< ဆာလံ 27 >

1 ထာဝရဘုရား သည် ငါ ၏အလင်း ၊ ငါ့ ကို ကယ်တင် သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက် ရအံ့နည်း။ ထာဝရဘုရား သည် ငါ ၏ အသက် ခိုလှုံ ရာဖြစ်တော်မူ၏။ ငါသည် အဘယ် သူကိုမျှ ကြောက်လန့် ရအံ့နည်း။
Psaume de David. L'Eternel est ma lumière et ma délivrance; de qui aurai-je peur? l'Eternel est la force de ma vie; de qui aurai-je frayeur?
2 ငါ့ ကိုအငြိုး ထားသော ရန်သူ လူဆိုးတို့သည် ငါ့ အသား ကို ကိုက်စား မည်ဟု လာ ကြသောအခါ ၊ ခြေ တိုက်မိ ၍ လဲ ကြ၏။
Lorsque les méchants, mes adversaires et mes ennemis, m'ont approché, [se jetant] sur moi pour manger ma chair, ils ont bronché et sont tombés.
3 ငါ တဘက် ၌ တပ်ချ ကြသော်လည်း ၊ ငါ့ နှလုံး မ ကြောက် တတ်။ စစ်ချီ ၍လာကြသော်လည်း ၊ ထို အမှုတွင် ပင် တည်ကြည် သောစိတ် ရှိလိမ့်မည်။
Quand toute une armée se camperait contre moi, mon cœur ne craindrait point; s'il s'élève guerre contre moi, j'aurai confiance en ceci.
4 ထာဝရဘုရား ၏ တင့်တယ် ခြင်း အသရေတော် ကို ဖူးမြင် ၍ ၊ ဗိမာန် တော်၌ မွေ့လျော် ခြင်း အလိုငှါ၊ ထာဝရဘုရား ၏ အိမ် တော်မှာ တသက်လုံး နေ ရမည် အကြောင်းတည်းဟူသောအခွင့်တခု ကို ထာဝရဘုရား ၌ ငါဆုတောင်း ပြီ။ ထို အခွင့်ကို ရှာ ရဦးမည်။
J'ai demandé une chose à l'Eternel, [et] je la requerrai [encore], c'est que j'habite en la maison de l'Eternel tous les jours de ma vie, pour contempler la présence ravissante de l'Eternel, et pour visiter soigneusement son palais.
5 အကြောင်း မူကား၊ ဘေး အန္တရာယ်ရောက်သည့် ကာလ ၊ တဲ တော်တွင် ငါ့ ကို ကွယ်ကာ တော်မူမည်။ ဗိမာန် တော်အတွင်း အရပ်၌ ၊ ငါ့ ကို ဝှက် ထားတော်မူမည်။ ကျောက် ပေါ် မှာလည်း ငါ့ ကိုတင် ထားတော်မူမည်။
Car il me cachera dans sa loge au mauvais temps; il me tiendra caché dans le secret de son Tabernacle; il m'élèvera sur un rocher.
6 ယခု ပင် ငါ့ ပတ်လည် ၌ရှိသောရန်သူ တို့၏ အပေါ် သို့ ငါ့ ၏ဦးခေါင်း ကို ချီးမြှောက် တော်မူ၏။ ထိုကြောင့်ဗိမာန် တော်မှာ တံပိုး မှုတ်ခြင်းနှင့်တကွယဇ် ပူဇော်ပါမည်။ သီချင်း ဆိုပါမည်။ ထာဝရဘုရား ကို ထောမနာသီချင်း ဆိုပါမည်။
Même maintenant ma tête s'élèvera par-dessus mes ennemis qui sont à l'entour de moi, et je sacrifierai dans son Tabernacle des sacrifices de cri de réjouissance; je chanterai et psalmodierai à l'Eternel.
7 အိုထာဝရဘုရား ၊ အကျွန်ုပ် အော်ဟစ်သော အသံ ကိုနား ထောင်တော်မူပါ။ အကျွန်ုပ် ကို သနား ၍ ထူး တော်မူပါ။
Eternel! écoute ma voix, je t'invoque; aie pitié de moi, et m'exauce.
8 ငါ ၏မျက်နှာ ကို ရှာ ကြလော့ဟူသောအမိန့် တော်ကို ရှေ့တော်၌ အကျွန်ုပ် သည် သတိ ပြုလျက်၊ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မျက်နှာ ကို ရှာ ပါမည်။
Mon cœur me dit de ta part: cherchez ma face; je chercherai ta face, ô Eternel!
9 အကျွန်ုပ် ကို မျက်နှာ လွှဲ တော်မ မူပါနှင့်။ အမျက်ထွက် ၍ ကိုယ်တော် ၏ ကျွန် ကိုပယ် တော်မ မူပါနှင့်။ အကျွန်ုပ် ကို ကယ်တင် တော်မူသောဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို မစ တော်မူဘူးသည်ဖြစ် ၍ ၊ အကျွန်ုပ် ကို စွန့်ပစ် တော်မ မူပါနှင့်။
Ne me cache point ta face, ne rejette point en courroux ton serviteur; tu as été mon aide; ô Dieu de ma délivrance, ne me délaisse point, et ne m'abandonne point!
10 ၁၀ ကိုယ် မိဘ တို့သည် အကျွန်ုပ် ကိုစွန့် သော်လည်း ၊ ထာဝရဘုရား သည် အကျွန်ုပ် ကို ချီ ယူတော်မူမည်။
Quand mon père et ma mère m'auraient abandonné, toutefois l'Eternel me recueillera.
11 ၁၁ အိုထာဝရဘုရား ၊ ကိုယ်တော် ၏လမ်း ကို အကျွန်ုပ် အား ပြသ သွန်သင်တော်မူပါ။ အကျွန်ုပ် ၏ ရန်သူ တို့ ကြောင့် ဖြောင့် သောလမ်း ထဲ ၌အကျွန်ုပ် ကို ပို့ဆောင် တော်မူပါ။
Eternel, enseigne-moi ta voie, et me conduis par un sentier uni, à cause de mes ennemis.
12 ၁၂ မ မှန်သောသက်သေ ကို ခံသောသူတို့နှင့် ညှဉ်းဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူ သောသူတို့ သည် အကျွန်ုပ် တဘက် ၌ ထ ကြသည်ဖြစ်၍ ၊ ရန်သူ တို့အလို သို့ အကျွန်ုပ် ကို အပ်နှံ တော်မ မူပါနှင့်။
Ne me livre point au désir de mes adversaires; car de faux témoins, et ceux qui ne soufflent que violence, se sont élevés contre moi.
13 ၁၃ အကယ်စင်စစ်အသက် ရှင်သောသူတို့၏ နေရာ တွင် ၊ ထာဝရဘုရား ၏ ကျေးဇူး တော်ကို ငါ တွေ့ မြင်ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။
N'eût été que j'ai cru que je verrais les biens de l'Eternel en la terre des vivants, [c'était fait de moi].
14 ၁၄ ထာဝရဘုရား ကို မြော်လင့် လော့။ အား ယူ၍ ရဲရင့် သော စိတ် နှလုံးရှိလော့။ ထာဝရဘုရား ကို မြော်လင့် လျက်နေလော့။
Attends-toi à l'Eternel, et demeure ferme, et il fortifiera ton cœur; attends-toi, dis-je, à l'Eternel.

< ဆာလံ 27 >