့ စေတော်မူမည်။ ထာဝရဘုရား သည် မိမိ လူစု အား ငြိမ်သက် ခြင်း ကောင်းကြီး မင်္ဂလာကို ပေးတော်မူမည်။
Yahweh enables his people to be strong, and he blesses them by causing things to go well for them.