< ဆာလံ 21 >
1 ၁ အိုထာဝရဘုရား ၊ မင်းကြီး သည် ကိုယ်တော် ၏အစွမ်း သတ္တိကြောင့် ဝမ်းမြောက် ၍ ၊ ကယ်တင် တော်မူခြင်း အားဖြင့် အလွန် ရွှင်လန်း ပါ၏။
၁အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။
2 ၂ သူ ၏နှုတ် နှင့် ဆုတောင်း သည်ကို ငြင်းပယ် တော်မ မူ။ သူ ၏စိတ် အလို ရှိသည်အတိုင်း ပေး သနားတော်မူပြီ။
၂ကိုယ်တော်ရှင်သည်သူလိုလားတောင့်တသည့် အရာကိုပေးတော်မူပြီ။ သူ၏ဆုတောင်းပတ္ထနာကိုနားညောင်းတော် မူပြီ။
3 ၃ ကောင်းမြတ် သော မင်္ဂလာ တို့ကို အဦး ပြု၍ ပေး တော်မူပြီ။ ရွှေစင် သရဖူ ကို သူ ၏ခေါင်း ပေါ် မှာ တင် တော်မူပြီ။
၃ကိုယ်တော်ရှင်သည်သူ့အားမွန်မြတ်သော ကောင်းချီးမင်္ဂလာများကိုချပေးတော်မူပြီ။ သူ့အားရွှေသရဖူကိုဆောင်းစေတော်မူပြီ။
4 ၄ သူ သည် အသက် ကို ဆုတောင်း ၍၊ ကိုယ်တော်သည်အသက်မက၊ ထာဝရ အသက် ကို ပေး သနားတော်မူပြီ။
၄သူသည်အသက်ကိုတောင်းခံ၍ကိုယ်တော်ရှင်သည် သူ့အားအသက်ကိုပေးတော်မူသည်သာမက ရှည်၍မကုန်မဆုံးနိုင်သောအသက်ကို ပေးတော်မူပြီ။
5 ၅ ကယ်တင် တော်မူခြင်းအားဖြင့် သူ သည် ဘုန်း ကြီး ၍၊ လက်တော်မှ ဂုဏ် အသရေနှင့် တန်ခိုး အာနုဘော်ကိုခံရ ပါ၏။
၅ကိုယ်တော်ရှင်ကယ်မတော်မူသဖြင့်မင်းကြီးသည် ဘုန်းအသရေထွန်းတောက်ရပါ၏။ ကိုယ်တော်သည်သူ့အားကျော်စောကိတ္တိနှင့် ခန့်ညားတင့်တယ်ခြင်းကိုပေးတော်မူပြီ။
6 ၆ ကိုယ်တော် သည် သူ့ ကိုထာဝရ မင်္ဂလာ အရာ၌ ခန့်ထား ၍ ၊ မျက်နှာ တော်အားဖြင့် အလွန် ဝမ်းမြောက် စေ တော်မူ၏။
၆ကိုယ်တော်ရှင်၏ကောင်းချီးမင်္ဂလာများသည် သူ၏အပေါ်သို့အစဉ်သက်ရောက်လျက် ရှိပါ၏။ သူ၏အနီးတွင်ကိုယ်တော်ရှိတော်မူသည် ဖြစ်၍ သူသည်ရွှင်လန်းဝမ်းမြောက်ပါ၏။
7 ၇ အကြောင်း မူကား၊ မင်းကြီး သည် ထာဝရဘုရား ကို ကိုးစား ၍ ၊ အမြင့်ဆုံး သောဘုရား၏ကရုဏာ တော်ကြောင့် တည်ကြည် တတ်ပါ၏။
၇မင်းကြီးသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ကို ယုံကြည်ကိုးစားပါ၏။ ထာဝရဘုရား၏ခိုင်မြဲသောမေတ္တာကြောင့် သူသည် ဘေးမဲ့လုံခြုံတော်မူပါလိမ့်မည်။
8 ၈ ကိုယ်တော် ၏လက် သည် ရန်သူ အပေါင်း တို့ကိုတွေ့ ၍ ၊ ကိုယ်တော် ကိုမုန်း သောသူတို့ကို လက်ျာ လက်တော်သည် တွေ့ တော်မူမည်။
၈မင်းကြီးသည်မိမိ၏ရန်သူအပေါင်းကို ဖမ်းဆီးတော်မူလိမ့်မည်။ ကိုယ်တော်အားမုန်းသောသူအပေါင်းတို့ကို လက်ရဖမ်းဆီးတော်မူလိမ့်မည်။
9 ၉ အမျက် တော်ထွက်သောကာလ ၌ သူ တို့ကို မီးဖို ကဲ့သို့ ဖြစ် စေတော်မူမည်။ ထာဝရဘုရား သည် အမျက် တော် အားဖြင့် သူ တို့ကို မျို တော်မူ၍ ၊ မီး သည်လည်း လောင် စားပါလိမ့်မည်။
၉ကိုယ်တော်ကြွလာတော်မူသောအခါ အလျှံထလျက်နေသောမီးသဖွယ် သူတို့အားဖျက်ဆီးတော်မူလိမ့်မည်။ ထာဝရဘုရားသည်အမျက်တော်ထွက်၍ သူတို့အားဖျက်ဆီးပစ်တော်မူလိမ့်မည်။ သူတို့သည်မီးတွင်ကျွမ်းလောင်ကုန်လိမ့်မည်။
10 ၁၀ သူ တို့အမျိုး အနွယ်ကို မြေကြီး မှ ပယ်ရှင်း ၍ ၊ သား စဉ်မြေးဆက်တို့ကို လူမျိုး ထဲက ဖျက်ဆီးတော်မူမည်။
၁၀မင်းကြီးသည်သူတို့၏သားသမီးအပေါင်း ကို သေကြေပျက်စီးစေတော်မူလိမ့်မည်။ သူတို့၏အမျိုးအနွယ်အပေါင်းကို သုတ်သင်တော်မူလိမ့်မည်။
11 ၁၁ အကြောင်း မူကား၊ ကိုယ်တော် တဘက် ၌ မကောင်း သော အကြံကိုကြံစည် ၍၊ မကောင်းသောပရိယာယ် ကိုပြု ကြပါပြီ။ သို့ရာတွင်အကြံမ ထ မြောက်ကြပါ။
၁၁သူတို့သည်မင်းကြီးကိုလုပ်ကြံရန်မသမာ သော အကြံအစည်များကိုပြုကြ၏။ သို့ရာတွင်အောင်မြင်ကြလိမ့်မည်မဟုတ်။
12 ၁၂ ထိုကြောင့် သူ တို့မျက်နှာ တဘက် ၌ လေး မြှားတို့ ကိုရွယ် ၍၊ သူ တို့ကျော ကို လှည့် စေတော်မူမည်။
၁၂မင်းကြီးသည်လေးနှင့်ခွင်းတော်မူလျက် သူတို့အား တပ်ခေါက်၍ထွက်ပြေးစေတော်မူလိမ့်မည်။
13 ၁၃ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အစွမ်း တန်ခိုးတော်အားဖြင့် ချီးမြှောက် ခြင်းရှိတော်မူစေသတည်း။ အကျွန်ုပ်တို့သည် တန်ခိုး တော်ကို ထောမနာ သီချင်းဆို ကြပါမည်။
၁၃အို ထာဝရဘုရား၊ ကိုယ်တော်၌မဟာတန်ခိုးတော်ရှိတော်မူ သောကြောင့် ကိုယ်တော်အားကျွန်တော်မျိုးတို့ထောမနာ ပြုကြပါ၏။ ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကို ထောမနာသီချင်းဆိုပါမည်။