< ဆာလံ 24 >
1 ၁ ထာဝရဘုရား သည် မြေကြီး နှင့် မြေကြီး တန်ဆာ ကို၎င်း၊ လောက ဓါတ်နှင့် လောက သားတို့ကို၎င်း ပိုင်တော်မူ၏။
A PSALM OF DAVID. To YHWH [is] the earth and its fullness, The world and the inhabitants in it.
2 ၂ အကြောင်း မူကား၊ ထို နေရာကို သမုဒ္ဒရာ ပေါ် မှာတည် ၍ ၊ ရေ များပေါ် မှာ မြဲမြံ စေတော်မူပြီ။
For He has founded it on the seas, And He establishes it on the floods.
3 ၃ ထာဝရဘုရား ၏ တောင် တော်ပေါ် သို့ အဘယ်သူ သည် တက် ရမည်နည်း။ သန့်ရှင်း ရာဌာန တော်၌ အဘယ်သူ သည် ရပ် နေရမည်နည်းဟူမူကား၊
Who goes up into the hill of YHWH? And who rises up in His holy place?
4 ၄ သန့်ရှင်း သောလက် နှင့် ဖြူစင် သောနှလုံး ရှိသောသူ ၊ မုသာ ကိုမ မှီ ဝဲ မဆည်းကပ်၊ မ မှန်သောကျိန်ဆို ခြင်းကို မပြုသောသူသည်၊
The clean of hands, and pure of heart, Who has not lifted up his soul to vanity, Nor has sworn to deceit.
5 ၅ ထာဝရ ဘုရား၏ လက်တော်မှ ကောင်းကြီး မင်္ဂလာကို၎င်း ၊ ကယ်တင် တော်မူသောဘုရား သခင်၏ လက်တော်မှ ဖြောင့်မတ် ခြင်းတရားကို၎င်းခံရ လိမ့်မည်။
He carries away a blessing from YHWH, Righteousness from the God of his salvation.
6 ၆ ထို သူသည် ထာဝရ ဘုရားကို ရှာ သောအမျိုး ၊ မျက်နှာ တော်ကို ရှာ သောယာကုပ် အမျိုးဖြစ်သတည်း။
This [is] a generation of those seeking Him. Seeking Your face, O Jacob! (Selah)
7 ၇ အချင်းတံခါးတို့၊ တံခါး မုတ် ကိုကြွ လိုက်ကြ။ အချင်းထာဝရ တံခါး တို့၊ ကိုယ်ကိုကြွ လိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင် တော်မူမည်။
Lift up your heads, O gates! And be lifted up, O perpetual doors! And the King of Glory comes in!
8 ၈ ဘုန်းကြီး သောရှင်ဘုရင် ကား အဘယ် သူနည်း။ အစွမ်း တန်ခိုးနှင့် ပြည့်စုံ တော်မူသောထာဝရဘုရား ၊ စစ်တိုက် ခြင်းငှါတန်ခိုး ကြီးတော်မူသောထာဝရဘုရား ပေတည်း။
Who [is] this—“the King of Glory?” YHWH—strong and mighty, YHWH, the mighty in battle.
9 ၉ အချင်းတံခါးတို့၊ တံခါး မုတ် ကိုကြွ လိုက်ကြ။ အချင်းထာဝရ တံခါး တို့၊ ကိုယ်ကိုကြွ လိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင် တော်မူမည်။
Lift up your heads, O gates! And be lifted up, O perpetual doors! And the King of Glory comes in!
10 ၁၀ ဘုန်းကြီး သောရှင်ဘုရင် ကား အဘယ် သူနည်း။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ပေတည်း။ ထိုဘုရား သည် ဘုန်းကြီး သောရှင် ဘုရင် ဖြစ်တော်မူသတည်း။
Who [is] He—this “King of Glory?” YHWH of hosts—He [is] the King of Glory! (Selah)