< ဆာလံ 22 >

1 အကျွန်ုပ် ဘုရား ၊ အကျွန်ုပ် ဘုရား ၊ အဘယ်ကြောင့် အကျွန်ုပ် ကို စွန့်ပစ် တော်မူသနည်း။ အကျွန်ုပ် ကို မကယ်တင် ဘဲ အကျွန်ုပ် အော်ဟစ် သော စကား ကို နား မထောင်ဘဲ အဘယ်ကြောင့်အဝေး မှာနေတော်မူသနည်း။
For the Chief Musician; set to Aijeleth hash-Shahar. A Psalm of David. My God, my God, why hast thou forsaken me? [Why art thou so] far from helping me, [and from] the words of my groaning?
2 အကျွန်ုပ် ဘုရား ၊ နေ့ အခါအကျွန်ုပ်အော်ဟစ် သော်လည်း ၊ ကိုယ်တော်သည် နား မ ထောင်ပါ။ ညဉ့် အခါ အော်ဟစ်သော်လည်း သက်သာ ခြင်းသို့ မ ရောက်ပါ။
O my God, I cry in the daytime, but thou answerest not; And in the night season, and am not silent.
3 ကိုယ်တော် မူကား ၊ ဣသရေလ အမျိုးသားတို့ ချီးမွမ်း ရာ၌ ကျိန်းဝပ် လျက် သန့်ရှင်း ခြင်းရှိတော်မူ၏။
But thou art holy, O thou that inhabitest the praises of Israel.
4 အကျွန်ုပ် တို့ဘိုးဘေး တို့သည် ကိုယ်တော် ကို ကိုးစား ကြပါ၏။ ကိုးစား ကြသည်တွင် ၊ ကိုယ်တော်သည် ကယ်တင် တော်မူ၏။
Our fathers trusted in thee: They trusted, and thou didst deliver them.
5 သူတို့သည် ကိုယ်တော် ကို အော်ဟစ် ၍ ကယ်တင် ခြင်းသို့ ရောက်ပါ၏။ ကိုယ်တော် ကို ကိုးစား ၍ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ကြပါ၏။
They cried unto thee, and were delivered: They trusted in thee, and were not put to shame.
6 အကျွန်ုပ် မူကား ၊ လူ မ ဟုတ်၊ ပိုး ကောင်မျှသာ ဖြစ်ပါ၏။ လူ များ ကဲ့ရဲ့ စရာ၊ လူစု အရှက် ခွဲစရာဘို့ ဖြစ်ပါ၏။
But I am a worm, and no man; A reproach of men, and despised of the people.
7 အကျွန်ုပ် ကိုမြင် သမျှ သောသူတို့သည် ပြက်ယယ် ပြုခြင်း၊ နှုတ်ခမ်း ဖြဲ ခြင်း၊ ခေါင်း ညိတ် ခြင်းကို ပြုကြပါ၏။
All they that see me laugh me to scorn: They shoot out the lip, they shake the head, [saying],
8 သူသည် ထာဝရဘုရား ကို ကိုးစား ပြီ၊ သူ့ ကို နှုတ် တော်မူပါလေစေ။ သူ ၌ အလို ရှိလျှင် ယခု ပင် ကယ်တင် တော်မူပါလေစေဟု ဆိုကြပါ၏။
Commit [thyself] unto Jehovah; let him deliver him: Let him rescue him, seeing he delighteth in him.
9 သို့သော်လည်း ကိုယ်တော် သည် အကျွန်ုပ် ကို အမိဝမ်း ထဲ က ဆွဲယူ ၍၊ နို့စို့သည်ကာလ၌ စိုးရိမ်ခြင်း အကြောင်းကို ပယ်ရှင်းတော်မူ၏။
But thou art he that took me out of the womb; Thou didst make me trust [when I was] upon my mother’s breasts.
10 ၁၀ အကျွန်ုပ်သည် ဘွား ကတည်း ကပင် လက် တော် သို့ ရောက် ပါ၏။ အမိ ဝမ်း ထဲ မှစ၍ကိုယ်တော် သည် အကျွန်ုပ် ဘုရား သခင်ဖြစ်တော်မူပါပြီ။
I was cast upon thee from the womb; Thou art my God since my mother bare me.
11 ၁၁ အကျွန်ုပ် နှင့် ဝေး ဝေးနေတော်မ မူပါနှင့်။ ဘေး အန္တရာယ် ရောက်လုနီး ပါပြီ။ မစ သောသူမ ရှိပါ။
Be not far from me; for trouble is near; For there is none to help.
12 ၁၂ နွားလား ဥသဘတို့သည် အကျွန်ုပ် ကိုဝိုင်း ၍၊ အားကြီး သော ဗာရှန် ဥသဘတို့သည် ဝန်းရံ လျက် နေကြ ပါ၏။
Many bulls have compassed me; Strong bulls of Bashan have beset me round.
13 ၁၃ ကိုက် ဖြတ်၍ ဟောက် တတ်သော ခြင်္သေ့ ကဲ့သို့အကျွန်ုပ် ကို ပစပ် ဟ ကြပါ၏။
They gape upon me with their mouth, [As] a ravening and a roaring lion.
14 ၁၄ အကျွန်ုပ်သည် ရေ ကဲ့သို့ သွန် ခြင်းကို ခံရ၍ ၊ အရိုး အဆစ်ရှိသမျှ တို့သည် ပြုတ် ကြပါ၏။ အကျွန်ုပ် နှလုံး သည် ဘယောင်း ကဲ့သို့ ဖြစ်၍ ၊ ရင် ထဲမှာ အရည် ကျိုလျက် ရှိပါ၏။
I am poured out like water, And all my bones are out of joint: My heart is like wax; It is melted within me.
15 ၁၅ အကျွန်ုပ် ခွန်အား သည် အိုး ခြမ်းကဲ့သို့ ခန်းခြောက် ၍ ၊ လျှာ လည်း ပါး ရိုး၌ ကပ် လျက်ရှိပါ၏။ အကျွန်ုပ် ကို သေ မြေ တိုင်အောင်ချ တော်မူပါပြီ။
My strength is dried up like a potsherd; And my tongue cleaveth to my jaws; And thou hast brought me into the dust of death.
16 ၁၆ ခွေး တို့သည် အကျွန်ုပ် ကိုဝိုင်း လျက်၊ စုဝေး သော လူဆိုး တို့သည် ဝန်းရံ လျက်နေ၍ ၊ အကျွန်ုပ် ၏ လက် ခြေ တို့ကို ထိုးဖောက် ကြပါပြီ။
For dogs have compassed me: A company of evil-doers have inclosed me; They pierced my hands and my feet.
17 ၁၇ ကိုယ် အရိုး ရှိသမျှ တို့ကို အကျွန်ုပ်ရေတွက် နိုင် ပါ၏။ သူ တို့သည် အကျွန်ုပ် ကိုကြည့် မြင်၍ အား ရလျက် နေကြပါ၏။
I may count all my bones. They look and stare upon me;
18 ၁၈ အကျွန်ုပ် အဝတ် ကို အချင်းချင်း ဝေဖန် ၍ ၊ အကျွန်ုပ် အင်္ကျီ ကို စာရေးတံ ချ ကြပါ၏။
They part my garments among them, And upon my vesture do they cast lots.
19 ၁၉ အိုထာဝရဘုရား ၊ အကျွန်ုပ်နှင့်ဝေး ဝေးနေတော် မ မူပါနှင့်။ အကျွန်ုပ် ခွန်အား ဗလ၊ အကျွန်ုပ် ကို မစ ခြင်းငှါအလျင်အမြန်ကြွလာ တော်မူပါ။
But be not thou far off, O Jehovah: O thou my succor, haste thee to help me.
20 ၂၀ အကျွန်ုပ် အသက် ကို ထား ဘေးမှ ၎င်း၊ အကျွန်ုပ် အချစ် ဆုံးကို ခွေး လက် မှ ၎င်း ကယ် လွတ်တော်မူပါ။
Deliver my soul from the sword, My darling from the power of the dog.
21 ၂၁ ခြင်္သေ့ ခံတွင်း မှ အကျွန်ုပ် ကိုကယ် တင်၍ ၊ ကြံ့ ဦးချို ထဲ မှာ အကျွန်ုပ် ခေါ်သောအသံကို နားထောင် တော်မူ ပါ။
Save me from the lion’s mouth; Yea, from the horns of the wild-oxen thou hast answered me.
22 ၂၂ အကျွန်ုပ် သည် သိတင်း တော်ကို ညီအစ် ကိုတို့ အား ကြား ပြောပါမည်။ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ပါမည်။
I will declare thy name unto my brethren: In the midst of the assembly will I praise thee.
23 ၂၃ ထာဝရဘုရား ကို ကြောက်ရွံ့ သော အချင်းတို့၊ ချီးမွမ်း ခြင်းကို ပြုကြလော့။ ယာကုပ် အမျိုး အပေါင်း တို့၊ ဂုဏ် ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုး အပေါင်း တို့၊ ကိုယ်တော် ကို ကြောက်ရွံ့ ကြလော့။
Ye that fear Jehovah, praise him; All ye the seed of Jacob, glorify him; And stand in awe of him, all ye the seed of Israel.
24 ၂၄ အကြောင်း မူကား၊ နှိမ့်ချ လျက်ရှိသောသူ၏ နှိမ့်ချ သောအဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်။ မျက်နှာ တော်ကိုမ လွှဲ ၊ အော်ဟစ် သောအခါ နားထောင် တော်မူပြီ။
For he hath not despised nor abhorred the affliction of the afflicted; Neither hath he hid his face from him; But when he cried unto him, he heard.
25 ၂၅ အကျွန်ုပ်သည် မဟာ ပရိသတ် အလယ် မှာ ကိုယ်တော် ကို ချီးမွမ်း ၍ ၊ ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့ ရှေ့ မှာ၊ သစ္စာ ဂတိထားသည်အတိုင်း သစ္စာ ဝတ်ကို ဖြေပါမည်။
Of thee cometh my praise in the great assembly: I will pay my vows before them that fear him.
26 ၂၆ နှိမ့်ချ လျက်ရှိသောသူတို့ သည် ဝ စွာစား ရကြ လိမ့်မည်။ ထာဝရဘုရား ကိုရှာ သောသူတို့သည် ချီးမွမ်း ကြလိမ့်မည်။ သင် တို့စိတ် နှလုံးသည် အစဉ် အမြဲအား ဖြည့်ရလိမ့်မည်။
The meek shall eat and be satisfied; They shall praise Jehovah that seek after him: Let your heart live for ever.
27 ၂၇ မြေကြီး စွန်း ရှိသမျှ တို့သည် သတိရ ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်း လဲကြလိမ့်မည်။ လူ အမျိုး အနွယ် အပေါင်း တို့သည် ရှေ့ တော်၌ ကိုးကွယ် ကြလိမ့်မည်။
All the ends of the earth shall remember and turn unto Jehovah; And all the kindreds of the nations shall worship before thee.
28 ၂၈ အကြောင်း မူကား၊ ထာဝရဘုရား သည် စိုးစံ ပိုင်တော်မူ၏။ လူမျိုး တို့ကို မင်း ပြုတော်မူ၏။
For the kingdom is Jehovah’s; And he is the ruler over the nations.
29 ၂၉ မြေကြီး ပေါ်မှာ ကြွယ်ဝ သောသူအပေါင်း တို့ သည် စား ၍ ကိုးကွယ် ကြလိမ့်မည်။ ကိုယ် အသက် ကိုမ စောင့် နိုင်။ မြေမှုန့် သို့ဆင်း ရသောသူအပေါင်း တို့သည်လည်း၊ ရှေ့ တော်၌ ညွတ် ပြတ်ဝပ်တွားကြလိမ့်မည်။
All the fat ones of the earth shall eat and worship: All they that go down to the dust shall bow before him, Even he that cannot keep his soul alive.
30 ၃၀ သူ တို့အမျိုး အနွယ်သည်လည်း ဝတ် တော်ကို ပြုသဖြင့်၊ လူအစဉ် အဆက်တို့သည် ထာဝရ ဘုရား၏ သိတင်းတော်ကို ကြား ရကြလိမ့်မည်။
A seed shall serve him; It shall be told of the Lord unto the [next] generation.
31 ၃၁ ဤသို့ စီရင် တော်မူပြီးမှသူတို့သည်ပေါ် လာ၍ ၊ တရား သောအမှုတော်ကိုဘွား သောလူမျိုး အား ဘော်ပြ ရကြလိမ့်မည်။
They shall come and shall declare his righteousness Unto a people that shall be born, that he hath done it.

< ဆာလံ 22 >