< ဆာလံ 142 >

1 ငါ သည် ထာဝရဘုရား ထံသို့ အသံ ကိုလွှင့်၍ အော်ဟစ် ၏။ ငါ့ အသံ ကို ထာဝရဘုရား ထံသို့ လွှင့်၍ ဆုတောင်း ပဋ္ဌနာပြု၏။
“A psalm of David; a prayer, when he was in the cave” I cry unto the LORD with my voice; With my voice to the LORD do I make my supplication.
2 ရှေ့ တော်၌ မြည်တမ်း သော စကားကို မြွက် ၍၊ ခံရသောဆင်းရဲ ဒုက္ခကို ကြား လျှောက်ရ၏။
I pour out my complaint before him; I declare before him my distress.
3 အကျွန်ုပ် သည် စိတ်ပျက် လျက် ရှိသောအခါ ၊ အကျွန်ုပ် သွားသောလမ်း ကို ကိုယ်တော် သိ တော်မူ၏။ အကျွန်ုပ် သွား သောလမ်း ၌ ကျော့ကွင်း ကို ဝှက်ထား ကြ ပါပြီ။
When my spirit is overwhelmed within me, Thou knowest my path! In the way which I walk, they have hid a snare for me.
4 လက်ျာ ဘက်သို့ အကျွန်ုပ်ကြည့်ရှု သောအခါ ၊ အကျွန်ုပ် သိကျွမ်း သောသူမ ရှိပါ။ ပြေး လွတ်ရာလမ်းလည်း ပိတ် ပါ၏။ အကျွန်ုပ် အသက် ကို နှမြော သောသူမ ရှိပါ။
I look on my right hand, and behold, But no man knoweth me; Refuge faileth me; No one careth for me.
5 အိုထာဝရဘုရား ၊ ကိုယ်တော် ကို အော်ဟစ် ပါ၏။ အသက်ရှင် သောသူတို့၏ နေရာ ၌ ကိုယ်တော်သည် အကျွန်ုပ် ခိုလှုံရာ ၊ အကျွန်ုပ် ခံစားရာအဘို့ ဖြစ်တော်မူ၏။
I cry unto thee, O LORD! I say, Thou art my refuge, My portion in the land of the living.
6 အလွန် နှိမ့်ချ လျက်နေသောအကျွန်ုပ် ၏ ကြွေးကြော် သံကို နားထောင် တော်မူပါ။ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့လက်မှ ကယ်နှုတ် တော်မူပါ။ သူတို့သည် အကျွန်ုပ် ထက် သာ၍ခွန်အား ကြီးကြပါ၏။
Attend to my cry, for I am brought very low; Deliver me from my persecutors, For they prevail against me!
7 နာမတော် ကို အကျွန်ုပ်ချီးမွမ်း ရမည်အကြောင်း ၊ အကျွန်ုပ် ကို ထောင် ထဲက နှုတ်ဆောင် တော်မူပါ။ ထိုသို့ ကျေးဇူး ပြုတော်မူသောအခါ၊ ဖြောင့်မတ် သောသူတို့သည် အကျွန်ုပ် ကို ဝန်းရံ လျက်နေရကြပါလိမ့်မည်။
Bring me out of prison, That I may praise thy name! The righteous shall gather around me, When thou shalt show me thy favor.

< ဆာလံ 142 >