< ဆာလံ 15 >

1 အိုထာဝရဘုရား ၊ တဲ တော်၌ အဘယ်သူ သည် တည်း ရပါမည်နည်း။ သန့်ရှင်း သောတောင် တော်ပေါ် မှာ အဘယ်သူ သည် နေ ရပါမည်နည်းဟူမူကား၊
အိုထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း။ သန့်ရှင်းသောတောင်တော်ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊
2 ဖြောင့်မတ် သောအကျင့်၊ တရား သောအမှုကို ပြု ကျင့်၍ ၊ သစ္စာ စကားကို စိတ် နှလုံးပါလျက်ပြော ထသော၊
ဖြောင့်မတ်သောအကျင့်၊ တရားသောအမှုကို ပြုကျင့်၍၊ သစ္စာစကားကို စိတ်နှလုံးပါလျက်ပြောထသော၊
3 သူတပါး၏အသရေ ကို ပျက်စေခြင်းငှါ ပြောဆို ခြင်း၊ ကိုယ် နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ် နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ ခြင်းကို ရှောင်ထ သော၊
သူတပါး၏အသရေကို ပျက်စေခြင်းငှါ ပြောဆို ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထ သော၊
4 ဆိုးယုတ် သောသူကို အယုတ် ဟူ၍ ထင် မှတ်လျက် ၊ ထာဝရ ဘုရားအား ကြောက်ရွံ့ သောသူကို ရိုသေ ထသော၊ ကိုယ်အကျိုး ပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမ ဖျက်၊
ဆိုးယုတ်သောသူကို အယုတ်ဟူ၍ ထင်မှတ် လျက်၊ ထာဝရဘုရားအား ကြောက်ရွံ့သောသူကို ရိုသေ ထသော၊ ကိုယ်အကျိုးပျက်ရသော်လည်း ကိုယ်ကျိန်ဆို သော သစ္စာဂတိကိုမဖျက်၊
5 ကိုယ် ငွေ ကို ချေး ၍ အတိုး မ ယူ၊ အပြစ် မရှိသောသူ ၏တဘက် မှ တံစိုး ကို မ ခံ ဘဲကျင့် သောသူသည် လှုပ်ရှား ခြင်းနှင့် အစဉ် အမြဲကင်းလွတ် လိမ့်မည်သတည်း။
ကိုယ်ငွေကို ချေး၍ အတိုးမယူ၊ အပြစ်မရှိသော သူ၏တဘက်မှ တံစိုးကို မခံဘဲကျင့်သောသူသည် လှုပ် ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်မည်သတည်း။

< ဆာလံ 15 >