< ဆာလံ 147 >

1 ထာဝရ ဘုရားကို ချီးမွမ်း ကောင်း သည်ဖြစ်၍၊ ချီးမွမ်း ကြလော့။ ငါ တို့၏ဘုရား သခင်ကို ထောမနာ ပြု ခြင်းသည် သာယာ လျောက်ပတ် သည် ဖြစ်၍၊ ထောမနာ သီချင်းဆိုကြလော့။
Whakamoemititia a Ihowa; he pai hoki te himene ki to tatou Atua: ahuareka rawa, ataahua tonu te whakamoemiti.
2 ထာဝရဘုရား သည် ယေရုရှလင် မြို့ကို တည်ဆောက် ၍၊ အဝေး သို့နှင်လိုက်သော ဣသရေလ အမျိုးသားတို့ကို စုဝေး စေတော်မူ၏။
Ko Ihowa hei hanga i Hiruharama: mana hoki nga whati o Iharaira e kohikohi.
3 စိတ် ကြေမွ သောသူတို့ကို နှစ်သိမ့် စေ၍ ၊ သူ တို့၏ အနာ ကို ကု တော်မူ၏။
Ko ia hei rongoa i te hunga ngakau maru: mana e takai o ratou wahi mamae.
4 ကြယ် များကိုရေတွက် ၍ အသီးအသီး တို့ကို သမုတ် တော်မူ၏။
E taua ana e ia nga whetu, te maha: e huaina ana hoki e ia o ratou ingoa katoa.
5 ငါ တို့၏ဘုရား ရှင်သည် ကြီးမြတ် တော်မူ၏။ တန်ခိုး တော်လည်း ကြီး ၏။ ဉာဏ် တော်သည်အနန္တ ဖြစ်၏။
He nui to tatou Ariki, he nui hoki tona kaha: e kore e taea tona matauranga te whakaaro.
6 ထာဝရဘုရား သည် စိတ် နှိမ့်ချသောသူတို့ ကို ကြွပင့် ၍၊ မ တရားသောသူတို့ ကိုကား၊ မြေ ပေါ် မှာ လှဲ တော်မူ၏။
Ko Ihowa te kaitautoko mo te hunga mahaki: ka turakina e ia te hunga kino ki te whenua.
7 ဂုဏ်တော်ကိုချီးမွမ်း လျက် ထာဝရဘုရား ရှေ့တော်၌ သီချင်း ဆိုကြလော့။ စောင်း တီး၍၊ ငါ တို့၏ ဘုရား သခင်ကို ထောမနာ သီချင်းဆိုကြလော့။
Waiata, whakawhetai ki a Ihowa: himene i runga i te hapa ki to tatou Atua:
8 ကောင်းကင် ကို မိုဃ်းတိမ် များနှင့် ဖုံးလွှမ်း သဖြင့်၊ မြေကြီး ဘို့ မိုဃ်း ရေကိုပြင်ဆင် ၍၊ တောင် များပေါ်မှာ မြက်ပင် ကိုပေါက် စေတော်မူ၏။
Ko ia nei te kaiuwhi i te rangi ki nga kapua, te kaihanga i te ua mo te whenua: e whakatupu ana ia i te tarutaru ki runga ki nga maunga.
9 မြည် တတ်သော ကျီးကန်း ကလေး မှစ၍ ၊ တိရစ္ဆာန် များတို့ကို ကျွေးမွေး တော်မူ၏။
E homai ana e ia he kai ma te kirehe: ma nga pi raweni hoki ina tangi.
10 ၁၀ မြင်း ၏ခွန်အား နှင့်လူ ၏လျင်မြန် ခြင်းကို အားရ နှစ်သက်တော်မူခြင်းမ ရှိ။
E kore ia e ahuareka ki te kaha o te hoiho: e kore ia e manako ki nga waewae o te tangata.
11 ၁၁ ကြောက်ရွံ့ သောသူနှင့် ကရုဏာ တော်ကို မြော်လင့် သောသူတို့ ကို ထာဝရဘုရား နှစ်သက် တော်မူ ၏။
E manako ana a Ihowa ki te hunga e wehi ana i a ia, ki te hunga e tumanako ana ki tona aroha.
12 ၁၂ အိုယေရုရှလင် မြို့၊ ထာဝရဘုရား ကို ချီးမွမ်း လော့။ အိုဇိအုန် မြို့၊ သင် ၏ဘုရား သခင်ကို ချီးမွမ်း လော့။
Whakamoemititia a Ihowa, e Hiruharama: whakamoemititia tou Atua, e Hiona.
13 ၁၃ အကြောင်း မူကား၊ သင် ၏တံခါး ကန့်လန့် တို့ကို ခိုင်မာ စေ၍၊ သင် ၏ အထဲမှာ သားသမီး များကို ကောင်းကြီး ပေးတော်မူ၏။
Nana nei hoki i whakakaha nga tutaki o ou tatau: manaakitia ana e ia au tamariki i roto i a koe.
14 ၁၄ သင် ၏ပြည်စွန်း ပြည်နားမှာ အမှုအရေးကို ငြိမ်းစေ ၍၊ အကောင်း ဆုံးသော စပါး နှင့် သင့် ကို ဝ စွာ ကျွေးမွေးတော်မူ၏။
Nana ano i mau ai te rongo i roto i ou rohe: nana koe i makona ai i te witi pai rawa.
15 ၁၅ မြေကြီး ပေါ် သို့ဗျာဒိတ် တော်ကို လွှတ် တော်မူ၏။ နှုတ်ကပတ် တော်သည် အလျင် အမြန်ပြေး တတ်ပါ၏။
E tukua ana e ia tana kupu ki te whenua: tere rawa te rere o tana kupu.
16 ၁၆ မိုဃ်းပွင့် ကို သိုးမွေး ကဲ့သို့ ချ တော်မူ၏။ နှင်းခဲ ကိုလည်း ပြာ ကဲ့သို့ ဆွတ်ဖြူ တော်မူ၏။
E homai ana e ia te hukarere ano he huruhuru hipi: e whakatitaritaria ana te haupapa ano he pungarehu.
17 ၁၇ မိမိ မိုဃ်းသီး ကို စားနုတ် စားပေါက်ကဲ့သို့ လွှတ် တော်မူ၍၊ ချမ်း စေတော်မူခြင်းကို အဘယ်သူ ခံ နိုင် သနည်း။
Maka mai ana e ia tana hauhunga ano he maramara: ko wai e tu i mua i tana matao?
18 ၁၈ တဖန်နှုတ်ကပတ် တော်ကိုလွှတ် ၍ ၊ ထို မိုဃ်းပွင့်အစရှိသည်တို့ကို အရည် ကျိုတော်မူ၏။ မိမိ လေ ကို လာ စေတော်မူသဖြင့်၊ ရေ တို့သည် စီး ကြ၏။
E tukua ana e ia tana kupu, a whakarewaina ana aua mea: ka meinga tana hau kia pupuhi, rere ana nga wai.
19 ၁၉ နှုတ်ကပတ် အမိန့်တော်ကို ယာကုပ် အမျိုး၌ ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်များကို ဣသရေလ အမျိုး၌ ၎င်း ဘော်ပြ တော်မူ၏။
E whakakitea ana e ia tana kupu ki a Hakopa; ana tikanga, me ana whakaritenga ki a Iharaira.
20 ၂၀ အခြားတပါးသော အမျိုးသား တို့ ၌ ထိုသို့ ပြု တော် မ မူ။ စီရင် တော်မူချက်များကို သူ တို့မ သိ ရကြ။ ဟာလေလုယ။
Kahore i pera tana hanga ki tetahi iwi; kihai ano ana whakaritenga i mohiotia e ratou. whakamoemititia a Ihowa.

< ဆာလံ 147 >