< ဆာလံ 24 >

1 ထာဝရဘုရား သည် မြေကြီး နှင့် မြေကြီး တန်ဆာ ကို၎င်း၊ လောက ဓါတ်နှင့် လောက သားတို့ကို၎င်း ပိုင်တော်မူ၏။
Zabura ta Dawuda. Duniya ta Ubangiji ce da kome da yake cikinta, duniya, da dukan waɗanda suke zama a cikinta;
2 အကြောင်း မူကား၊ ထို နေရာကို သမုဒ္ဒရာ ပေါ် မှာတည် ၍ ၊ ရေ များပေါ် မှာ မြဲမြံ စေတော်မူပြီ။
gama ya gina ta a kan tekuna ya kafa ta a kan ruwaye.
3 ထာဝရဘုရား ၏ တောင် တော်ပေါ် သို့ အဘယ်သူ သည် တက် ရမည်နည်း။ သန့်ရှင်း ရာဌာန တော်၌ အဘယ်သူ သည် ရပ် နေရမည်နည်းဟူမူကား၊
Wa zai iya hawan tudun Ubangiji? Wa zai iya tsaya a wurinsa mai tsarki?
4 သန့်ရှင်း သောလက် နှင့် ဖြူစင် သောနှလုံး ရှိသောသူ ၊ မုသာ ကိုမ မှီ ဝဲ မဆည်းကပ်၊ မ မှန်သောကျိန်ဆို ခြင်းကို မပြုသောသူသည်၊
Sai wanda yake da hannu mai tsabta da kuma tsabtar zuciya, wanda ba ya ba da ransa ga bautar gunki ko ya rantse bisa abin da yake ƙarya.
5 ထာဝရ ဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း ၊ ကယ်တင် တော်မူသောဘုရား သခင်၏ လက်တော်မှ ဖြောင့်မတ် ခြင်းတရားကို၎င်းခံရ လိမ့်မည်။
Zai sami albarka daga Ubangiji da fiffitawa daga Allah Mai cetonsa.
6 ထို သူသည် ထာဝရ ဘုရားကို ရှာ သောအမျိုး ၊ မျက်နှာ တော်ကို ရှာ သောယာကုပ် အမျိုးဖြစ်သတည်း။
Irin tsaran waɗanda suke nemansa ke nan, waɗanda suke neman fuskarka, ya Allah na Yaƙub. (Sela)
7 အချင်းတံခါးတို့၊ တံခါး မုတ် ကိုကြွ လိုက်ကြ။ အချင်းထာဝရ တံခါး တို့၊ ကိုယ်ကိုကြွ လိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင် တော်မူမည်။
Ku ɗaga kawunanku, ya ku ƙofofi; ku ɗagu, ku daɗaɗɗun ƙofofi, don Sarkin ɗaukaka yă shiga.
8 ဘုန်းကြီး သောရှင်ဘုရင် ကား အဘယ် သူနည်း။ အစွမ်း တန်ခိုးနှင့် ပြည့်စုံ တော်မူသောထာဝရဘုရား ၊ စစ်တိုက် ခြင်းငှါတန်ခိုး ကြီးတော်မူသောထာဝရဘုရား ပေတည်း။
Wane ne wannan Sarkin ɗaukaka? Ubangiji ne mai ƙarfi mai iko, Ubangiji mai girma a yaƙi.
9 အချင်းတံခါးတို့၊ တံခါး မုတ် ကိုကြွ လိုက်ကြ။ အချင်းထာဝရ တံခါး တို့၊ ကိုယ်ကိုကြွ လိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင် တော်မူမည်။
Ku ɗaga kawunanku, ya ku ƙofofi; ku ɗagu, ku daɗaɗɗun ƙofofi, don Sarkin ɗaukaka yă shiga.
10 ၁၀ ဘုန်းကြီး သောရှင်ဘုရင် ကား အဘယ် သူနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ပေတည်း။ ထိုဘုရား သည် ဘုန်းကြီး သောရှင် ဘုရင် ဖြစ်တော်မူသတည်း။
Wane ne shi, wannan Sarkin ɗaukaka? Ubangiji Maɗaukaki, shi ne Sarkin ɗaukaka. (Sela)

< ဆာလံ 24 >