< ဆာလံ 140 >

1 အိုထာဝရဘုရား ၊ ဆိုး သောသူ ၏လက်မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။ ကြမ်းတမ်း သောသူ ၏လက်မှ အကျွန်ုပ် ကို ကွယ်ကာ စောင့်မတော်မူပါ။
အို ထာ​ဝ​ရ​ဘု​ရား၊ ဆိုး​ညစ်​သူ​တို့​လက်​မှ​ကျွန်​တော်​မျိုး​အား ကယ်​တော်​မူ​ပါ။ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ လုံ​ခြုံ​စွာ​ထား​တော်​မူ​ပါ။
2 ထိုသူတို့သည်နှလုံး ထဲမှာ မ ကောင်းသော အကြံ အစည် ရှိ၍ ၊ စစ်မှု ကို အစဉ် နှိုးဆော် ကြပါ၏။
သူ​တို့​သည်​အ​စဉ်​ပင်​မ​ကောင်း​မှု​ပြု​ရန် ကြံ​စည်​လျက်​အ​စဉ်​ပင်​ခိုက်​ရန်​ဖြစ်​ပွား စေ​ရန် လှုံ့​ဆော်​ပေး​ကြ​ပါ​၏။
3 သူတို့သည်မြွေ ကဲ့သို့ မိမိ တို့လျှာ ကို သွေး တတ် ကြပါ၏။ သူ တို့နှုတ်ခမ်း အထဲ မှာ မြွေဆိုး အဆိပ် အတောက်ရှိပါ၏။
သူ​တို့​၏​လျှာ​သည်​အ​ဆိပ်​ပြင်း​သော​မြွေ​နှင့်​တူ​၍ သူ​တို့​၏​စ​ကား​သည်​မြွေ​ဟောက်​၏ အ​ဆိပ်​နှင့်​တူ​ပါ​၏။
4 အိုထာဝရဘုရား ၊ မ တရားသောသူ၏ လက် မှ အကျွန်ုပ် ကိုကွယ်ကာ စောင့်မတော်မူပါ။ ကြမ်းတမ်း သောသူ ၏လက်မှ ကွယ်ကာ စောင့်မတော်မူပါ။ သူတို့သည် အကျွန်ုပ် ကိုလှဲ ခြင်းငှါ ကြံစည် ကြပါ၏။
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​သူ​ယုတ်​မာ​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ပြို​လဲ​ပျက်​စီး​စေ​ရန်​ကြံ​စည်​သူ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​လုံ​ခြုံ​စွာ ထား​တော်​မူ​ပါ။
5 မာနကြီး သောသူတို့သည် အကျွန်ုပ် ဘို့ ကျော့ကွင်း နှင့် ကြိုး သေးများကို ဝှက်ထား ကြပါ၏။ အကျွန်ုပ် သွားရာလမ်း ၌ ကွန် ရွက်ကိုဖြန့် ၍ ညွှတ် များကို ထား ကြပါ ၏။
မာန်​မာ​န​ကြီး​သူ​တို့​သည်​ကျွန်​တော်​မျိုး​အ​တွက် ထောင်​ချောက်​ကို​ထောင်​ထား​ကြ​ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​ဖမ်း​ရန် လမ်း​တွင်​ပိုက်​ကွန်​ကို​ဖြန့်​၍​ကျော့​ကွင်း​ကို ထောင်​ထား​ကြ​ပါ​ပြီ။
6 ကိုယ်တော် သည်အကျွန်ုပ် ၏ ဘုရား သခင်ဖြစ် တော်မူ၏ဟု ထာဝရဘုရား အား လျှောက် ထားပါ၏။ အိုထာဝရဘုရား ၊ အကျွန်ုပ် ဆုတောင်း သောစကား ကို နားထောင် တော်မူပါ။
``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ ဘု​ရား​ဖြစ်​တော်​မူ​၏'' ဟု​ထာ​ဝ​ရ​ဘု​ရား​အား လျှောက်​ထား​၏။ အို ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ​၏။
7 အိုဘုရား ရှင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ ကယ်တင် ခြင်းအစွမ်း သတ္တိဖြစ်တော်မူ၏။ စစ်တိုက် ရသောနေ့ ၌ အကျွန်ုပ် ၏ဦးခေါင်း ကို ဖုံးအုပ် တော်မူ၏။
အို ဘု​ရား​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​စွမ်း​အား​ကြီး​သော​ကယ်​တင်​ရှင်၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​စစ်​ပွဲ​တွင် ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​ပါ​ပြီ။
8 အိုထာဝရဘုရား ၊ မ တရားသောသူ၏ အလို ပြည့်စုံရသောအခွင့်၊ သူ ၏အကြံ ထမြောက် ရသောအခွင့် ရှိစေတော်မ မူပါနှင့်။
အို ထာ​ဝ​ရ​ဘု​ရား၊ သူ​ယုတ်​မာ​၏​အ​လို​ဆန္ဒ​ကို ပြည့်​စုံ​စေ​တော်​မ​မူ​ပါ​နှင့်။ သူ​တို့​၏​ဆိုး​ယုတ်​သော​အ​ကြံ​အ​စည်​များ​ကို အောင်​မြင်​ခွင့်​ပေး​တော်​မ​မူ​ပါ​နှင့်။
9 ထိုသို့သောသူတို့သည် အကျွန်ုပ် ပတ်လည် ၌၊ မိမိတို့ဦးခေါင်း ကို မချီးမြှောက်ရဘဲ၊ မိမိ တို့မြွက်ဆို သော မ ကောင်းကျိုးသည် မိမိ တို့ကို လွှမ်းမိုး ပါစေသော။
ကျွန်​တော်​မျိုး​၏​ရန်​သူ​များ​အား​အောင်​ပွဲ​ခံ​ခွင့် ပေး​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အား​ခြိမ်း​ခြောက်​ပြော​ဆို​သ​မျှ တို့​ကို သူ​တို့​ခံ​ကြ​ရ​ပါ​စေ​သော။
10 ၁၀ မီးခဲ တို့သည် ထိုသူ တို့အပေါ် သို့ ကျ ရောက်ကြ ပါစေသော။ မီး ထဲသို့ ၎င်း၊ နက် သောတွင်းထဲသို့ ၎င်း ကျ ကြ ပါစေသော။ တဖန်မ ထ ကြပါစေနှင့်။
၁၀မီး​ကျီး​ခဲ​များ​သည်​သူ​တို့​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​တွင်း​ထဲ​သို့​ကျ​ပြီး​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​၍​မ​တက်​နိုင်​ပါ​စေ​နှင့်။
11 ၁၁ ကဲ့ရဲ့ တတ်သောသူ သည် မြေ ပေါ် မှာ နေရာ မ မြဲ ပါစေနှင့်။ ကြမ်းတမ်း သောသူ ကိုလည်း ဖျက်ဆီး သည် တိုင်အောင် ဘေးဥပဒ် သည် လိုက် ပါစေသော။
၁၁သူ​တစ်​ပါး​တို့​အား​လိမ်​လည်​စွပ်​စွဲ​ကြ သူ​တို့​သည် မ​အောင်​မြင်​ပါ​စေ​နှင့်။ မ​ကောင်း​မှု​သည်​အ​ကြမ်း​ဖက်​သ​မား​တို့​အား အ​မီ​လိုက်​၍​သုတ်​သင်​ဖျက်​ဆီး​ပါ​စေ​သော။
12 ၁၂ ထာဝရဘုရား သည်ဆင်းရဲ သောသူ ၏အမှု ကို စောင့် ၍၊ ငတ်မွတ် သောသူဘက်၌ တရား စီရင်တော်မူမည် ဟု ငါသိ ၏။
၁၂အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ဆင်း​ရဲ​သူ​တို့​၏​အ​ကျိုး​နှင့် ချို့​တဲ့​နွမ်း​ပါး​သူ​တို့​၏​အ​ခွင့်​အ​ရေး​များ​ကို ကွယ်​ကာ​တော်​မူ​ကြောင်း​ကျွန်​တော်​မျိုး​သိ​ပါ​၏။
13 ၁၃ အကယ် စင်စစ်တရား သောသူတို့သည် နာမတော် ကို ချီးမွမ်း ကြပါလိမ့်မည်။ သဘော ဖြောင့်သောသူတို့ သည် အထံ တော်၌ နေ ရကြပါလိမ့်မည်။
၁၃သူ​တော်​ကောင်း​တို့​သည်​ကိုယ်​တော်​ရှင်​အား အ​မှန်​ပင် ထော​မ​နာ​ပြု​ကြ​ပါ​လိမ့်​မည်။ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​မှောက်​တွင် နေ​ရ​ကြ​ပါ​လိမ့်​မည်။

< ဆာလံ 140 >