< ဆာလံ 19 >
1 ၁ မိုဃ်းကောင်းကင် သည် ဘုရား သခင်၏ ဘုန်း အသရေတော်ကို ကြား ပြော၍ ၊ မိုဃ်း မျက်နှာကြက်သည် လက် တော်နှင့်လုပ်သောအရာများကိုပြ သ၏။
For the choirmaster. A Psalm of David. The heavens declare the glory of God; the skies proclaim the work of His hands.
2 ၂ တနေ့ ကို တနေ့ မြွက်ဆို ၍ ၊ တညဉ့် ကို တညဉ့် သွန်သင် ၏။
Day after day they pour forth speech; night after night they reveal knowledge.
3 ၃ နှုတ် မြွက်ခြင်း၊ စကား ပြောခြင်းမ ရှိ၊ သူ တို့ နှုတ်ထွက် သံကို မ ကြား ရသော်လည်း၊
Without speech or language, without a sound to be heard,
4 ၄ သူ တို့၏အသံ သည် မြေ တပြင်လုံး ၌ နှံ့ပြား ၍ ၊ သူ တို့၏စကား သည် မြေကြီး စွန်း တိုင်အောင် ရောက် လေ၏။
their voice has gone out into all the earth, their words to the ends of the world. In the heavens He has pitched a tent for the sun.
5 ၅ မိုဃ်းကောင်းကင်တွင် နေ ဗိမာန် ကို ထား တော်မူသဖြင့် ၊ နေ သည် အိပ်ခန်း ထဲ ကထွက် လာသောမင်္ဂလာဆောင် လုလင်ကဲ့သို့ ဖြစ်၍ ၊ ခွန်အား ကြီးသောသူကဲ့သို့ မိမိသွား ရာလမ်းသို့ လိုက်ပြေး မည်ဟု ဝမ်းမြောက် လျက်၊
Like a bridegroom emerging from his chamber, like a champion rejoicing to run his course,
6 ၆ မိုဃ်းကောင်းကင် တစွန်း မှ ထွက် လာ၍ ၊ တစွန်း တိုင်အောင် လှည့် ပတ်သောအားဖြင့်၊ သူ ၏အပူ အရှိန်မှ ကွယ် လွတ်သောအရာ တစုံတခုမျှမ ရှိ။
it rises at one end of the heavens and runs its circuit to the other; nothing is deprived of its warmth.
7 ၇ ထာဝရဘုရား ၏ တရား တော်သည် စုံလင် သည် ဖြစ်၍စိတ် ဝိညာဉ်ကို ပြုပြင် တတ်၏။ ထာဝရဘုရား ၏ သက်သေခံ တော်မူချက်သည် ဟုတ်မှန် သည်ဖြစ်၍မ လိမ္မာသောသူတို့ ကို လိမ္မာ စေတတ်၏။
The Law of the LORD is perfect, reviving the soul; the testimony of the LORD is trustworthy, making wise the simple.
8 ၈ ထာဝရဘုရား ၏ နည်း ဥပဒေသတို့သည် ဖြောင့်မတ် သည် ဖြစ်၍စိတ် နှလုံးကို ရွှင်လန်း စေတတ်၏။ ထာဝရဘုရား ၏ ပညတ် တော်သည် စင်ကြယ် သည်ဖြစ်၍၊ မျက်စိ ကို ရှင်းလင်း စေတတ်၏။
The precepts of the LORD are right, bringing joy to the heart; the commandments of the LORD are radiant, giving light to the eyes.
9 ၉ ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းသဘောသည် သန့်ရှင်း သည် ဖြစ်၍၊ ကာလ အစဉ်အမြဲတည် ၏။ ထာဝရဘုရား ၏စီရင် တော်မူချက်တို့သည် သစ္စာ တရားနှင့်ညီ၍၊ တညီ တညွတ်တည်းဖြောင့်မတ် ကြ၏။
The fear of the LORD is pure, enduring forever; the judgments of the LORD are true, being altogether righteous.
10 ၁၀ ရွှေ ထက် မက၊ များစွာ သောရွှေစင် ထက် နှစ်သက် ဘွယ်ဖြစ်၍ ၊ ပျားရည် ထက် မက၊ ပျား လပို့ ထက် ချို ကြ၏။
They are more precious than gold, than much pure gold; they are sweeter than honey, than honey from the comb.
11 ၁၁ တရား တော်အားဖြင့် ကိုယ်တော် ၏ ကျွန် သည် သတိရ၍၊ တရား စောင့် ခြင်းအကျိုး သည် ကြီး လှပါ၏။
By them indeed Your servant is warned; in keeping them is great reward.
12 ၁၂ မိမိမှားယွင်း ခြင်းကို အဘယ်သူ သည် နားလည် နိုင်သနည်း။ မ ထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင် စေ၍၊
Who can discern his own errors? Cleanse me from my hidden faults.
13 ၁၃ ရဲရင့် သော ဒုစရိုက်ကို လည်း ကိုယ်တော် ၏ ကျွန် သည် မ ပြုရမည်အကြောင်းဆီးတား တော်မူပါ။ ဒုစရိုက် အပြစ်သည် အကျွန်ုပ် ကို အစိုး မ ရပါစေနှင့်။ ထိုသို့ သော အားဖြင့်အကျွန်ုပ်သည်ဖြောင့်မတ် ခြင်းရှိ၍ ၊ ကြီးစွာ သောပြစ် မှားခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။
Keep Your servant also from willful sins; may they not rule over me. Then I will be blameless and cleansed of great transgression.
14 ၁၄ အကျွန်ုပ် ပြော သောစကား နှင့် စိတ် နှလုံး၏ အကြံ အစည်သည် ရှေ့ တော်၌ နှစ်သက် ဖွယ် ဖြစ် ပါစေသော။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ကျောက် ၊ အကျွန်ုပ် ကို ရွေးနှုတ် တော်မူသောဘုရား။
May the words of my mouth and the meditation of my heart be pleasing in Your sight, O LORD, my Rock and my Redeemer.