< ဆာလံ 19 >

1 မိုဃ်းကောင်းကင် သည် ဘုရား သခင်၏ ဘုန်း အသရေတော်ကို ကြား ပြော၍ ၊ မိုဃ်း မျက်နှာကြက်သည် လက် တော်နှင့်လုပ်သောအရာများကိုပြ သ၏။
For the Leader. A Psalm of David. The heavens declare the glory of God, and the firmament showeth His handiwork;
2 တနေ့ ကို တနေ့ မြွက်ဆို ၍ ၊ တညဉ့် ကို တညဉ့် သွန်သင် ၏။
Day unto day uttereth speech, and night unto night revealeth knowledge;
3 နှုတ် မြွက်ခြင်း၊ စကား ပြောခြင်းမ ရှိ၊ သူ တို့ နှုတ်ထွက် သံကို မ ကြား ရသော်လည်း၊
There is no speech, there are no words, neither is their voice heard.
4 သူ တို့၏အသံ သည် မြေ တပြင်လုံး ၌ နှံ့ပြား ၍ ၊ သူ တို့၏စကား သည် မြေကြီး စွန်း တိုင်အောင် ရောက် လေ၏။
Their line is gone out through all the earth, and their words to the end of the world. In them hath He set a tent for the sun,
5 မိုဃ်းကောင်းကင်တွင် နေ ဗိမာန် ကို ထား တော်မူသဖြင့် ၊ နေ သည် အိပ်ခန်း ထဲ ကထွက် လာသောမင်္ဂလာဆောင် လုလင်ကဲ့သို့ ဖြစ်၍ ၊ ခွန်အား ကြီးသောသူကဲ့သို့ မိမိသွား ရာလမ်းသို့ လိုက်ပြေး မည်ဟု ဝမ်းမြောက် လျက်၊
Which is as a bridegroom coming out of his chamber, and rejoiceth as a strong man to run his course.
6 မိုဃ်းကောင်းကင် တစွန်း မှ ထွက် လာ၍ ၊ တစွန်း တိုင်အောင် လှည့် ပတ်သောအားဖြင့်၊ သူ ၏အပူ အရှိန်မှ ကွယ် လွတ်သောအရာ တစုံတခုမျှမ ရှိ။
His going forth is from the end of the heaven, and his circuit unto the ends of it; and there is nothing hid from the heat thereof.
7 ထာဝရဘုရား ၏ တရား တော်သည် စုံလင် သည် ဖြစ်၍စိတ် ဝိညာဉ်ကို ပြုပြင် တတ်၏။ ထာဝရဘုရား ၏ သက်သေခံ တော်မူချက်သည် ဟုတ်မှန် သည်ဖြစ်၍မ လိမ္မာသောသူတို့ ကို လိမ္မာ စေတတ်၏။
The law of the LORD is perfect, restoring the soul; the testimony of the LORD is sure, making wise the simple.
8 ထာဝရဘုရား ၏ နည်း ဥပဒေသတို့သည် ဖြောင့်မတ် သည် ဖြစ်၍စိတ် နှလုံးကို ရွှင်လန်း စေတတ်၏။ ထာဝရဘုရား ၏ ပညတ် တော်သည် စင်ကြယ် သည်ဖြစ်၍၊ မျက်စိ ကို ရှင်းလင်း စေတတ်၏။
The precepts of the LORD are right, rejoicing the heart; the commandment of the LORD is pure, enlightening the eyes.
9 ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းသဘောသည် သန့်ရှင်း သည် ဖြစ်၍၊ ကာလ အစဉ်အမြဲတည် ၏။ ထာဝရဘုရား ၏စီရင် တော်မူချက်တို့သည် သစ္စာ တရားနှင့်ညီ၍၊ တညီ တညွတ်တည်းဖြောင့်မတ် ကြ၏။
The fear of the LORD is clean, enduring for ever; the ordinances of the LORD are true, they are righteous altogether;
10 ၁၀ ရွှေ ထက် မက၊ များစွာ သောရွှေစင် ထက် နှစ်သက် ဘွယ်ဖြစ်၍ ၊ ပျားရည် ထက် မက၊ ပျား လပို့ ထက် ချို ကြ၏။
More to be desired are they than gold, yea, than much fine gold; sweeter also than honey and the honeycomb.
11 ၁၁ တရား တော်အားဖြင့် ကိုယ်တော် ၏ ကျွန် သည် သတိရ၍၊ တရား စောင့် ခြင်းအကျိုး သည် ကြီး လှပါ၏။
Moreover by them is Thy servant warned; in keeping of them there is great reward.
12 ၁၂ မိမိမှားယွင်း ခြင်းကို အဘယ်သူ သည် နားလည် နိုင်သနည်း။ မ ထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင် စေ၍၊
Who can discern his errors? Clear Thou me from hidden faults.
13 ၁၃ ရဲရင့် သော ဒုစရိုက်ကို လည်း ကိုယ်တော် ၏ ကျွန် သည် မ ပြုရမည်အကြောင်းဆီးတား တော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ် ကို အစိုး မ ရပါစေနှင့်။ ထိုသို့ သော အားဖြင့်အကျွန်ုပ်သည်ဖြောင့်မတ် ခြင်းရှိ၍ ၊ ကြီးစွာ သောပြစ် မှားခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။
Keep back Thy servant also from presumptuous sins, that they may not have dominion over me; then shall I be faultless, and I shall be clear from great transgression.
14 ၁၄ အကျွန်ုပ် ပြော သောစကား နှင့် စိတ် နှလုံး၏ အကြံ အစည်သည် ရှေ့ တော်၌ နှစ်သက် ဖွယ် ဖြစ် ပါစေသော။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ကို ရွေးနှုတ် တော်မူသောဘုရား။
Let the words of my mouth and the meditation of my heart be acceptable before Thee, O LORD, my Rock, and my Redeemer.

< ဆာလံ 19 >