< ဆာလံ 141 >
1 ၁ အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် အော်ဟစ် ပါ၏။ အလျင်အမြန်ကြွလာ တော်မူပါ။ ကိုယ်တော် ကို အော်ဟစ် သောအခါ ၊ အကျွန်ုပ် ၏ စကား သံကို နားထောင် တော်မူပါ။
“For the leader of the music. A psalm of David.” I cry to thee, O LORD! make haste unto me! Give ear to my voice, when I cry unto thee!
2 ၂ အကျွန်ုပ် ၏ ပဌနာ သည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက် ကိုချီ ခြင်းသည် ညဦးယံ ပူဇော် သက္ကာ ကဲ့သို့၎င်း၊ ရှေ့ တော်၌ပြင်ဆင် လျက် ရှိပါစေသော။
Let my prayer come before thee as incense, And the lifting-up of my hands, as the evening sacrifice!
3 ၃ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏နှုတ် ရှေ့ မှာ ကင်း ကို ထား တော်မူပါ။ အကျွန်ုပ် ၏နှုတ်ခမ်း တံခါး ကို စောင့် တော်မူပါ။
Set a watch, O LORD! before my mouth; Guard the door of my lips!
4 ၄ ဒုစရိုက် ကိုပြု သောသူ တို့နှင့်အတူ အကျွန်ုပ်ပါ၍၊ မ တရားသောအမှု ၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှါ၊ အကျွန်ုပ် ၏စိတ် နှလုံးကို မ ကောင်းသောအမှု အရာသို့ သွေးဆောင် တော်မ မူပါနှင့်။ ထိုသူ တို့၏ ခဲဘွယ် စားဘွယ်တို့ကို အကျွန်ုပ်မ စား ပါစေနှင့်။
Let not my heart incline to any evil thing; Let me not practise wickedness with the doers of iniquity, And let me not eat of their delicacies!
5 ၅ ဖြောင့်မတ် သောသူသည် အကျွန်ုပ် ကို ဒဏ်ခတ် ပါစေသော၊ ကျေးဇူး ရှိပါလိမ့်မည်။ ဆုံးမ ပါစေသော၊ အကျွန်ုပ် ဦးခေါင်း ကိုလိမ်းသောဆီ ဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ် မ ငြင်း ပါ။ ယခု မူကား၊ သူတပါး ပြုသောအဓမ္မ အမှုတဘက် ၌ ဆုတောင်း ရပါ၏။
Let the righteous smite me, —it shall be a kindness; Let him reprove me, and it shall be oil for my head; Let him do it again, and my head shall not refuse it; But now I pray against their wickedness!
6 ၆ သူ တို့၏အကဲ အမှုးတို့သည် ကျောက် တွင်း နားမှ လွတ် ၍ ၊ အကျွန်ုပ် ၏စကား ကို ကြား ရကြပါ၏။ ထို စကား လည်း ချို ပါ၏။
When their judges are hurled over the side of the rock, They shall hear how pleasant are my words.
7 ၇ မြေ ပေါ် မှာထင်းကိုခုတ် ၍ ခွဲ သကဲ့သို့ ၊ မရဏာ နိုင်ငံတံခါး ဝမှာ အကျွန်ုပ် တို့၏ အရိုး များတို့သည် ကွဲပြား လျက်ရှိကြပါ၏။ (Sheol )
So are our bones scattered at the mouth of the underworld, As when one furroweth and ploweth up the land. (Sheol )
8 ၈ အိုဘုရား ရှင်ထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် မျှော်ကြည့် ပါ၏။ ကိုယ်တော်၌ခိုလှုံ ပါ၏။ အကျွန်ုပ် ၏အသက် ကို သွန်ပစ် စေတော်မ မူပါနှင့်။
But to thee do my eyes look, O Lord Jehovah! In thee is my trust; Let not my life be poured out!
9 ၉ အကျွန်ုပ် ဘို့ ထောင် ထားကြသောကျော့ကွင်း မှ ၎င်း၊ ဒုစရိုက် ကို ပြု သောသူတို့၏ညွှတ် မှ၎င်း ၊ အကျွန်ုပ် ကို လွတ် စေတော်မူပါ။
Preserve me from the snares which they have laid for me, And from the nets of evil-doers!
10 ၁၀ ထိုသို့အကျွန်ုပ် သည်လွန် သွားသောအခါ ၊ မ တရားသော သူအပေါင်း တို့သည် မိမိ တို့ကျော့ကွင်း ထဲသို့ ကျ ကြပါစေသော။
Let the wicked fall together into their own traps, Whilst I make my escape!