< ဆာလံ 150 >
1 ၁ သန့်ရှင်း ရာ ဌာနတော်၌ ဘုရား သခင်ကို ချီးမွမ်း ကြလော့။ ဘုန်း တော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ် မှာ ချီးမွမ်း ကြလော့။
Hallelujah! Praise God in his sanctuary; praise him in the firmament of his power.
2 ၂ ထူးဆန်းသော တန်ခိုး တော်များကြောင့် ၊ ဘုရား သခင် ကို ချီးမွမ်း ကြလော့။ အလွန်တရာကြီးမြတ် တော်မူခြင်း ရှိသည်အတိုင်း ချီးမွမ်း ကြလော့။
Praise him in his mighty acts; praise him according to the abundance of his greatness.
3 ၃ တံပိုး မှုတ် လျက် ဘုရား သခင်ကို ချီးမွမ်း ကြလော့။ တယော နှင့် စောင်း ကိုတီးလျက် ချီးမွမ်း ကြလော့။
Praise him with the sound of the trumpet; praise him with lute and harp;
4 ၄ ပတ်သာ တီးလျက် ၊ ကခုန် လျက် နှင့်ချီးမွမ်း ကြလော့။ ကြိုး နှင့်ပြည့်စုံသော တုရိယာကိုတီးလျက် ၊ နှဲခရာ ကို မှုတ်လျက် ချီးမွမ်း ကြလော့။
Praise him with the tambour and dance; praise him with stringed instruments and the pipe;
5 ၅ အသံ ကျယ်သောသံလွင် ကို တီးလျက် ချီးမွမ်း ကြလော့။ အကြီးဆုံး သော လင်းကွင်း ကိုလည်း တီးလျက် ချီးမွမ်း ကြလော့။
Praise him with loud cymbals; praise him with high sounding cymbals.
6 ၆ အသက် ရှိသောသူအပေါင်း တို့သည် ထာဝရ ဘုရား ကို ချီးမွမ်း ကြစေ။ ဟာလေလုယ ။
Let everything that hath breath praise Jah. Hallelujah!