< ဆာလံ 145 >

1 အကျွန်ုပ်၏ရှင်ဘုရင် ၊ အကျွန်ုပ် ၏ဘုရား သခင်၊ ကိုယ်တော် ချီးမြှောက် ပါမည်။ ကမ္ဘာ အဆက်ဆက်နာမတော် ကို ကောင်းကြီး ပေးပါမည်။
Saamu ìyìn. Ti Dafidi. Èmi yóò gbé ọ ga, Ọlọ́run ọba mi; èmi yóò yin orúkọ rẹ̀ láé àti láéláé.
2 ကိုယ်တော် ကို နေ့တိုင်း အစဉ်ကောင်းကြီး ပေးပါမည်။ နာမ တော်ကို ကမ္ဘာ အဆက်ဆက်ချီးမွမ်း ပါမည်။
Ní ojoojúmọ́ èmi yóò yìn ọ́ èmi yóò sì pòkìkí orúkọ rẹ láé àti láéláé.
3 ထာဝရဘုရား သည် ကြီးမြတ် ၍ အလွန် ချီးမွမ်း ဘွယ်ဖြစ်တော်မူ၏။ ကြီးမြတ် တော်မူခြင်းကို စစ် ၍ မ ကုန်နိုင်။
Títóbi ni Olúwa. Òun sì ni ó yẹ láti fi ìyìn fún púpọ̀púpọ̀: kò sí ẹni tí ó lè wọn títóbi rẹ̀.
4 အမှုတော် တို့ကို လူမျိုး အဆက်ဆက်တို့သည် ချီးမွမ်း ၍ ၊ တန်ခိုး တော်များကိုဟောပြော ကြပါလိမ့်မည်။
Ìran kan yóò máa yin iṣẹ́ rẹ dé ìran mìíràn; wọn yóò máa sọ iṣẹ́ agbára rẹ.
5 အကျွန်ုပ်သည်လည်း ဘုန်း တန်ခိုးအာနုဘော်တော်ကို၎င်း၊ အံ့ဘွယ် သော အမှုတော် တို့ကို၎င်းမြွက်ဆို ပါမည်။
Wọn yóò máa sọ ìyìn ọláńlá rẹ tí ó lógo, èmi yóò máa ṣe àṣàrò nínú iṣẹ́ ìyanu rẹ.
6 သူတို့သည် ကြောက်မက် ဘွယ်သော အမှုတော်တို့၌ပါသောတန်ခိုး တော်ကို မြွက်ဆို ၍ ၊ အကျွန်ုပ်သည်လည်း၊ ကြီးမြတ် တော်မူခြင်းအကြောင်း ကို ကြားပြော ပါမည်။
Wọn yóò sọ iṣẹ́ agbára rẹ tí ó ní ẹ̀rù èmi yóò kéde iṣẹ́ ńlá rẹ̀.
7 သူတို့သည် အလွန် ကောင်းမြတ် တော်မူခြင်းကို အောက်မေ့ ဘို့ရာမြွက်ဆို ၍ ၊ ဖြောင့်မတ် တော်မူခြင်း အရာကို ရွှင်လန်းစွာ သီချင်း ဆိုကြပါလိမ့်မည်။
Wọn yóò ṣe ìrántí ọ̀pọ̀lọpọ̀ ìwà rere rẹ àti orin ayọ̀ òdodo rẹ.
8 ထာဝရဘုရား သည် ကျေးဇူး ပြုတတ်သော သဘော၊ သနား စုံမက်တတ်သောသဘောနှင့်ပြည့်စုံ၍ ၊ ခန္တီ တော်နှင့် ကရုဏာ တော်သည် အလွန် ကြွယ်ဝပါ၏။
Olóore-ọ̀fẹ́ ni Olúwa àti aláàánú ó lọ́ra láti bínú ó sì ní ìfẹ́ púpọ̀.
9 ထာဝရဘုရား သည် ခပ်သိမ်း သောသူတို့အား ကျေးဇူး ပြုချင်သော သဘောရှိ၍ ၊ ဖန်ဆင်း တော်မူသမျှ တို့ကို သနား စုံမက်တော်မူ၏။
Olúwa dára sí ẹni gbogbo; ó ní àánú lórí ohun gbogbo tí ó dá.
10 ၁၀ အိုထာဝရဘုရား ၊ ဖန်ဆင်း တော်မူသမျှတို့သည် ဂုဏ် တော်တို့ကို ပြ၍ ၊ ကိုယ်တော် ၏ သန့်ရှင်း သူတို့သည် ကောင်းကြီး ပေးကြပါ ၏။
Gbogbo ohun tí ìwọ ti dá ni yóò máa yìn ọ́ Olúwa; àwọn ẹni mímọ́ yóò máa pòkìkí rẹ.
11 ၁၁ နိုင်ငံ တော်၏ဘုန်း ကို၎င်း၊ တန်ခိုး တော်ကို၎င်း ဟောပြောမြွက်ဆို သဖြင့်၊
Wọn yóò sọ ògo ìjọba rẹ wọn yóò sì sọ̀rọ̀ agbára rẹ,
12 ၁၂ တန်ခိုး ပါသောအမှုတော်များနှင့် နိုင်ငံ တော်၏ ဘုန်း အသရေများကို လူသား တို့အား ဘော်ပြ ကြပါ၏။
kí gbogbo ènìyàn le mọ iṣẹ́ agbára rẹ̀ àti ọláńlá ìjọba rẹ tí ó lógo.
13 ၁၃ ကိုယ်တော် ၏နိုင်ငံ သည် နိစ္စ ထာဝရနိုင်ငံ ဖြစ်၍ ၊ အာဏာ တော် သည်ကာလ အစဉ်အဆက် တည်ရပါ၏။ ထာဝရဘုရား သည် လဲ သောသူရှိသမျှ တို့ကို ထောက်မ တော်မူ၏။
Ìjọba rẹ ìjọba ayérayé ni, àti ìjọba rẹ wà ní gbogbo ìrandíran.
14 ၁၄ နှိမ့်ချ သောသူအပေါင်း တို့ကို ကြွပင့် တော်မူ၏။
Olúwa mú gbogbo àwọn tí ó ṣubú ró ó sì gbé gbogbo àwọn tí ó tẹríba dìde.
15 ၁၅ ခပ်သိမ်း သော သတ္တဝါတို့သည် ကိုယ်တော် ကို မျှော်ကြည့် ကြ၍ ၊ အချိန် တန်မှသူ တို့ကို ကျွေးမွေး တော်မူ ၏။
Ojú gbogbo ènìyàn ń wò ọ́, ó sì fún wọn ní oúnjẹ wọn ní àkókò tí ó yẹ.
16 ၁၆ လက် တော်ကိုဖွင့် ၍ ၊ အသက်ရှင် သောသတ္တဝါ အပေါင်း တို့ကို ရောင့်ရဲ စေတော်မူ၏။
Ìwọ ṣí ọwọ́ rẹ ìwọ sì tẹ́ ìfẹ́ gbogbo ohun alààyè lọ́rùn.
17 ၁၇ ထာဝရ ဘုရား၏ လမ်းခရီး တော်ရှိသမျှ တို့သည် ဖြောင့်မတ် ၍ ၊ ခပ်သိမ်း သော အမှုတော် တို့သည် သန့်ရှင်း ကြပါ၏။
Olúwa jẹ́ olódodo ní gbogbo ọ̀nà rẹ̀ àti ìfẹ́ rẹ̀ sí gbogbo ohun tí o dá.
18 ၁၈ ထာဝရဘုရား သည် ပဌနာ ပြုသောသူအပေါင်း ၊ သစ္စာ နှင့်တကွ ပဌနာပြု သော သူ အပေါင်း တို့၏ အနီး အပါးရှိတော်မူ၏။
Olúwa wà ní tòsí gbogbo àwọn tí ń ké pè é, sí gbogbo ẹni tí ń ké pè é ní òtítọ́.
19 ၁၉ ကြောက်ရွံ့ သောသူတို့၏ အလို ကို ပြည့်စုံ စေ တော်မူ၏။ ထိုသူ တို့၏အော်ဟစ် ခြင်းကို ကြား ၍ ကယ်တင် တော်မူ၏။
Ó mú ìfẹ́ àwọn tí ó bẹ̀rù rẹ̀ ṣẹ; ó gbọ́ igbe wọn, ó sì gbà wọ́n.
20 ၂၀ ထာဝရဘုရား သည် ကြည်ညို သောသူအပေါင်း တို့ကို စောင့်မ တော်မူ၏။ မ တရားသောသူအပေါင်း တို့ကို ကား၊ ဖျက်ဆီး တော်မူမည်။
Olúwa dá gbogbo àwọn tí ó ní ìfẹ́ sẹ sí ṣùgbọ́n gbogbo àwọn ẹni búburú ní yóò parun.
21 ၂၁ ထာဝရဘုရား ကို ချီးမွမ်း လျက်ငါ မြွက်ဆိုမည်။ ခပ်သိမ်း သော လူ တို့သည် သန့်ရှင်း သော နာမတော် ကို ကမ္ဘာ အဆက်ဆက်ကောင်းကြီး ပေးကြစေ။
Ẹnu mi yóò sọ̀rọ̀ ìyìn Olúwa. Jẹ́ kí gbogbo ẹ̀dá yín orúkọ rẹ̀ mímọ́ láé àti láéláé.

< ဆာလံ 145 >