< ဆာလံ 23 >

1 ထာဝရဘုရား သည် ငါ ၏ သိုးထိန်းဖြစ်တော်မူ ၏။ ငါသည် ဆင်းရဲ မ ခံရ။
A psalm of David. Yahweh is my shepherd; I will lack nothing.
2 စိမ်းလန်း သော ကျက်စား ရာအရပ်၌ ငါ့ ကို အိပ် စေတော်မူ၏။ သာယာ သောမြစ် နား သို့ လမ်းပြ တော်မူ၏။
He makes me to lie down in green pastures; he leads me beside tranquil water.
3 ငါ့ ဝိညာဉ် ကိုအားဖြည့် ၍၊ နာမတော် အဘို့ အလိုငှါ တရား လမ်း ထဲ ၌သွေးဆောင် တော်မူ၏။
He brings back my life; he guides me along right paths for his name's sake.
4 အကယ်၍ သေမင်း ၏အရိပ်လွှမ်းမိုးသော ချိုင့် ထဲသို့ ရှောက်သွား ရသော်လည်း ဘေး အန္တရာယ်ကို မ ကြောက် ပါ။ အကြောင်း မူကား၊ ကိုယ်တော် သည် အကျွန်ုပ် နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ လှံတံ တော်နှင့် တောင်ဝေး တော်သည် အကျွန်ုပ် ကို ချမ်းသာ စေပါ၏။
Even though I walk through a valley of darkest shadow, I will not fear harm since you are with me; your rod and your staff comfort me.
5 အကျွန်ုပ် ၏ ရန်သူ တို့ရှေ့ မှာ အကျွန်ုပ် အဘို့ စားပွဲ ကိုခင်း တော်မူ၏။ အကျွန်ုပ် ခေါင်း ကိုဆီ နှင့် လိမ်း တော်မူ၏။ အကျွန်ုပ် ခွက် ဖလားသည် လျှံ လျက်ရှိပါ၏။
You prepare a table before me in the presence of my enemies; you have anointed my head with oil; my cup runs over.
6 အကယ် စင်စစ် အကျွန်ုပ် သည် ကျေးဇူး နှင့် ကရုဏာ ကို တသက်လုံး ခံစား ၍ ၊ ထာဝရဘုရား ၏ အိမ် တော်မှာ အစဉ် အမြဲနေ ရပါလိမ့်မည်။
Surely goodness and covenant faithfulness will pursue me all the days of my life; and I will live in the house of Yahweh for a very long time!

< ဆာလံ 23 >