< ဆာလံ 143 >
1 ၁ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ပဌနာ ကိုကြား ၍၊ ဆုတောင်း သော စကားကို နားထောင် တော်မူပါ။ သစ္စာ စောင့် ခြင်း၊ ဖြောင့်မတ် ခြင်းရှိတော်မူသည်အတိုင်း ပြန်ပြော တော်မူပါ။
A Psalm of David. O LORD, hear my prayer, give ear to my supplications; in Thy faithfulness answer me, and in Thy righteousness.
2 ၂ ကိုယ်တော် ၏ကျွန် နှင့် တရား တွေ့ တော်မ မူပါ နှင့်။ အသက်ရှင် သောသူမည် သည်ကား၊ ရှေ့ တော်၌ အပြစ် ကင်းစင်ရာသို့ မ ရောက်ရပါ။
And enter not into judgment with Thy servant; for in Thy sight shall no man living be justified.
3 ၃ ရန်သူ သည်အကျွန်ုပ် ၏ဝိညာဉ် ကို ညှဉ်းဆဲ ၍၊ အသက် ကိုလည်း မြေ တိုင်အောင် နှိပ် နင်း၍၊ ကြာမြင့် စွာ သေ နေသောသူကဲ့သို့ အကျွန်ုပ် ကို မှောင်မိုက် ထဲမှာ နေ စေပါ၏။
For the enemy hath persecuted my soul; he hath crushed my life down to the ground; he hath made me to dwell in darkness, as those that have been long dead.
4 ၄ အကျွန်ုပ် သည်စိတ်ပျက် လျက် ၊ ကိုယ် အထဲ ၌ နှလုံး ကြေကွဲ လျက် ရှိပါ၏။
And my spirit fainteth within me; my heart within me is appalled.
5 ၅ ရှေး လွန်လေပြီးသော ကာလကိုအောက်မေ့ ၍၊ အလုံးစုံ သော အမှု တော်တို့ကို၎င်း၊ လက် တော်နှင့်ပြုပြင် သော အရာများကို ၎င်းဆင်ခြင် ပါ၏။
I remember the days of old; I meditate on all Thy doing; I muse on the work of Thy hands.
6 ၆ ကိုယ်တော် ထံသို့ လက် တို့ကို ဆန့် ပါ၏။ သွေ့ခြောက် သောမြေ ကဲ့သို့ အကျွန်ုပ် ၏ဝိညာဉ် သည် ကိုယ်တော် ကို တောင့်တပါ၏။
I spread forth my hands unto Thee; my soul thirsteth after Thee, as a weary land. (Selah)
7 ၇ အိုထာဝရဘုရား ၊ အလျင် အမြန်နားထောင် တော်မူပါ။ အကျွန်ုပ် သည် စိတ် ပျက် ပါပြီ။ မျက်နှာ လွှဲ တော်မူသဖြင့် ၊ တွင်း ထဲသို့ဆင်း သောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မ မူပါနှင့်။
Answer me speedily, O LORD, my spirit faileth; hide not Thy face from me; lest I become like them that go down into the pit.
8 ၈ ကရုဏာ တော်စကားသံကို အလျင် အမြန်ကြား စေတော်မူပါ။ ကိုယ်တော် ၌ ကိုးစား ပါ၏။ ကိုယ်သွား ရမည် လမ်း ကို သိ စေတော်မူပါ။ ကိုယ်တော် ကို အကျွန်ုပ် တသ ပါ၏။
Cause me to hear Thy lovingkindness in the morning, for in Thee do I trust; cause me to know the way wherein I should walk, for unto Thee have I lifted up my soul.
9 ၉ အိုထာဝရဘုရား ၊ ရန်သူ တို့လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ကို ခိုလှုံ ပါ၏။
Deliver me from mine enemies, O LORD; with Thee have I hidden myself.
10 ၁၀ အလိုတော် သို့လိုက် စေမည်အကြောင်း သွန်သင် တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ် ၏ဘုရား သခင်ဖြစ်တော်မူ၏။ ကောင်းမြတ် သောဝိညာဉ် တော်သည် ဖြောင့် သောလမ်း ၌ အကျွန်ုပ် ကိုသွေးဆောင် တော်မူပါစေသော။
Teach me to do Thy will, for Thou art my God; let Thy good spirit lead me in an even land.
11 ၁၁ အိုထာဝရဘုရား ၊ နာမတော် အတွက် ကြောင့်၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ ဖြောင့်မတ် တော်မူသည် နှင့်အညီ ၊ အကျွန်ုပ် ၏ ဝိညာဉ် ကိုဆင်းရဲ ဒုက္ခအထဲက နှုတ်ယူ တော်မူပါ။
For Thy name's sake, O LORD, quicken me; in Thy righteousness bring my soul out of trouble.
12 ၁၂ ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ၏ ရန်သူ တို့ကို ပယ်ရှင်း ၍ ၊ အကျွန်ုပ်ကို ညှဉ်းဆဲ သော သူအပေါင်း တို့ကို ဖျက်ဆီး တော်မူပါ။ အကျွန်ုပ် သည် ကိုယ်တော် ၏ကျွန် ဖြစ်ပါ၏။
And in Thy mercy cut off mine enemies, and destroy all them that harass my soul; for I am Thy servant.