< ဆာလံ 137 >
1 ၁ ဗာဗုလုန် မြစ် တို့အနား မှာ ငါတို့သည်ထိုင် ၍ ၊ ဇိအုန် မြို့ကို အောက်မေ့ လျက် ငိုကြွေး ကြ၏။
By the rivers of Babylon, there we sat down, yea, we wept when we remembered Zion.
2 ၂ ငါ တို့စောင်း များကိုလည်း ထို အရပ်တွင် မိုဃ်းမခ ပင်တို့၌ ဆွဲထား ကြ၏။
Upon the willows in the midst of it we hung up our harps.
3 ၃ အကြောင်း မူကား၊ ထို အရပ်၌ ငါ တို့ကို ဘမ်း သွားချုပ်ထားသော သူနှင့် ၊ ငါ တို့ကိုညှဉ်းဆဲ သောသူတို့က၊ ဇိအုန် သီချင်း ကို ငါ တို့အား ဆို ကြလော့ဟု၊ သီချင်း ဆိုသံ ကို၎င်း၊ ရွှင်လန်း သော အသံကို၎င်း၊ ငါ တို့၌ တောင်း ကြပါ သည်တကား။
For there those who led us captive required of us songs, and those who wasted us, mirth, saying, Sing for us one of the songs of Zion.
4 ၄ တကျွန်း တနိုင်ငံ၌ ထာဝရဘုရား ၏ သီချင်း ကို အဘယ်သို့ ဆို ရပါမည်နည်း။
How shall we sing Jehovah's song in a foreign land?
5 ၅ အိုယေရုရှလင် မြို့၊ သင့် ကို ငါမေ့ လျှင် ငါ့ လက်ျာ လက်သည် မိမိအတတ်ကိုမေ့ ပါစေ။
If I forget thee, O Jerusalem, let my right hand forget.
6 ၆ သင့် ကိုငါမ အောက်မေ့ ၊ အမြတ် ဆုံးသော ဝမ်းမြောက် ခြင်းအကြောင်း ထက်၊ ယေရုရှလင် မြို့ကို အမြတ် မ ထားလျှင် ၊ ငါ့ လျှာ သည် အာခေါင် ၌ ထပ် ပါစေ။
Let my tongue cling to the roof of my mouth, if I do not remember thee, if I do not prefer Jerusalem above my chief joy.
7 ၇ အိုထာဝရဘုရား ၊ ယေရုရှလင် မြို့၏ နေ့ရက်အချိန်ရောက်သောအခါ၊ မြို့ရိုး ကို အမြစ် တိုင်အောင် ရှင်း လိုက်ကြ၊ ရှင်း လိုက်ကြဟု ဆို ကြသော ဧဒုံ အမျိုးသား တို့ကို အောက်မေ့ တော်မူပါ။
Remember, O Jehovah, the day of Jerusalem against the sons of Edom, who said, Raze it, raze it, even to the foundation thereof.
8 ၈ ဖျက်ဆီး တတ်သော ဗာဗုလုန် မင်းသမီး ၊ သင် သည် ငါ တို့၌ ပြု သည်အတိုင်း ၊ သင် ၌ အပြစ် ကိုဆပ်ပေး သောသူ သည် မင်္ဂလာ ရှိ၏။
O daughter of Babylon, who is to be destroyed, happy shall he be who rewards thee as thou have served us.
9 ၉ သင် ၏သူငယ် တို့ကိုကိုင်ယူ ၍ ၊ ကျောက် ပေါ် မှာ ဆောင့် သောသူသည် မင်္ဂလာ ရှိ၏။
Happy shall he be who takes and dashes thy little ones against the rock.