< ဆာလံ 137 >

1 ဗာဗုလုန် မြစ် တို့အနား မှာ ငါတို့သည်ထိုင် ၍ ၊ ဇိအုန် မြို့ကို အောက်မေ့ လျက် ငိုကြွေး ကြ၏။
ဇိ​အုန်​မြို့​ကို​သ​တိ​ရ​သော​အ​ခါ ငါ​တို့​သည်​ဗာ​ဗု​လုံ​ပြည်​မြစ်​ချောင်း​များ အ​နီး​တွင်​ထိုင်​၍​ငို​ကြွေး​ကြ​၏။
2 ငါ တို့စောင်း များကိုလည်း ထို အရပ်တွင် မိုဃ်းမခ ပင်တို့၌ ဆွဲထား ကြ၏။
အ​နီး​အ​နား​ရှိ​မိုး​မ​ခ​ပင်​များ​တွင်​ငါ​တို့​၏ စောင်း​များ​ကို​ချိတ်​ဆွဲ​ထား​ကြ​၏။
3 အကြောင်း မူကား၊ ထို အရပ်၌ ငါ တို့ကို ဘမ်း သွားချုပ်ထားသော သူနှင့် ၊ ငါ တို့ကိုညှဉ်းဆဲ သောသူတို့က၊ ဇိအုန် သီချင်း ကို ငါ တို့အား ဆို ကြလော့ဟု၊ သီချင်း ဆိုသံ ကို၎င်း၊ ရွှင်လန်း သော အသံကို၎င်း၊ ငါ တို့၌ တောင်း ကြပါ သည်တကား။
ငါ​တို့​ကို​ဖမ်း​သွား​ကြ​သူ​များ​က``ငါ​တို့​အား ဖျော်​ဖြေ​ရန်​ဇိ​အုန်​မြို့​အ​ကြောင်း သီ​ချင်း​ဆို​ပြ​ပါ'' ဟု​ငါ​တို့​အား​ခိုင်း​ကြ​၏။
4 တကျွန်း တနိုင်ငံ၌ ထာဝရဘုရား ၏ သီချင်း ကို အဘယ်သို့ ဆို ရပါမည်နည်း။
ထာ​ဝ​ရ​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ချီး​မွမ်း သီ​ချင်း​ကို ငါ​တို့​သည်​အ​ဘယ်​သို့​လျှင်​နိုင်​ငံ​ရပ်​ခြား​၌ ဆို​နိုင်​ကြ​ပါ​မည်​နည်း။
5 အိုယေရုရှလင် မြို့၊ သင့် ကို ငါမေ့ လျှင် ငါ့ လက်ျာ လက်သည် မိမိအတတ်ကိုမေ့ ပါစေ။
အို ယေ​ရု​ရှ​လင်​မြို့၊သင့်​ကို​ငါ​မေ့​လျော့​ပါ​လျှင် ငါ​သည်​စောင်း​ကို​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ ၌​မျှ မ​တီး​နိုင်​ဘဲ​နေ​ပါ​စေ​သော။
6 သင့် ကိုငါမ အောက်မေ့ ၊ အမြတ် ဆုံးသော ဝမ်းမြောက် ခြင်းအကြောင်း ထက်၊ ယေရုရှလင် မြို့ကို အမြတ် မ ထားလျှင် ၊ ငါ့ လျှာ သည် အာခေါင် ၌ ထပ် ပါစေ။
ငါ​သည်​သင့်​ကို​သ​တိ​မ​ရ​လျှင်​သော်​လည်း​ကောင်း၊ သင့်​ကို​ငါ့​အား​ဝမ်း​မြောက်​ရွှင်​လန်း​ဆုံး​ဖြစ်​စေ​သည့် မြို့​အ​ဖြစ်​ဖြင့် အ​မြတ်​တ​နိုး​မ​ထား​လျှင်​သော်​လည်း​ကောင်း ငါ​သည်​နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ သီ​ချင်း​မ​ဆို​နိုင်​ဘဲ​နေ​ပါ​စေ​သော။
7 အိုထာဝရဘုရား ၊ ယေရုရှလင် မြို့၏ နေ့ရက်အချိန်ရောက်သောအခါ၊ မြို့ရိုး ကို အမြစ် တိုင်အောင် ရှင်း လိုက်ကြ၊ ရှင်း လိုက်ကြဟု ဆို ကြသော ဧဒုံ အမျိုးသား တို့ကို အောက်မေ့ တော်မူပါ။
အို ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ချိန်​၌ ဧ​ဒုံ​အ​မျိုး​သား​တို့​ပြု​သည့်​အ​မှု​ကို သ​တိ​ရ​တော်​မူ​ပါ။ ``ဤ​မြို့​ကို​မြေ​ပြင်​နှင့်​တ​ပြေး​ညီ​အောင် ဖြို​ဖျက်​ကြ​လော့'' ဟု​ထို​သူ​တို့​ပြော​ဆို​ခဲ့​ကြ​သော စ​ကား​ကို​သ​တိ​ရ​တော်​မူ​ပါ။
8 ဖျက်ဆီး တတ်သော ဗာဗုလုန် မင်းသမီး ၊ သင် သည် ငါ တို့၌ ပြု သည်အတိုင်း ၊ သင် ၌ အပြစ် ကိုဆပ်ပေး သောသူ သည် မင်္ဂလာ ရှိ၏။
အို ဗာ​ဗု​လုန်​မြို့၊သင်​သည်​ဖြို​ဖျက်​ခြင်း​ခံ​ရ ပေ​လိမ့်​မည်။ ငါ​တို့​ကို​သင်​ပြု​ကျင့်​ခဲ့​သည့်​အ​မှု​အ​တွက် သင့်​အား​လက်​စား​ချေ​သူ၊ သင်​၏​နို့​စို့​က​လေး​တို့​ကို​ကိုင်​၍​ကျောက်​ပေါ်​တွင် ဆောင့်​သတ်​သူ​သည်​မင်္ဂလာ​ရှိ​၏။
9 သင် ၏သူငယ် တို့ကိုကိုင်ယူ ၍ ၊ ကျောက် ပေါ် မှာ ဆောင့် သောသူသည် မင်္ဂလာ ရှိ၏။

< ဆာလံ 137 >