< ဆာလံ 141 >

1 အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် အော်ဟစ် ပါ၏။ အလျင်အမြန်ကြွလာ တော်မူပါ။ ကိုယ်တော် ကို အော်ဟစ် သောအခါ ၊ အကျွန်ုပ် ၏ စကား သံကို နားထောင် တော်မူပါ။
“A psalm of David.” O Lord, I call thee, hasten unto me: give ear unto my voice, when I call unto thee.
2 အကျွန်ုပ် ၏ ပဌနာ သည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက် ကိုချီ ခြင်းသည် ညဦးယံ ပူဇော် သက္ကာ ကဲ့သို့၎င်း၊ ရှေ့ တော်၌ပြင်ဆင် လျက် ရှိပါစေသော။
May my prayer be valued as incense before thee, the lifting up of my hands, as the evening offering.
3 အိုထာဝရဘုရား ၊ အကျွန်ုပ် ၏နှုတ် ရှေ့ မှာ ကင်း ကို ထား တော်မူပါ။ အကျွန်ုပ် ၏နှုတ်ခမ်း တံခါး ကို စောင့် တော်မူပါ။
Set, O Lord, a watch unto my mouth: keep a guard at the door of my lips.
4 ဒုစရိုက် ကိုပြု သောသူ တို့နှင့်အတူ အကျွန်ုပ်ပါ၍၊ မ တရားသောအမှု ၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်းငှါ၊ အကျွန်ုပ် ၏စိတ် နှလုံးကို မ ကောင်းသောအမှု အရာသို့ သွေးဆောင် တော်မ မူပါနှင့်။ ထိုသူ တို့၏ ခဲဘွယ် စားဘွယ်တို့ကို အကျွန်ုပ်မ စား ပါစေနှင့်။
Permit not my heart to incline after any evil thing, to practise deeds in wickedness with men that are doers of wrong: and let me not eat of their dainties.
5 ဖြောင့်မတ် သောသူသည် အကျွန်ုပ် ကို ဒဏ်ခတ် ပါစေသော၊ ကျေးဇူး ရှိပါလိမ့်မည်။ ဆုံးမ ပါစေသော၊ အကျွန်ုပ် ဦးခေါင်း ကိုလိမ်းသောဆီ ဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ် မ ငြင်း ပါ။ ယခု မူကား၊ သူတပါး ပြုသောအဓမ္မ အမှုတဘက် ၌ ဆုတောင်း ရပါ၏။
If the righteous strike me, it is a kindness; and if he reprove me, it is [as] oil poured on the head, my head shall not refuse it; for yet my prayer also [is offered] in their sufferings.
6 သူ တို့၏အကဲ အမှုးတို့သည် ကျောက် တွင်း နားမှ လွတ် ၍ ၊ အကျွန်ုပ် ၏စကား ကို ကြား ရကြပါ၏။ ထို စကား လည်း ချို ပါ၏။
Are their judges fallen down through means of a rock: then will they listen to my words; for they are pleasant.
7 မြေ ပေါ် မှာထင်းကိုခုတ် ၍ ခွဲ သကဲ့သို့ ၊ မရဏာ နိုင်ငံတံခါး ဝမှာ အကျွန်ုပ် တို့၏ အရိုး များတို့သည် ကွဲပြား လျက်ရှိကြပါ၏။ (Sheol h7585)
As when one cutteth in and splitteth open the earth: so are our bones scattered for the mouth of the grave. (Sheol h7585)
8 အိုဘုရား ရှင်ထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် မျှော်ကြည့် ပါ၏။ ကိုယ်တော်၌ခိုလှုံ ပါ၏။ အကျွန်ုပ် ၏အသက် ကို သွန်ပစ် စေတော်မ မူပါနှင့်။
For unto thee, O Eternal Lord, are my eyes directed; in thee do I trust: pour not out my life.
9 အကျွန်ုပ် ဘို့ ထောင် ထားကြသောကျော့ကွင်း မှ ၎င်း၊ ဒုစရိုက် ကို ပြု သောသူတို့၏ညွှတ် မှ၎င်း ၊ အကျွန်ုပ် ကို လွတ် စေတော်မူပါ။
Guard me from the power of the snare which they have laid for me, and the traps of the wrong-doers.
10 ၁၀ ထိုသို့အကျွန်ုပ် သည်လွန် သွားသောအခါ ၊ မ တရားသော သူအပေါင်း တို့သည် မိမိ တို့ကျော့ကွင်း ထဲသို့ ကျ ကြပါစေသော။
Let the wicked fall into their own nets, altogether—while I pass safely by.

< ဆာလံ 141 >