< ဆာလံ 144 >
1 ၁ ငါ၏ကျောက်တည်းဟူသောထာဝရဘုရား သည် မင်္ဂလာရှိတော်မူစေသတည်း။ ငါ့လက်သည် စစ်တိုက် ၍၊ လက်ချောင်းတို့လည်းစစ်မှုကို လေ့ကျက်မည် အကြောင်းသွန်သင်တော်မူ၏။
Blessed be the LORD my strength which teaches my hands to war, and my fingers to fight:
2 ၂ ငါ့ ကိုသနား သောသူ၊ ငါ ၏မြို့ရိုး ၊ ငါ ၏ရဲတိုက် ၊ ငါ့ ကိုကယ်လွှတ် သောသခင်၊ ငါ ၏အကွယ် အကာဖြစ်တော်မူ၏။ ထိုဘုရား သခင်ကို ငါကိုးစား ၏။ ငါ ၏ လူမျိုး ကို ငါ့ အောက် သို့ နှိမ့်ချ တော်မူ၏။
My goodness, and my fortress; my high tower, and my deliverer; my shield, and he in whom I trust; who subdues my people under me.
3 ၃ အိုထာဝရဘုရား ၊ လူ သည်အဘယ်သို့ သောသူဖြစ်၍ ၊ ကိုယ်တော် သည် မှတ် တော်မူရသနည်း။ လူသား သည် အဘယ်သို့သောသူ ဖြစ်၍ ၊ ပမာဏ ပြုတော်မူရသနည်း။
LORD, what is man, that you take knowledge of him! or the son of man, that you make account of him!
4 ၄ လူ သည်အငွေ့ နှင့် တူပါ၏။ သူ ၏နေ့ရက် တို့သည် လွန်သွား တတ်သော အရိပ် ကဲ့သို့ ဖြစ်ကြပါ၏။
Man is like to vanity: his days are as a shadow that passes away.
5 ၅ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မိုဃ်း ကောင်းကင်ကို ညွှတ် ၍ ဆင်းသက် တော်မူပါ။ တောင် တို့ကိုတို့ တော်မူပါ။ သူတို့သည် မီးခိုး ထွက်ကြပါလိမ့်မည်။
Bow your heavens, O LORD, and come down: touch the mountains, and they shall smoke.
6 ၆ လျှပ်စစ် ပြက်စေ၍ လေးမြှား တော်တို့ကို ပစ် သဖြင့် ၊ ရန်သူ တို့ကို အရပ်ရပ်သို့ကွဲပြား စေ၍ နှိပ်စက် တော်မူပါ။
Cast forth lightning, and scatter them: shoot out your arrows, and destroy them.
7 ၇ အထက် အရပ်က လက် တော်ကိုဆန့် ၍ အကျွန်ုပ် ကို နှုတ် တော်မူပါ။ တခဲနက် သောရေ ထဲက ၎င်း၊ တကျွန်း တနိုင်ငံသားတို့၏လက် ထဲက ၎င်း၊ ဆယ်ယူကယ်တင် တော်မူပါ။
Send your hand from above; rid me, and deliver me out of great waters, from the hand of strange children;
8 ၈ သူ တို့၏နှုတ် သည် မုသာ စကားကို ပြော တတ် ပါ၏။ သူ တို့၏ လက်ျာ လက်သည်လည်း လှည့်စား တတ် သော လက် ဖြစ်ပါ၏။
Whose mouth speaks vanity, and their right hand is a right hand of falsehood.
9 ၉ အိုဘုရား သခင်၊ ရှေ့ တော်၌ အသစ် သောသီချင်း ကို ဆို ပါမည်။ ကြိုး ဆယ်ပင်ရှိ သောတုရိယာ နှင့်ထောမနာသီချင်း ဆိုပါမည်။
I will sing a new song unto you, O God: upon a psaltery and an instrument of ten strings will I sing praises unto you.
10 ၁၀ အောင်မြင် ရသောအခွင့်ကို ရှင် ဘုရင်တို့အား ပေး တော်မူ၏။ ကိုယ်တော် ၏ ကျွန် ဒါဝိဒ် ကိုဆိုး သော ထား ဘေးနှင့် ကင်းလွတ် စေတော်မူ၏။
It is he that gives salvation unto kings: who delivers David his servant from the hurtful sword.
11 ၁၁ တကျွန်း တနိုင်ငံသားတို့၏လက် မှ ၊ အကျွန်ုပ် ကို နှုတ်ယူ ၍ ကယ်တင် တော်မူပါ။ သူ တို့၏နှုတ် သည် မုသာ စကားကို ပြော တတ်ပါ၏။ သူ တို့၏လက်ျာ လက်သည် လည်း လှည့်စား တတ်သော လက် ဖြစ်ပါ၏။
Rid me, and deliver me from the hand of strange children, whose mouth speaks vanity, and their right hand is a right hand of falsehood:
12 ၁၂ အကျွန်ုပ် တို့၏သား တို့သည် အရွယ် ပျိုစဉ်တွင် ၊ ကြီးပွါး သော ပျိုးပင် ကဲ့သို့ ၎င်း၊ သမီး တို့သည် ဘုံ ဗိမာန် နည်းတူထု သော တိုက်ထောင့်ကျောက်တိုင် ကဲ့သို့ ၎င်း ဖြစ်ကြပါစေသော။
That our sons may be as plants grown up in their youth; that our daughters may be as corner stones, polished after the embodiment of a palace:
13 ၁၃ အကျွန်ုပ် တို့၏ ဘဏ္ဍာ တိုက်တို့သည် အစား အသောက်အသုံးအဆောင်များနှင့်ပြည့်စုံ ခြင်း၊ သိုး တို့ သည် ပြင် အရပ်တို့၌ အထောင်အသောင်းမွေးဘွား ခြင်း၊
That our garners may be full, affording all manner of store: that our sheep may bring forth thousands and ten thousands in our streets:
14 ၁၄ နွား တို့သည်လည်း ကြီးပွါး များပြားခြင်း ရှိပါ စေသော။ အနိုင် အထက်ဝင်ခြင်းမ ရှိ။ သိမ်း သွားခြင်းမရှိ။ လမ်း တို့၌ ကြွေးကြော်မြည်တမ်း ခြင်းမ ရှိပါစေနှင့်။
That our oxen may be strong to labour; that there be no breaking in, nor going out; that there be no complaining in our streets.
15 ၁၅ ထိုသို့ နေသော လူမျိုး သည် မင်္ဂလာ ရှိပါ၏။ ထာဝရဘုရား သည် အကြင် လူမျိုး၏ဘုရား သခင်ဖြစ်၏။ ထိုလူမျိုး သည် မင်္ဂလာ ရှိပါ၏။
Happy is that people, that is in such a case: yea, happy is that people, whose God is the LORD.