< ဆာလံ 16 >

1 အကျွန်ုပ် ကို စောင့် မတော်မူပါဘုရား။ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ ပါ၏။
အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား။ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။
2 ကိုယ်တော် သည် အကျွန်ုပ်၏သခင် ဖြစ်တော်မူသည် ဟု ထာဝရဘုရား ကို အကျွန်ုပ်လျှောက်ဆို ပါပြီ။ ကျေးဇူး တော်မှတပါး အခြား သောမင်္ဂလာသည်အကျွန်ုပ် ၌ မ ရှိပါ။
ကိုယ်တော်သည် အကျွန်ုပ်၏သခင်ဖြစ်တော်မူ သည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ။ ကျေးဇူးတော်မှတပါး အခြားသောမင်္ဂလာသည်အကျွန်ုပ် ၌ မရှိပါ။
3 ပြည် တော်၌ နေသောသန့်ရှင်း သူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက် ပါ၏။
ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်း သောသူတို့ကိုသာ နှစ်သက်ပါ၏။
4 အခြား သောလမ်းသို့ လိုက်ပြေးသောသူ တို့ သည် များစွာ သော ဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူ တို့သွန်းလောင်း ရာ ပူဇော် သက္ကာအသွေး ကို မလှူ မ ဆက်လို။ သူ တို့ဘုရား၏နာမ ကို မ မြွက် လို။
အခြားသောလမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ ငါသည် သူတို့သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူ မဆက်လို။ သူတို့ဘုရား၏နာမကို မမြွက်လို။
5 ထာဝရဘုရား သည် ငါ အမွေ ခံရာအဘို့ ၊ ငါ စားသောက် ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော် သည် အကျွန်ုပ် အမွေ အနှစ်ကို စောင့်ရှောက် တော်မူ၏။
ထာဝရဘုရားသည် ငါအမွေခံရာအဘို့၊ ငါ စားသောက်ရာအဘို့ ဖြစ်တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏။
6 ငါ ပိုင်ထိုက်သောနယ် နိမိတ်သည် သာယာ သော အရပ်တွင် ကျ ၍ ၊ ကောင်းမွန် သော အမွေ ကို ငါ ခံရပြီ။
ငါပိုင်ထိုက်သောနယ်နိမိတ်သည် သာယာသော အရပ်တွင်ကျ၍၊ ကောင်းမွန်သော အမွေကို ငါခံရပြီ။
7 ငါ့ ကို ပြုစုတော်မူသောထာဝရဘုရား ကို ကောင်းကြီး ပေးမည်။ ညဉ့် အချိန်၌ပင် ငါ့ နှလုံး သည် ငါ့ ကို နှိုးဆော် တတ်၏။
ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်။ ညဉ့်အချိန်၌ပင် ငါ့နှလုံးသည် ငါ့ကို နှိုးဆော်တတ်၏။
8 ငါသည် ထာဝရဘုရား ကို အစဉ် မပြတ်မျက်မှောက် ပြု ၏။ အကြောင်း မူကား၊ ငါ လက်ျာ ဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှား ခြင်း မ ရှိရ။ ထိုကြောင့်ငါ့ စိတ် နှလုံးသည် သာယာ ခြင်း၊
ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက် မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်း မရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
9 ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏။ ထို မှတပါး၊ ငါ့ အသား သည် မြော်လင့် လျက် ကျိန်းဝပ် လိမ့်မည်။
ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှ တပါး၊ ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။
10 ၁၀ အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ဝိညာဉ် ကို မရဏာ နိုင်ငံ၌ ပစ် ထားတော်မ မူ။ ကိုယ်တော် ၏ သန့်ရှင်း သောသူအား လည်း ပုပ်စပ် ခြင်းကို ရှိ စေတော်မ မူဘဲလျက်၊ (Sheol h7585)
၁၀အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲလျက်၊ (Sheol h7585)
11 ၁၁ အသက် ရှင်ခြင်း လမ်း ကို ပြ ညွှန်တော်မူလိမ့် မည်။ အထံ တော်၌ စုံလင် သော ဝမ်းမြောက် ခြင်းအခွင့် နှင့် လက်ျာ တော်နား မှာ အစဉ် အမြဲပျော်မွေ့ ခြင်းအခွင့် ရှိပါ၏။
၁၁အသက်ရှင်ခြင်း လမ်းကို ပြညွှန်တော်မူလိမ့် မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့် နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။

< ဆာလံ 16 >