< ဆာလံ 18 >
1 ၁ ထာဝရဘုရား ၏ကျွန်ဒါဝိဒ် သည် ရှောလု မင်းမှစ၍ရန်သူ အပေါင်း တို့လက် မှ ကယ်လွှတ် တော်မူခြင်းကျေးဇူးကိုခံရသောအခါ ၊ ထာဝရဘုရား ရှေ့ တော်၌မြွက်ဆို သော သီချင်း စကား ဟူမူကား။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ခွန်အား ဗလ တည်းဟူသောကိုယ်တော် ကို အကျွန်ုပ်ချစ် ပါ၏။
I love thee, O LORD, my strength!
2 ၂ ထာဝရဘုရား သည် ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကိုကယ် လွှတ်သောသခင်၊ ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏ အကွယ် အကာ၊ ငါ့ ကိုကယ်တင် သော ဦးချို ၊ ငါ ၏ရဲတိုက် ဖြစ်တော်မူ၏။
Jehovah is my rock, my fortress, and my deliverer; My God, my strength, in whom I trust; My shield, my strong defence, and my high tower.
3 ၃ ချီးမွမ်း အပ်သော ထာဝရဘုရား ကို ငါတောင်း လျှောက်၍ ရန်သူ တို့ လက်မှ ကယ်တင် ခြင်းသို့ ရောက်၏။
I called upon the LORD, who is worthy to be praised, And was delivered from my enemies.
4 ၄ သေ ခြင်းကြိုး တို့သည် ငါ့ ကိုဝိုင်း မိ၍ ၊ ဖျက်ဆီး တတ်သော ရေစီး ခြင်းကြောင့် ငါ ကြောက်လန့် ရ၏။
The snares of death encompassed me; The floods of destruction filled me with dismay;
5 ၅ မရဏာ နိုင်ငံ၏ ကြိုး တို့သည်ဝိုင်း ၍၊ သေမင်း ၏ ကျော့ကွင်း သည် ငါ့ ကိုကျော့မိ လျက် ရှိ၏။ (Sheol )
The snares of the underworld surrounded me, And the nets of death seized upon me. (Sheol )
6 ၆ ထိုသို့ငါ သည် ဆင်းရဲ ငြိုငြင်သောအခါ ထာဝရဘုရား ကို ခေါ် ၍ ၊ ငါ ၏ဘုရား သခင်ကို အော်ဟစ် လေ၏။ ခေါ် သောအသံ ကို ဗိမာန် တော်ထဲ မှာကြား တော်မူ၍ ၊ အော်ဟစ်သောအသံသည် နား တော်ထဲ သို့ ဝင် လေ၏။
In my distress I called upon the LORD, And cried unto my God; He heard my voice from his palace, And my cry came before him into his ears.
7 ၇ ထိုအခါ အမျက် တော်ထွက်သောအားဖြင့် မြေကြီး တုန်လှုပ် ၍ ၊ တောင် အမြစ် တို့သည် တရွေ့ရွေ့လှုပ်ရှား ကြ၏။
Then the earth quaked and trembled; The foundations of the mountains rocked and were shaken, Because his wrath was kindled.
8 ၈ နှာခေါင်း တော်ထဲ က မီးခိုး ထွက် ၍ ၊ နှုတ် တော် ထဲ က မီး လောင်သောအားဖြင့်၊ မီးခဲ တောက် လေ၏။
A smoke went up from his nostrils, And fire from his mouth devoured; Burning coals shot forth from him.
9 ၉ မိုဃ်းကောင်းကင် ကိုညွှတ် သဖြင့် ဆင်းသက် တော်မူ၍ ၊ ခြေဘဝါး တော်အောက် ၌ မှောင်မိုက် ဖြစ်လေ ၏။
He bowed the heavens, and came down; And darkness was under his feet;
10 ၁၀ ခေရုဗိမ် ကိုစီး လျက် ပျံ တော်မူ၏။ လေ ၏ အတောင် တို့အပေါ် မှာလျင် စွာ ပျံတော်မူ၏။
And he rode upon a cherub, and did fly; Yea, he did fly upon the wings of the wind.
11 ၁၁ မှောင်မိုက် ထဲမှာ ပုန်း ကွယ်တော်မူ၍၊ တခဲနက် သောရေ နှင့်ထူထပ်သော မိုဃ်း တိမ် တို့သည် ကိုယ်တော် ကို ကာရံ လျက်ရှိကြ၏။
And he made darkness his covering; His pavilion round about him was dark waters and thick clouds of the skies.
12 ၁၂ ရှေ့ တော်၌ ရောင်ခြည် ကြောင့် တိမ် ထပ်တို့သည် မိုဃ်းသီး နှင့် မီးခဲ ပါလျက် လွင့် ကြ၏။
At the brightness before him, his thick clouds passed away; Then came hailstones and coals of fire.
13 ၁၃ ထာဝရဘုရား သည်လည်း၊ ကောင်းကင် ပေါ် မှာ မိုဃ်းချုန်း ၍ ၊ အမြင့်ဆုံး သော ဘုရား သည် အသံ တော်ကို လွှင့် တော်မူ၏။
The LORD also thundered from heaven, And the Most High uttered his voice, Amid hailstones and coals of fire.
14 ၁၄ လေးမြှား တော်တို့ကိုပစ် ၍ လျှပ်စစ် ပြက်စေ သဖြင့် ၊ ရန်သူ တို့ကို အရပ်ရပ်သို့ခွဲ ၍ ရှုံး စေတော်မူ၏။
He sent forth his arrows, and scattered them; Continual lightnings, and discomfited them.
15 ၁၅ ထိုအခါ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အပြစ်တင် ၍ နှာခေါင်း တော်ထဲက အသက် ရှု တော်မူသောအားဖြင့် ၊ သမုဒ္ဒရာ အောက် ပြင်နှင့် လောက တိုက် မြစ် တို့သည်ပွင့် လစ် ထင် ပေါ်လျက်ရှိကြ၏။
Then the channels of the deep were seen, And the foundations of the earth were laid bare At thy rebuke, O LORD! At the blast of the breath of thy nostrils.
16 ၁၆ ထာဝရဘုရားသည် အထက် အရပ်က လက် တော်ကို ဆန့် ၍၊ တခဲ နက်သောရေ ထဲ က ငါ့ ကို ဆယ် ယူ တော်မူ၏။
He stretched forth his hand from above; he took me, And drew me out of deep waters.
17 ၁၇ ငါ့ ကိုမုန်း သောသူတည်းဟူသောငါပြိုင်၍မနိုင် နိုင်အောင် ခွန်အား ကြီးသော ရန်သူ တို့လက်မှ ငါ့ ကို ကယ် လွှတ်တော်မူ၏။
He delivered me from my strong enemy; From my adversaries, who were too powerful for me.
18 ၁၈ ဘေးဥပဒ် ရောက်သောကာလ ၌ သူတို့သည် ဆီးတား သော်လည်း ၊ ထာဝရဘုရား သည်ငါ မှီခို ရာ ဖြစ်၍၊
They fell upon me in the day of my calamity; But the LORD was my stay.
19 ၁၉ ငါ့ ကိုကျယ်ဝန်း ရာအရပ်သို့ ပို့ဆောင် တော်မူ၏။ ငါ့ ကို နှစ်သက် သောကြောင့် ကယ် လွှတ်တော်မူ၏။
He brought me forth into a large place; He delivered me, because he delighted in me.
20 ၂၀ ငါ ဖြောင့်မတ် ခြင်းရှိသည်အလျောက် ၊ ထာဝရဘုရား သည် အကျိုး ကိုပေး ၍၊ ငါ့ လက် စင်ကြယ် ခြင်း၏ အကျိုး ကို စီရင်တော်မူ၏။
The LORD hath rewarded me according to my righteous; According to the cleanness of my hands hath he recompensed me.
21 ၂၁ အကြောင်း မူကား၊ ငါသည်ထာဝရဘုရား ၏ လမ်း တော်သို့ အစဉ်လိုက်၏။ ငါ ၏ဘုရား သခင့်ထံ မှ ပြစ်မှား ၍ မ သွား။
For I have kept the ways of the LORD, And have not wickedly departed from my God.
22 ၂၂ စီရင် တော်မူချက်ရှိသမျှ ကို ငါ သည် မျက်မှောက် ပြု၏။ အထုံး အဖွဲ့တော်တို့ကို မ ပယ်၊
For all his laws were in my sight; I did not put away his statutes from me.
23 ၂၃ ရှေ့ တော်မှာဖြောင့်မတ် ၍ ၊ ကိုယ် ဒုစရိုက် ကို ကြဉ်ရှောင် ၏။
I was upright before him, And kept myself from iniquity.
24 ၂၄ ထိုကြောင့် ရှေ့ တော်မှာ ထင်ရှား သော ငါ ၏ ဖြောင့်မတ် ခြင်း၊ လက် စင်ကြယ် ခြင်းရှိသည်နှင့် အလျောက် ထာဝရဘုရား သည် ငါ ၌ အကျိုး ကိုပေး တော်မူပြီ။
Therefore hath the LORD rewarded me according to my righteousness, According to the cleanness of my hands before his eyes.
25 ၂၅ သနား တတ်သောသူအား ကိုယ်တော်သည် သနား ခြင်းသဘောကို၎င်း၊ ဖြောင့်မတ် သောသူ အား ဖြောင့်မတ် ခြင်း သဘောကို၎င်း၊
To the merciful thou showest thyself merciful; To the upright thou showest thyself upright;
26 ၂၆ သန့်ရှင်း သောသူအား သန့်ရှင်း ခြင်းသဘောကို၎င်း ၊ ဆန့်ကျင် သောသူအား ဆန့်ကျင် သောသဘော ကို၎င်းပြတော်မူ၏။
To the pure thou showest thyself pure, And to the perverse thou showest thyself perverse.
27 ၂၇ နှိမ့်ချ လျက်ရှိသောသူ တို့ကို ကိုယ်တော် သည် ကယ်တင် ၍ ၊ ထောင်လွှား သော မျက်နှာ ကိုမူကား ရှုတ်ချ တော်မူ၏။
For thou savest the afflicted people, But the haughty countenance thou bringest down.
28 ၂၈ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ၏ မီးခွက် ကို ထွန်း ၍၊ အကျွန်ုပ် ၏ဘုရား သခင်သည် အကျွန်ုပ် ၏မှောင်မိုက် ကို လင်း စေတော်မူ၏။
Thou causest my lamp to shine; Jehovah, my God, enlighteneth my darkness.
29 ၂၉ အကျွန်ုပ်သည် ကိုယ်တော် ကို အမှီပြု ၍ ၊ တပ်ကို ဖျက် ပါပြီ။ အကျွန်ုပ် ၏ဘုရား သခင်ကို အမှီပြု လျက် မြို့ရိုး ကို ကျော် ၍ ဝင်ပါပြီ။
For through thee I have broken through troops; Through my God I have leaped over walls.
30 ၃၀ ဘုရား သခင်စီရင်တော်မူသောအမှု သည် စုံလင် ၏။ ထာဝရဘုရား ၏သစ္စာ တော်သည် အစစ် ခံ၍ တည်၏။ ခိုလှုံ သော သူအပေါင်း တို့၏ အကွယ် အကာဖြစ်တော်မူ၏။
The ways of God are just and true; His word is pure, tried in the fire; He is a shield to all who put their trust in him.
31 ၃၁ ထာဝရဘုရား မှ တပါး အဘယ် ဘုရား သခင်ရှိသနည်း။ ငါ တို့ ဘုရား သခင်မှတပါး အဘယ် မည်သော ကျောက် ရှိသနည်း။
Who, then, is God, save Jehovah? And who is a rock, save our God?
32 ၃၂ ထိုဘုရား သခင်သည် ငါ့ ကိုခွန်အား ခါးပန်းနှင့် စည်း ၍ ငါ သွားရာ လမ်း ကို ဖြောင့် စေ တော်မူ၏။
It is God that girded me with strength, And made my way plain.
33 ၃၃ ငါ့ ခြေ ကို သမင်ခြေ ကဲ့သို့ လျင်မြန် စေ၍ ၊ ငါ ၏ မြင့် ရာအရပ်ပေါ် မှာ ငါ့ ကိုတင် ထားတော်မူ၏။
He made my feet like the hind's, And set me in my high places;
34 ၃၄ ငါ့ လက် ကို စစ်မှု ၌ လေ့ကျက်စေခြင်းငှါ သွန်သင် တော်မူ၍ ၊ ကြေးဝါ လေး ကို ငါ့ လက်ရုံး နှင့် ငါတင် နိုင်၏။
He taught my hands to war, So that my arm bent the bow of brass.
35 ၃၅ ကိုယ်တော် သည် ကယ်တင် တော်မူခြင်း ဒိုင်း လွှားကို အပ် ၍ ၊ လက်ျာ လက်တော်အားဖြင့် မစ တော်မူ ၏။ သည်းခံ တော်မူခြင်းအားဖြင့် အကျွန်ုပ် သည် ချီးမြှောက် ခြင်းသို့ ရောက်ပါ။
Thou gavest me the shield of thy protection; Thy right hand held me up, And thy goodness made me great.
36 ၃၆ အကျွန်ုပ် သွားသောလမ်း ကို ရှင်းလင်း ၍ ခြေ မ ချော် စေခြင်းငှါ ပြုတော်မူသောအားဖြင့်၊
Thou didst make a wide path for my steps, So that my feet did not stumble.
37 ၃၇ အကျွန်ုပ် သည် ရန်သူ တို့ကို လိုက် ၍ မှီ သဖြင့် ၊ သူ တို့ကို မ ပယ်ရှင်း မှီတိုင်အောင်မ ပြန် ပါ။
I pursued my enemies and overtook them, And turned not back till I had destroyed them.
38 ၃၈ သူ တို့သည် အကျွန်ုပ် ခြေ အောက် မှာ လဲ လျက် ရှိ၍ မ ထ နိုင်အောင် အကျွန်ုပ်သည် နှိပ် နင်းပါ၏။
I smote them, so that they could not rise; They fell under my feet.
39 ၃၉ အကြောင်းမူကား၊ စစ်တိုက် စေခြင်းငှါ ကိုယ်တော် သည် အကျွန်ုပ် ကို ခွန်အား ခါးပန်းနှင့်စည်း ၍၊ အကျွန်ုပ် တဘက်၌ ထ သောသူတို့ကို အကျွန်ုပ် အောက် မှာ လှဲ တော်မူ၏။
Thou didst gird me with strength for the battle; Thou didst cast down my adversaries under me.
40 ၄၀ အကျွန်ုပ် ကို မုန်း သောရန်သူတို့၏ လည်ပင်း ကို အကျွန်ုပ် ၌ အပ်၍၊ ဖျက်ဆီး ရသောအခွင့်ကိုပေး တော်မူ ၏။
Thou didst cause my enemies to turn their backs, So that I destroyed them that hated me.
41 ၄၁ သူတို့သည် အော်ဟစ် ကြသောအခါ ၊ ကယ်တင် သောသူ မရှိ။ ထာဝရဘုရား ကို အော်ဟစ်သော်လည်း ထူး တော်မ မူ။
They cried, but there was none to help; To Jehovah, but he answered them not.
42 ၄၂ ထိုအခါအကျွန်ုပ်သည် သူ တို့ကို လေတိုက် သော မြေမှုန့် ကိုကဲ့သို့ ၊ ညက်ညက် ချေပြီးမှ ၊ လမ်း ၌အမှိုက် ကို ကဲ့သို့ သွန်ပစ် လေ၏။
I beat them small, like dust before the wind; I cast them out as the dirt of the streets.
43 ၄၃ လူစု တို့သည် ဆိုင်ပြိုင် တိုက်လှန်ခြင်းမှ အကျွန်ုပ် ကို ကယ်လွှတ် ၍၊ တပါးအမျိုးသား တို့၏ အကဲအမှူး အရာ ၌ ခန့်ထား တော်မူသောအားဖြင့်၊ အကျွန်ုပ်မ သိ ဘူးသော လူစု သည်အကျွန်ုပ်ထံ၌ ကျွန်ခံ ပါ၏။
Thou hast delivered me from the assaults of the nations; Thou hast made me the head of the kingdoms. Nations whom I knew not serve me;
44 ၄၄ အကျွန်ုပ် စကား သံကို ကြား သည်ခဏခြင်းတွင် နားထောင် ပါ၏။ တပါး အမျိုးသား တို့သည် အကျွန်ုပ် ကို တောင်းပန် ကြပါ၏။
They who have only heard of me obey me; Yea, men of a strange land submit themselves to me;
45 ၄၅ ညှိုးနွမ်း သည်ဖြစ်၍ ခိုလှုံ ရာအရပ်ထဲ က တုန်လှုပ် လျက် ထွက်ကြပါ၏။
Men of a strange land fade away, like a leaf, And come trembling from their strongholds.
46 ၄၆ ထာဝရဘုရား သည် အသက် ရှင်တော်မူသည် ဖြစ်၍ ၊ ငါ ၏ကျောက် ၌ မင်္ဂလာ ရှိပါစေသတည်း။ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်၌ ချီးမြှောက် ခြင်း ရှိပါစေသတည်း။
Jehovah is the living God; blessed be my rock; Exalted be the God of my salvation!
47 ၄၇ ငါ့ ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့ အောက် မှာ နှိမ့်ချ သောသူ ကား ဘုရား သခင်ပေတည်း။
It is God who hath given me vengeance, And subdued the nations under me;
48 ၄၈ ရန်သူ တို့လက်မှ ငါ့ ကို ကယ် လွှတ်တော်မူ၏။ အကျွန်ုပ် တဘက်၌ ထ သောသူတို့အပေါ် သို့ ကိုယ်တော်သည် အကျွန်ုပ် ကိုမြှောက် တင်၍၊ လုယူ ဖျက်ဆီးတတ် သောသူ ၏လက်မှ ကယ် လွှတ်တော်မူ၏။
He delivered me from my enemies; Yea, thou hast lifted me up above my adversaries; Thou hast saved me from the violent man!
49 ၄၉ ထိုကြောင့် အိုထာဝရဘုရား ၊ အကျွန်ုပ်သည် တပါးအမျိုးသား တို့တွင် ကျေးဇူး တော်ကို ချီးမွမ်း၍ ၊ နာမတော် ကို ထောမနာသီချင်း ဆိုပါမည်။
Therefore I will give thanks to thee, O LORD! among the nations, And sing praises to thy name.
50 ၅၀ ဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီး ကို အထူး သဖြင့်ကယ် လွှတ်တော်မူ၏။ ဘိသိက် တော်ကို ခံရသောဒါဝိဒ် မှစ၍ အမျိုး အနွယ်အား ကာလအစဉ် အဆက် ကရုဏာ ကျေးဇူးကို ပြု တော်မူ၏။
Great deliverance giveth he to his king, And showeth mercy to his anointed, —To David and to his posterity for ever.