< ဆာလံ 149 >
1 ၁ ထာဝရဘုရား ရှေ့ တော်၌ အသစ် သောသီချင်း ကို ဆို ၍၊ သန့်ရှင်း သူတို့ စည်းဝေး ရာ၌ ဂုဏ် တော်ကို ချီးမွမ်း ကြလော့။
၁ထာဝရဘုရားအားထောမနာပြုကြ လော့။ ထာဝရဘုရားသခင်၏ရှေ့တော်၌ သီချင်းသစ်ကိုဆိုကြလော့။ ကိုယ်တော်အားသစ္စာစောင့်သူတို့စုဝေး ရာတွင် ကိုယ်တော်အားထောမနာပြုကြလော့။
2 ၂ ဣသရေလ အမျိုးသည် မိမိ ကိုဖန်ဆင်း တော်မူသောဘုရားကိုအမှီပြု ၍ ဝမ်းမြောက် စေ။ ဇိအုန် သား တို့သည် မိမိ တို့ရှင် ဘုရင်ကို အမှီပြု ၍ ရွှင်လန်း ကြစေ။
၂ဣသရေလအမျိုးသားတို့၊ သင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကို အကြောင်းပြု၍ဝမ်းမြောက်ကြလော့။
3 ၃ သူတို့သည် ကခုန် လျက် နာမတော် ကို ချီးမွမ်း ကြစေ။ ပတ်သာ နှင့် စောင်း ကို တီးလျက် ထောမနာ သီချင်း ဆိုကြစေ။
၃ဇိအုန်မြို့သူမြို့သားတို့၊သင်တို့၏ဘုရင်ကို အကြောင်းပြု၍ရွှင်မြူးကြလော့။ ကခုန်လျက်ကိုယ်တော်၏နာမတော်အား ထောမနာပြုကြလော့။ ပတ်သာနှင့်စောင်းများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
4 ၄ အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိ လူစု ကို နှစ်သက် တော်မူ၏။ စိတ် နှိမ့်ချသောသူတို့ကို ကယ်တင် ခြင်းအားဖြင့် အသရေ တင့်တယ်စေတော်မူ၏။
၄ထာဝရဘုရားသည်မိမိ၏လူစုတော်အား နှစ်သက်တော်မူ၏။ နိမ့်ကျသူတို့အားအောင်ပွဲခံစေခြင်းအားဖြင့် ချီးမြှင့်တော်မူ၏။
5 ၅ သန့်ရှင်း သူတို့သည် ဘုန်းကြီး ၍ ဝမ်းမြောက် ဝမ်းသာကြစေ။ ကျိန်းဝပ် ရာပေါ် မှာ ရွှင်လန်းစွာ သီချင်း ဆိုကြစေ။
၅ထာဝရဘုရား၏လူစုတော်သည်စစ်ပွဲနိုင် သဖြင့် ရွှင်မြူးကြစေ။ အိပ်စက်ရာပေါ်မှာဝမ်းမြောက်စွာသီချင်းဆိုကြစေ။
6 ၆ တပါးအမျိုးသား တို့အား တရားအတိုင်း အပြစ် ပေး ၍၊ လူစု တို့အား ဒဏ်ခတ် ခြင်းငှါ၎င်း၊
၆တိုင်းနိုင်ငံအပေါင်းကိုနှိမ်နင်း၍ လူမျိုးတကာတို့အားဒဏ်ခတ်ကြရန်လည်းကောင်း၊ သူတို့၏ဘုရင်များအားသံကြိုးဖြင့်ချည်နှောင်ကာ သူတို့၏ခေါင်းဆောင်များကိုသံခြေကျင်း ခတ်ကြရန်လည်းကောင်း၊ ဘုရားသခင်၏အမိန့်တော်အရတိုင်းနိုင်ငံတို့ကို ဒဏ်ခတ်ရန်လည်းကောင်း ဘုရားသခင်၏လူစုတော်သည်ထက်မြက်သော သံလျက်ကိုလက်တွင်ကိုင်ထားကြစေ။ ဤကားဘုရားသခင်လူစုတော်၏ အောင်ပွဲပင်ဖြစ်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။
7 ၇ သူ တို့၏ ရှင် ဘုရင်များကို သံကြိုး နှင့် ချည်နှောင် ၍၊ မှူးမတ် များ ကို သံ ခြေချင်း ခတ်ခြင်းငှါ ၎င်း၊
၇
8 ၈ ကျမ်းစာ ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူ တို့အား ပြု ခြင်းငှါ ၎င်း၊ သန့်ရှင်းသူတို့သည် ဘုရား သခင်၏ဂုဏ် တော်ကို နှုတ် နှင့် ချီးမွမ်း၍၊ သန်လျက် ကို လက် နှင့် ကိုင်ကြစေ။
၈
9 ၉ ထာဝရ ဘုရား၏ သန့်ရှင်း သူအပေါင်း တို့သည် ထိုသို့သော ဘုန်း နှင့်ဆိုင်ကြ၏။ ဟာလေလုယ ။
၉