< ဆာလံ 144 >

1 ငါ၏ကျောက်တည်းဟူသောထာဝရဘုရား သည် မင်္ဂလာရှိတော်မူစေသတည်း။ ငါ့လက်သည် စစ်တိုက် ၍၊ လက်ချောင်းတို့လည်းစစ်မှုကို လေ့ကျက်မည် အကြောင်းသွန်သင်တော်မူ၏။
A Psalme of David. Blessed be the Lord my strength, which teacheth mine hands to fight, and my fingers to battell.
2 ငါ့ ကိုသနား သောသူ၊ ငါ ၏မြို့ရိုး ၊ ငါ ၏ရဲတိုက် ၊ ငါ့ ကိုကယ်လွှတ် သောသခင်၊ ငါ ၏အကွယ် အကာဖြစ်တော်မူ၏။ ထိုဘုရား သခင်ကို ငါကိုးစား ၏။ ငါ ၏ လူမျိုး ကို ငါ့ အောက် သို့ နှိမ့်ချ တော်မူ၏။
He is my goodnes and my fortresse, my towre and my deliuerer, my shield, and in him I trust, which subdueth my people vnder me.
3 အိုထာဝရဘုရား ၊ လူ သည်အဘယ်သို့ သောသူဖြစ်၍ ၊ ကိုယ်တော် သည် မှတ် တော်မူရသနည်း။ လူသား သည် အဘယ်သို့သောသူ ဖြစ်၍ ၊ ပမာဏ ပြုတော်မူရသနည်း။
Lord, what is man that thou regardest him! or the sonne of man that thou thinkest vpon him!
4 လူ သည်အငွေ့ နှင့် တူပါ၏။ သူ ၏နေ့ရက် တို့သည် လွန်သွား တတ်သော အရိပ် ကဲ့သို့ ဖြစ်ကြပါ၏။
Man is like to vanitie: his dayes are like a shadow, that vanisheth.
5 အိုထာဝရဘုရား ၊ ကိုယ်တော် ၏ မိုဃ်း ကောင်းကင်ကို ညွှတ် ၍ ဆင်းသက် တော်မူပါ။ တောင် တို့ကိုတို့ တော်မူပါ။ သူတို့သည် မီးခိုး ထွက်ကြပါလိမ့်မည်။
Bow thine heauens, O Lord, and come downe: touch the mountaines and they shall smoke.
6 လျှပ်စစ် ပြက်စေ၍ လေးမြှား တော်တို့ကို ပစ် သဖြင့် ၊ ရန်သူ တို့ကို အရပ်ရပ်သို့ကွဲပြား စေ၍ နှိပ်စက် တော်မူပါ။
Cast forth the lightning and scatter them: shoote out thine arrowes, and consume them.
7 အထက် အရပ်က လက် တော်ကိုဆန့် ၍ အကျွန်ုပ် ကို နှုတ် တော်မူပါ။ တခဲနက် သောရေ ထဲက ၎င်း၊ တကျွန်း တနိုင်ငံသားတို့၏လက် ထဲက ၎င်း၊ ဆယ်ယူကယ်တင် တော်မူပါ။
Send thine hand from aboue: deliuer me, and take me out of the great waters, and from the hand of strangers,
8 သူ တို့၏နှုတ် သည် မုသာ စကားကို ပြော တတ် ပါ၏။ သူ တို့၏ လက်ျာ လက်သည်လည်း လှည့်စား တတ် သော လက် ဖြစ်ပါ၏။
Whose mouth talketh vanitie, and their right hand is a right hand of falsehood.
9 အိုဘုရား သခင်၊ ရှေ့ တော်၌ အသစ် သောသီချင်း ကို ဆို ပါမည်။ ကြိုး ဆယ်ပင်ရှိ သောတုရိယာ နှင့်ထောမနာသီချင်း ဆိုပါမည်။
I wil sing a new song vnto thee, O God, and sing vnto thee vpon a viole, and an instrument of ten strings.
10 ၁၀ အောင်မြင် ရသောအခွင့်ကို ရှင် ဘုရင်တို့အား ပေး တော်မူ၏။ ကိုယ်တော် ၏ ကျွန် ဒါဝိဒ် ကိုဆိုး သော ထား ဘေးနှင့် ကင်းလွတ် စေတော်မူ၏။
It is he that giueth deliuerance vnto Kings, and rescueth Dauid his seruant from the hurtfull sworde.
11 ၁၁ တကျွန်း တနိုင်ငံသားတို့၏လက် မှ ၊ အကျွန်ုပ် ကို နှုတ်ယူ ၍ ကယ်တင် တော်မူပါ။ သူ တို့၏နှုတ် သည် မုသာ စကားကို ပြော တတ်ပါ၏။ သူ တို့၏လက်ျာ လက်သည် လည်း လှည့်စား တတ်သော လက် ဖြစ်ပါ၏။
Rescue me, and deliuer me from the hand of strangers, whose mouth talketh vanitie, and their right hand is a right hand of falshood:
12 ၁၂ အကျွန်ုပ် တို့၏သား တို့သည် အရွယ် ပျိုစဉ်တွင် ၊ ကြီးပွါး သော ပျိုးပင် ကဲ့သို့ ၎င်း၊ သမီး တို့သည် ဘုံ ဗိမာန် နည်းတူထု သော တိုက်ထောင့်ကျောက်တိုင် ကဲ့သို့ ၎င်း ဖြစ်ကြပါစေသော။
That our sonnes may be as the plantes growing vp in their youth, and our daughters as the corner stones, grauen after the similitude of a palace:
13 ၁၃ အကျွန်ုပ် တို့၏ ဘဏ္ဍာ တိုက်တို့သည် အစား အသောက်အသုံးအဆောင်များနှင့်ပြည့်စုံ ခြင်း၊ သိုး တို့ သည် ပြင် အရပ်တို့၌ အထောင်အသောင်းမွေးဘွား ခြင်း၊
That our corners may be full, and abounding with diuers sorts, and that our sheepe may bring forth thousands and ten thousand in our streetes:
14 ၁၄ နွား တို့သည်လည်း ကြီးပွါး များပြားခြင်း ရှိပါ စေသော။ အနိုင် အထက်ဝင်ခြင်းမ ရှိ။ သိမ်း သွားခြင်းမရှိ။ လမ်း တို့၌ ကြွေးကြော်မြည်တမ်း ခြင်းမ ရှိပါစေနှင့်။
That our oxen may be strong to labour: that there be none inuasion, nor going out, nor no crying in our streetes.
15 ၁၅ ထိုသို့ နေသော လူမျိုး သည် မင်္ဂလာ ရှိပါ၏။ ထာဝရဘုရား သည် အကြင် လူမျိုး၏ဘုရား သခင်ဖြစ်၏။ ထိုလူမျိုး သည် မင်္ဂလာ ရှိပါ၏။
Blessed are the people, that be so, yea, blessed are the people, whose God is the Lord.

< ဆာလံ 144 >