< ဆာလံ 28 >

1 အကျွန်ုပ် ၏ ကျောက် ဖြစ်တော်မူသောထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ မ ထူးဘဲ နေတော်မ မူပါနှင့်။ မ ထူးဘဲနေတော်မူလျှင် ၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်း ထဲသို့ ဆင်း သောသူ ကဲ့သို့ ဖြစ်ရပါမည်။
[A Psalm] of David. Unto thee, O Jehovah, will I call: My rock, be not thou deaf unto me; Lest, if thou be silent unto me, I become like them that go down into the pit.
2 အကျွန်ုပ် သည် သန့်ရှင်း သောဗျာဒိတ် ဌာနတော်သို့ လက် ကိုချီ ၍၊ ကိုယ်တော် ကို အော်ဟစ် သောအခါ ၊ အကျွန်ုပ် တောင်း လျှောက်သော အသံ ကို နားထောင် တော်မူပါ။
Hear the voice of my supplications, when I cry unto thee, When I lift up my hands toward thy holy oracle.
3 အိမ်နီးချင်း ၏ အကျိုးကိုဖျက်ဆီး လို သော စိတ် နှလုံးရှိသည်နှင့် ၊ လောက ဝတ်စကားကို ပြော တတ် သောသူတည်းဟူသောဆိုးယုတ် သောအမှု၊ မတရား သောအမှုကို ပြု တတ်သောသူတို့နှင့်အတူ အကျွန်ုပ် ကို သွေးဆောင် တော်မ မူပါနှင့်။
Draw me not away with the wicked, And with the workers of iniquity; That speak peace with their neighbors, But mischief is in their hearts.
4 သူ တို့ကျင့် သောအကျင့် ဓလေ့ဆိုးယုတ် သည် နှင့်အညီ ၊ အကျိုး အပြစ်ကို ဆပ်ပေး တော်မူပါ။ သူ တို့ ပြုမူ သည် အတိုင်း ဆပ်ပေး ၍ ၊ အပြစ် နှင့် အလျောက် စီရင် တော်မူပါ။
Give them according to their work, and according to the wickedness of their doings: Give them after the operation of their hands; Render to them their desert.
5 သူ တို့သည် ထာဝရဘုရား ၏အမှုတော် ကို၎င်း၊ လက် တော်နှင့်ပြုပြင် တော်မူရာကို၎င်း မ မှတ် ကြသောကြောင့် ၊ တည်ဆောက် တော်မ မူ၊ ဖြိုဖျက် တော်မူမည်။
Because they regard not the works of Jehovah, Nor the operation of his hands, He will break them down and not build them up.
6 ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
Blessed be Jehovah, Because he hath heard the voice of my supplications.
7 ငါ တောင်း လျှောက်သောအသံ ကို နားထောင် တော်မူပြီ။ ထာဝရဘုရား သည် ငါ ၏ခွန်အား ဗလ၊ ငါ ၏ အကွယ် အကာဖြစ်တော်မူ၏။ ငါ့ နှလုံး သည် ထို ဘုရားကို ကိုးစား ၍ ၊ ငါ့ကို စောင့်မ တော်မူသောကြောင့် ၊ ငါ့ နှလုံး သည်ရွှင်လန်း လျက်ရှိ၏။ သီချင်း ဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်း မည်။
Jehovah is my strength and my shield; My heart hath trusted in him, and I am helped: Therefore my heart greatly rejoiceth; And with my song will I praise him.
8 ထာဝရဘုရား သည် မိမိ လူစု၏ ခွန်အား ဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ် ခံသောသူ ၏ ကယ်တင် ခြင်းအကြောင်းကို ခိုင်ခံ့ မြဲမြံစေတော်မူ၏။
Jehovah is their strength, And he is a stronghold of salvation to his anointed.
9 ကိုယ်တော် ၏လူစု ကို ကယ်တင် ၍ ၊ အမွေ တော် ကို ကောင်းကြီး မင်္ဂလာပေးတော်မူပါ။ သူ တို့ကိုအုပ်ထိန်း ၍ ၊ ထာဝရ ချီးမြှောက် ခြင်းရှိစေတော်မူပါ။
Save thy people, and bless thine inheritance: Be their shepherd also, and bear them up for ever.

< ဆာလံ 28 >