< ဆာလံ 139 >
1 ၁ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို စစ်ကြော ၍ သိ တော်မူ၏။
To the chief Musician, A Psalm of David. O LORD, thou hast searched me, and known [me].
2 ၂ အကျွန်ုပ် ထိုင် ခြင်း၊ ထ ခြင်းအရာတို့ကို သိ တော်မူ ၏။ အကျွန်ုပ် အကြံ အစည်တို့ကို အဝေး က ပင် နားလည် တော်မူ၏။
Thou knowest my down-sitting and my up rising, thou understandest my thought afar off.
3 ၃ အကျွန်ုပ် သွားသောလမ်း ကို၎င်း ၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ် ကျင့် သောအကျင့် အလုံးစုံ တို့ကို ကျွမ်း တော်မူ၏။
Thou compassest my path and my lying down, and art acquainted [with] all my ways.
4 ၄ အကျွန်ုပ် သည် စကား တခွန်း ကိုမျှ မ မြွက်သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကြွင်းမဲ့ သိ တော်မူ၏။
For [there is] not a word on my tongue, [but] lo, O LORD, thou knowest it altogether.
5 ၅ ကိုယ်တော်သည်အကျွန်ုပ် ကို ပတ်လည် ဝိုင်းထား ၍ ၊ အကျွန်ုပ် အပေါ် မှာ လက် တော်ကိုတင် တော်မူပြီ။
Thou hast beset me behind and before, and laid thy hand upon me.
6 ၆ ထိုသို့သော ဉာဏ် သည် အံ့ဩ ဘွယ်ဖြစ်၍၊ အကျွန်ုပ် မတတ်နိုင်ပါ။ မြင့်မြတ် သည်ဖြစ်၍အကျွန်ုပ် မ မှီနိုင် ပါ။
[Such] knowledge [is] too wonderful for me; it is high, I cannot [attain] to it.
7 ၇ ဝိညာဉ် တော်နှင့် လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွား နိုင်ပါမည်နည်း။ မျက်နှာ တော်နှင့် လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ ပြေး နိုင်ပါမည်နည်း။
Whither shall I go from thy spirit? or whither shall I flee from thy presence?
8 ၈ ကောင်းကင် သို့တက် လျှင် ကိုယ်တော် ရှိ တော်မူ၏။ မရဏ နိုင်ငံ၌ အိပ်ရာကိုခင်း လျှင် ကိုယ်တော် ရှိ တော်မူ ၏။ (Sheol )
If I ascend into heaven, thou [art] there: if I make my bed in hell, behold, thou [art there]. (Sheol )
9 ၉ နံနက် အတောင် တို့ကိုယူ ၍ သမုဒ္ဒရာ စွန်း ၌ နေ လျှင်၊
[If] I take the wings of the morning, [and] dwell in the uttermost parts of the sea;
10 ၁၀ ထို အရပ်၌ ပင် ကိုယ်တော် ၏လက် သည် အကျွန်ုပ် ကို ပို့ဆောင် လျက် ၊ လက်ျာ လက်တော်သည် ကိုင် လျက်ရှိပါလိမ့်မည်။
Even there shall thy hand lead me, and thy right hand shall hold me.
11 ၁၁ အကယ်၍ မှောင်မိုက် သည်ငါ့ ကိုဖုံးလွှမ်း မည်ဟု တဖန် ဆို လျှင်၊ ညဉ့် သည်လည်း အကျွန်ုပ် ပတ်ဝန်းကျင် ၌ အလင်း ဖြစ်ပါလိမ့်မည်။
If I say, Surely the darkness shall cover me; even the night shall be light about me.
12 ၁၂ အကယ် စင်စစ်မှောင်မိုက် သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မ ဖုံးနိုင်ပါ။ ညဉ့် သည် နေ့ ကဲ့သို့ လင်း ပါ၏။ မှောင်မိုက် သဘောနှင့် အလင်း သဘောသည် တူ ပါ၏။
Yes, the darkness hideth not from thee; but the night shineth as the day: the darkness and the light [are] both alike [to thee].
13 ၁၃ ကိုယ်တော်သည် အကျွန်ုပ် ၏ ကျောက်ကပ် ကို ပင် ဖန်ဆင်း ၍၊ အမိ ဝမ်း ထဲမှာ အကျွန်ုပ် ကို ဖုံးအုပ် တော်မူပြီ။
For thou hast possessed my reins: thou hast covered me in my mother's womb.
14 ၁၄ အကျွန်ုပ်သည် ကြောက်မက် ဘွယ်သော လက္ခဏာ၊ ထူးဆန်း သော လက္ခဏာတို့နှင့် ပြည့်စုံသည် ဖြစ်၍၊ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ ပြုပြင်တော်မူသောအမှု တို့သည် အံ့ဩ ဘွယ်ဖြစ်ကြောင်း ကို အကျွန်ုပ် ၏ စိတ် ဝိညာဉ်သည်အမှန် သိ ပါ၏။
I will praise thee: for I am fearfully [and] wonderfully made: wonderful [are] thy works; and [that] my soul well knoweth.
15 ၁၅ မ ထင်ရှားသော အရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း ၍၊ မြေကြီး အောက် အရပ်၌ စေ့စပ် စွာ ပြုပြင်တော်မူသောအခါ ၊ အကျွန်ုပ် ၏ကိုယ် ခန္ဓါသည် ရှေ့တော်၌ ထင်ရှား လျက်ရှိပါ၏။
My substance was not hid from thee when I was made in secret, [and] curiously formed in the lowest parts of the earth.
16 ၁၆ မစုံလင်သေးသော အကျွန်ုပ် ၏အလုံး အထွေးကိုလည်း ကိုယ်တော် သည်ကြည့်ရှု ၍ မြင် တော်မူပြီ။ ထိုအရာ တို့ကို ပြုပြင် ၍ တစုံ တခုမျှ မ ရှိမှီကာလ တွင်၊ ကိုယ်တော် ၏ စာရင်း ၌ အကုန် အစင်မှတ်သား လျက် ရှိကြပါ၏။
Thy eyes saw my substance, yet being imperfect; and in thy book all [my members] were written, [which] in continuance were fashioned, when [as yet there was] none of them.
17 ၁၇ အိုဘုရား သခင်၊ အကျွန်ုပ် ၌ ကိုယ်တော် ၏ အကြံအစည်တို့သည် အလွန် ထူးဆန်း ကြပါ၏။ အလွန် များပြား ကြပါ၏။
How precious also are thy thoughts to me, O God! how great is the sum of them!
18 ၁၈ ထို အကြံအစည်တော်တို့ကို ရေတွက် လျှင်၊ သဲလုံး နှင့်အမျှမက သာ၍များပြား ကြပါ၏။ အကျွန်ုပ်သည် နိုး သောအခါ ကိုယ်တော် ထံ၌ အစဉ် ရှိပါ၏။
[If] I should count them, they are more in number than the sand: when I awake, I am still with thee.
19 ၁၉ အိုဘုရား သခင်၊ ကိုယ်တော်သည် မ တရားသောသူတို့ ကို ကွပ်မျက် တော်မူပါစေသော။ လူ အသက် ကိုသတ် တတ်သောသူတို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။
Surely thou wilt slay the wicked, O God: depart from me therefore, ye bloody men.
20 ၂၀ ထိုသူတို့သည် ကိုယ်တော် တဘက်၌ မနာလို သောစိတ်နှင့်ပြောဆို ၍၊ ကိုယ်တော် ၏ရန်သူ တို့သည် မ တရားသဖြင့် ဝါကြွား ကြပါ၏။
For they speak against thee wickedly, [and] thy enemies take [thy name] in vain.
21 ၂၁ အိုထာဝရဘုရား ၊ ကိုယ်တော် ကို မုန်း သောသူတို့ ကို အကျွန်ုပ်မုန်း ပါသည်မ ဟုတ်လော။ အာဏာ တော် ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံ့ရှာ ပါသည် မဟုတ် လော။
Do not I hate them, O LORD, that hate thee? and am not I grieved with those that rise up against thee?
22 ၂၂ ထိုသူ တို့ကို စိတ် နှလုံးအကြွင်းမဲ့မုန်း ပါ၏။ ကိုယ် ရန်သူ ကဲ့သို့ မှတ် ပါ၏။
I hate them with perfect hatred: I count them my enemies.
23 ၂၃ အိုဘုရား သခင်၊ အကျွန်ုပ် ကို စစ်ကြော ၍ ၊ အကျွန်ုပ် ၏နှလုံး ကို သိမှတ် တော်မူပါ။ စုံစမ်း ၍ စိတ် အထင်များကိုလည်း သိမှတ် တော်မူပါ။
Search me, O God, and know my heart; try me, and know my thoughts:
24 ၂၄ ဆိုး သောလမ်း သို့ အကျွန်ုပ် လိုက် သည် မလိုက် သည်ကို ကြည့်ရှု ၍ ၊ ထာဝရ လမ်း ထဲသို့ သွေးဆောင် တော်မူ ပါ။
And see if [there is any] wicked way in me, and lead me in the way everlasting.