< ဆာလံ 22 >
1 ၁ အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း။ အကျွန်ုပ် ကို မကယ်တင် ဘဲ အကျွန်ုပ် အော်ဟစ် သော စကား ကို နား မထောင်ဘဲ အဘယ်ကြောင့်အဝေး မှာနေတော်မူသနည်း။
၁ကျွန်တော်မျိုး၏ဘုရား အို ကျွန်တော်မျိုး၏ ဘုရား၊ အဘယ်ကြောင့်ကျွန်တော်မျိုးအား စွန့်ပစ်တော်မူပါသနည်း။ ကယ်မတော်မူရန်ကျွန်တော်မျိုးသည်ဟစ် အော်ပါ၏။ သို့ရာတွင်ယခုတိုင်အောင်ကယ်မတော်မမူပါ။
2 ၂ အကျွန်ုပ် ဘုရား ၊ နေ့ အခါအကျွန်ုပ်အော်ဟစ် သော်လည်း ၊ ကိုယ်တော်သည် နား မ ထောင်ပါ။ ညဉ့် အခါ အော်ဟစ်သော်လည်း သက်သာ ခြင်းသို့ မ ရောက်ပါ။
၂ကျွန်တော်မျိုး၏ဘုရား၊နေ့အခါ၌ကိုယ်တော် အား ကျွန်တော်မျိုးခေါ်ပါ၏။ သို့ရာတွင်ကိုယ်တော်သည်ထူးတော်မမူပါ။ ညဥ့်အခါကျွန်တော်မျိုးခေါ်ပါ၏။ သို့ရာတွင်ကျွန်တော်မျိုးစိတ်သက်သာခွင့်ကို မရပါ။
3 ၃ ကိုယ်တော် မူကား ၊ ဣသရေလ အမျိုးသားတို့ ချီးမွမ်း ရာ၌ ကျိန်းဝပ် လျက် သန့်ရှင်း ခြင်းရှိတော်မူ၏။
၃သို့ရာတွင်ကိုယ်တော်ရှင်သည်ပလ္လင်တော်ပေါ်တွင် စံတော်မူသောအရှင်၊ ဣသရေလအမျိုးသားတို့ထောမနာပြုခြင်းကို ခံတော်မူရသောအရှင်ဖြစ်တော်မူပါ၏။
4 ၄ အကျွန်ုပ် တို့ဘိုးဘေး တို့သည် ကိုယ်တော် ကို ကိုးစား ကြပါ၏။ ကိုးစား ကြသည်တွင် ၊ ကိုယ်တော်သည် ကယ်တင် တော်မူ၏။
၄ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်ကိုယ်တော်ကို ကိုးစားခဲ့ကြပါ၏။ ယင်းသို့သူတို့ကိုးစားသည့်အတိုင်း ကိုယ်တော်သည်လည်းသူတို့အား ကယ်တော်မူခဲ့ပါ၏။
5 ၅ သူတို့သည် ကိုယ်တော် ကို အော်ဟစ် ၍ ကယ်တင် ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော် ကို ကိုးစား ၍ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြပါ၏။
၅သူတို့သည်ကိုယ်တော်၏ထံတော်သို့အော်ဟစ် တောင်းလျှောက်ကြသဖြင့် ဘေးဥပဒ်များမှလွတ်မြောက်ခဲ့ကြပါ၏။ သူတို့သည်ကိုယ်တော်ကိုယုံကြည်ကိုးစား ကြသည် နှင့်အမျှအကျိုးကိုခံစားကြရပါ၏။
6 ၆ အကျွန်ုပ် မူကား ၊ လူ မ ဟုတ်၊ ပိုး ကောင်မျှသာ ဖြစ်ပါ၏။ လူ များ ကဲ့ရဲ့ စရာ၊ လူစု အရှက် ခွဲစရာဘို့ ဖြစ်ပါ၏။
၆သို့ရာတွင်ကျွန်တော်မျိုးသည်လူမဟုတ်၊ ပိုးကောင်မျှသာဖြစ်၍လူတကာတို့ကဲ့ရဲ့ စရာ၊ မထီလေးစားပြုစရာဖြစ်ပါ၏။
7 ၇ အကျွန်ုပ် ကိုမြင် သမျှ သောသူတို့သည် ပြက်ယယ် ပြုခြင်း၊ နှုတ်ခမ်း ဖြဲ ခြင်း၊ ခေါင်း ညိတ် ခြင်းကို ပြုကြပါ၏။
၇ကျွန်တော်မျိုးအားမြင်သောသူတိုင်း ပြောင်လှောင်ကြပါ၏။ သူတို့သည်လျှာကိုထုတ်လျက်ဦးခေါင်းကို ခါကြပါ၏။
8 ၈ သူသည် ထာဝရဘုရား ကို ကိုးစား ပြီ၊ သူ့ ကို နှုတ် တော်မူပါလေစေ။ သူ ၌ အလို ရှိလျှင် ယခု ပင် ကယ်တင် တော်မူပါလေစေဟု ဆိုကြပါ၏။
၈သူတို့က``သင်သည်ထာဝရဘုရားကိုအားကိုး ဘိ၏။ ကိုယ်တော်သည်သင့်ကိုအဘယ်ကြောင့် မကယ်ပါသနည်း။ ထာဝရဘုရားသည်သင့်ကို နှစ်သက်မြတ်နိုးတော်မူလျှင် အဘယ်ကြောင့်သင့်အားကယ်မတော် မမူ ပါသနည်း'' ဟုဆိုကြ၏။
9 ၉ သို့သော်လည်း ကိုယ်တော် သည် အကျွန်ုပ် ကို အမိဝမ်း ထဲ က ဆွဲယူ ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။
၉ကျွန်တော်မျိုးအားဘေးဥပဒ်ကင်းရှင်းစွာ အမိဝမ်းမှမွေးဖွားစေတော်မူသောအရှင် ကား ကိုယ်တော်ရှင်ပင်ဖြစ်ပါ၏။ နို့စို့သူငယ်ဖြစ်စဉ်အခါကလည်း ကျွန်တော်မျိုးအားကိုယ်တော်ရှင်သည် ဘေးမဲ့လုံခြုံစွာထားတော်မူခဲ့ပါ၏။
10 ၁၀ အကျွန်ုပ်သည် ဘွား ကတည်း ကပင် လက် တော် သို့ ရောက် ပါ၏။ အမိ ဝမ်း ထဲ မှစ၍ကိုယ်တော် သည် အကျွန်ုပ် ဘုရား သခင်ဖြစ်တော်မူပါပြီ။
၁၀ကျွန်တော်မျိုးသည်မွေးဖွားချိန်မှအစ ပြု၍ ကိုယ်တော်ရှင်ကိုအားကိုးခဲ့ပါ၏။ ထိုအချိန်မှစ၍ကိုယ်တော်ရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။
11 ၁၁ အကျွန်ုပ် နှင့် ဝေး ဝေးနေတော်မ မူပါနှင့်။ ဘေး အန္တရာယ် ရောက်လုနီး ပါပြီ။ မစ သောသူမ ရှိပါ။
၁၁ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။ ကျွန်တော်မျိုးဒုက္ခရောက်ပါတော့မည်။ ကူမမည့်သူလည်းတစ်ယောက်မျှမရှိပါ။
12 ၁၂ နွားလား ဥသဘတို့သည် အကျွန်ုပ် ကိုဝိုင်း ၍၊ အားကြီး သော ဗာရှန် ဥသဘတို့သည် ဝန်းရံ လျက် နေကြ ပါ၏။
၁၂ကျွန်တော်မျိုး၏ရန်သူတို့သည်ဗာရှန်ဒေသမှ ကြောက်မက်ဖွယ်ကောင်းသောနွားသိုးများကဲ့သို့ ကျွန်တော်မျိုးကိုဝိုင်းရံထားကြပါ၏။
13 ၁၃ ကိုက် ဖြတ်၍ ဟောက် တတ်သော ခြင်္သေ့ ကဲ့သို့အကျွန်ုပ် ကို ပစပ် ဟ ကြပါ၏။
၁၃ခြင်္သေ့များကဲ့သို့ခံတွင်းကိုဟ၍ဟိန်းဟောက် ကာ ကျွန်တော်မျိုးကိုကိုက်ဖြတ်မည်ပြုကြ၏။
14 ၁၄ အကျွန်ုပ်သည် ရေ ကဲ့သို့ သွန် ခြင်းကို ခံရ၍ ၊ အရိုး အဆစ်ရှိသမျှ တို့သည် ပြုတ် ကြပါ၏။ အကျွန်ုပ် နှလုံး သည် ဘယောင်း ကဲ့သို့ ဖြစ်၍ ၊ ရင် ထဲမှာ အရည် ကျိုလျက် ရှိပါ၏။
၁၄ကျွန်တော်မျိုး၏ခွန်အားသည်မြေကြီးပေါ်တွင် ဖိတ်သည့်ရေကဲ့သို့ခန်းခြောက်သွားပါ၏။ ကျွန်တော်မျိုး၏အရိုးအားလုံးသည် အဆစ်ပြုတ်လျက်နေပါ၏။ ရင်တွင်းမှနှလုံးသားသည်အရည်ပျော် သော ဖယောင်းကဲ့သို့ဖြစ်၍နေပါ၏။
15 ၁၅ အကျွန်ုပ် ခွန်အား သည် အိုး ခြမ်းကဲ့သို့ ခန်းခြောက် ၍ ၊ လျှာ လည်း ပါး ရိုး၌ ကပ် လျက်ရှိပါ၏။ အကျွန်ုပ် ကို သေ မြေ တိုင်အောင်ချ တော်မူပါပြီ။
၁၅ကျွန်တော်မျိုး၏လည်ချောင်းသည်မြေမှုန့် ကဲ့သို့ ခြောက်လျက်ကျွန်တော်မျိုး၏လျှာသည်လည်း အာခေါင်တွင်ကပ်၍နေပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားသေစေရန် မြေမှုန့်တွင်စွန့်ပစ်ထားတော်မူပါပြီ။
16 ၁၆ ခွေး တို့သည် အကျွန်ုပ် ကိုဝိုင်း လျက်၊ စုဝေး သော လူဆိုး တို့သည် ဝန်းရံ လျက်နေ၍ ၊ အကျွန်ုပ် ၏ လက် ခြေ တို့ကို ထိုးဖောက် ကြပါပြီ။
၁၆လူဆိုးတစ်စုသည်ကျွန်တော်မျိုးကို ဝိုင်းထားကြပါ၏။ သူတို့သည်တောခွေးအုပ်ကဲ့သို့ကျွန်တော်မျိုး အနီးသို့ချဉ်းကပ်လာပြီးလျှင် ကျွန်တော်မျိုး၏ခြေလက်များကိုကိုက်ဖြတ် ကြပါ၏။
17 ၁၇ ကိုယ် အရိုး ရှိသမျှ တို့ကို အကျွန်ုပ်ရေတွက် နိုင် ပါ၏။ သူ တို့သည် အကျွန်ုပ် ကိုကြည့် မြင်၍ အား ရလျက် နေကြပါ၏။
၁၇ကျွန်တော်မျိုး၏အရိုးများအားလုံးပင် ပြိုင်းပြိုင်း ပေါ်လာပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးကိုအားရ ဝမ်းသာစွာ စူးစိုက်၍ကြည့်ကြပါ၏။
18 ၁၈ အကျွန်ုပ် အဝတ် ကို အချင်းချင်း ဝေဖန် ၍ ၊ အကျွန်ုပ် အင်္ကျီ ကို စာရေးတံ ချ ကြပါ၏။
၁၈ကျွန်တော်မျိုး၏အဝတ်များကိုသူတို့သည် အချင်းချင်းခွဲဝေ၍ယူကြပါ၏။ ကျွန်တော်မျိုး၏ဝတ်လုံကိုမဲချကြပါ၏။
19 ၁၉ အိုထာဝရဘုရား ၊ အကျွန်ုပ်နှင့်ဝေး ဝေးနေတော် မ မူပါနှင့်။ အကျွန်ုပ် ခွန်အား ဗလ၊ အကျွန်ုပ် ကို မစ ခြင်းငှါအလျင်အမြန်ကြွလာ တော်မူပါ။
၁၉အို ထာဝရဘုရား၊ ကျွန်တော်မျိုးနှင့်ဝေးဝေးနေတော်မမူပါနှင့်။ လျင်မြန်စွာကြွလာ၍ကယ်တော်မူပါ။
20 ၂၀ အကျွန်ုပ် အသက် ကို ထား ဘေးမှ ၎င်း၊ အကျွန်ုပ် အချစ် ဆုံးကို ခွေး လက် မှ ၎င်း ကယ် လွတ်တော်မူပါ။
၂၀ဋ္ဌားဘေးမှကျွန်တော်မျိုးအားကယ်တော်မူပါ။ ခွေးကဲ့သို့သောသူတို့၏ဘေးမှကျွန်တော် မျိုး၏ အသက်ကိုကယ်တော်မူပါ။
21 ၂၁ ခြင်္သေ့ ခံတွင်း မှ အကျွန်ုပ် ကိုကယ် တင်၍ ၊ ကြံ့ ဦးချို ထဲ မှာ အကျွန်ုပ် ခေါ်သောအသံကို နားထောင် တော်မူ ပါ။
၂၁ခြင်္သေ့ကဲ့သို့ကြမ်းကြုတ်သောသူတို့၏လက်မှ ကျွန်တော်မျိုး၏အသက်ကိုကယ်တော်မူပါ။ နွားသိုးရိုင်းကဲ့သို့သောသူတို့၏အရှေ့တွင် ကျွန်တော်မျိုးသည်ခိုကိုးရာမဲ့ဖြစ်၍နေပါ၏။
22 ၂၂ အကျွန်ုပ် သည် သိတင်း တော်ကို ညီအစ် ကိုတို့ အား ကြား ပြောပါမည်။ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ပါမည်။
၂၂ကိုယ်တော်ပြုတော်မူသောအမှုအရာတို့ကို ကျွန်တော်မျိုး၏သားချင်းတို့အားပြော ကြားပါမည်။ ထိုသူတို့စည်းဝေးရာတွင်ကျွန်တော်မျိုးသည် ကိုယ်တော်အားထောမနာပြုပါမည်။
23 ၂၃ ထာဝရဘုရား ကို ကြောက်ရွံ့ သော အချင်းတို့၊ ချီးမွမ်း ခြင်းကို ပြုကြလော့။ ယာကုပ် အမျိုး အပေါင်း တို့၊ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုး အပေါင်း တို့၊ ကိုယ်တော် ကို ကြောက်ရွံ့ ကြလော့။
၂၃ထာဝရဘုရား၏အစေခံတို့၊ကိုယ်တော်ကို ထောမနာပြုကြလော့။ ယာကုပ်၏သားမြေးတို့၊ကိုယ်တော်အား ဂုဏ်ပြုချီးကူးကြလော့။ ဣသရေလအမျိုးသားတို့၊ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ကြလော့။
24 ၂၄ အကြောင်း မူကား၊ နှိမ့်ချ လျက်ရှိသောသူ၏ နှိမ့်ချ သောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်။ မျက်နှာ တော်ကိုမ လွှဲ ၊ အော်ဟစ် သောအခါ နားထောင် တော်မူပြီ။
၂၄ကိုယ်တော်သည်ဆင်းရဲသူတို့အားပစ်ထား တော်မမူပါ။ သူတို့၏ဆင်းရဲဒုက္ခများကိုလည်း လျစ်လူရှုတော်မမူပါ။ ကိုယ်တော်သည်သူတို့ကိုမျက်နှာတော်လွှဲ တော်မမူပါ။ ကူမတော်မူရန်သူတို့အော်ဟစ် တောင်းလျှောက်သည်ကိုနားညောင်းတော်မူပါ၏။
25 ၂၅ အကျွန်ုပ်သည် မဟာ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ၍ ၊ ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့ ရှေ့ မှာ၊ သစ္စာ ဂတိထားသည်အတိုင်း သစ္စာ ဝတ်ကို ဖြေပါမည်။
၂၅ကျွန်တော်မျိုးသည်ကိုယ်တော်ပြုတော်မူသော ကျေးဇူးတော်အတွက် ကိုယ်တော်အားကိုးကွယ်သူလူပရိသတ်ရှေ့တွင် ကိုယ်တော်အားထောမနာပြုပါမည်။ ကျွန်တော်မျိုးသည်မိမိကတိသစ္စာပြုခဲ့သည့် အတိုင်း ယဇ်ပူဇော်ပါမည်။
26 ၂၆ နှိမ့်ချ လျက်ရှိသောသူတို့ သည် ဝ စွာစား ရကြ လိမ့်မည်။ ထာဝရဘုရား ကိုရှာ သောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင် တို့စိတ် နှလုံးသည် အစဉ် အမြဲအား ဖြည့်ရလိမ့်မည်။
၂၆ဆင်းရဲသူတို့သည်ဝစွာစားရကြပါလိမ့်မည်။ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ တို့သည် ကိုယ်တော်အားထောမနာပြုကြပါလိမ့်မည်။ သူတို့သည်ထာဝစဉ်ကောင်းစားကြပါစေ သော။
27 ၂၇ မြေကြီး စွန်း ရှိသမျှ တို့သည် သတိရ ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်း လဲကြလိမ့်မည်။ လူ အမျိုး အနွယ် အပေါင်း တို့သည် ရှေ့ တော်၌ ကိုးကွယ် ကြလိမ့်မည်။
၂၇လူမျိုးတကာတို့သည်ထာဝရဘုရားကို သတိရကြလိမ့်မည်။ ကမ္ဘာအရပ်ရပ်မှလူမျိုးအပေါင်းတို့သည် စိတ်သဘောပြောင်းလဲ၍ကိုယ်တော်ကို ကိုးကွယ်ဆည်းကပ်ကြလိမ့်မည်။
28 ၂၈ အကြောင်း မူကား၊ ထာဝရဘုရား သည် စိုးစံ ပိုင်တော်မူ၏။ လူမျိုး တို့ကို မင်း ပြုတော်မူ၏။
၂၈ထာဝရဘုရားသည်ဘုရင်ဖြစ်တော်မူ၏။ လူမျိုးတကာတို့ကိုအုပ်စိုးတော်မူ၏။
29 ၂၉ မြေကြီး ပေါ်မှာ ကြွယ်ဝ သောသူအပေါင်း တို့ သည် စား ၍ ကိုးကွယ် ကြလိမ့်မည်။ ကိုယ် အသက် ကိုမ စောင့် နိုင်။ မြေမှုန့် သို့ဆင်း ရသောသူအပေါင်း တို့သည်လည်း၊ ရှေ့ တော်၌ ညွတ် ပြတ်ဝပ်တွားကြလိမ့်မည်။
၂၉မာနကြီးသူအပေါင်းတို့သည်ကိုယ်တော်အား ဦးညွှတ်ရှိခိုးကြလိမ့်မည်။ သေမျိုးဖြစ်သူလူအပေါင်းတို့သည်ရှေ့တော်၌ ဦးညွှတ်ရှိခိုးကြလိမ့်မည်။
30 ၃၀ သူ တို့အမျိုး အနွယ်သည်လည်း ဝတ် တော်ကို ပြုသဖြင့်၊ လူအစဉ် အဆက်တို့သည် ထာဝရ ဘုရား၏ သိတင်းတော်ကို ကြား ရကြလိမ့်မည်။
၃၀အနာဂတ်လူမျိုးဆက်တို့သည်ကိုယ်တော်၏ အမှုတော်ကိုထမ်းဆောင်ကြလိမ့်မည်။ ယခုလူမျိုးဆက်တို့သည်လာလတ္တံ့သော လူမျိုးဆက်အားဘုရားရှင်၏အကြောင်း တော်ကို ပြောကြားကြလိမ့်မည်။
31 ၃၁ ဤသို့ စီရင် တော်မူပြီးမှသူတို့သည်ပေါ် လာ၍ ၊ တရား သောအမှုတော်ကိုဘွား သောလူမျိုး အား ဘော်ပြ ရကြလိမ့်မည်။
၃၁``ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူခဲ့၏'' ဟုလာလတ္တံ့သော လူမျိုးဆက်အားပြောကြားကြလိမ့်မည်။