< ဆာလံ 136 >

1 ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Ku yi godiya ga Ubangiji, gama nagari ne shi.
2 ဘုရား တို့၏အရှင် ၊ ဘုရား သခင်၏ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Ku yi godiya ga Allahn alloli.
3 အရှင် တို့၏သခင် ၊ ဘုရား ရှင်၏ ကရုဏာ တော် အစဉ် အမြဲတည် သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Ku yi godiya ga Ubangijin iyayengiji.
4 ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အံ့ဘွယ် သောအမှုတို့ကို တပါး တည်းသာ ပြု တော်မူထသော၊
Gare shi wanda shi kaɗai yake aikata abubuwan banmamaki,
5 ကရုဏာ တော်အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ပညာ တရားအတိုင်း ကောင်းကင် ကို ဖန်ဆင်း တော်မူထသော၊
Wanda ta wurin ganewarsa ya yi sammai,
6 ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ရေ ပေါ် မှာ မြေကြီး ကို ဖြန့် တော်မူထသော၊
Wanda ya shimfiɗa duniya a kan ruwaye,
7 ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အလင်း အိမ်ကြီး တို့ကို ဖန်ဆင်း တော်မူထသော၊
Wanda ya yi manyan haskoki,
8 ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ နေ့ ကိုအုပ်စိုး ရသောနေ ကို၎င်း ၊
Rana don tă yi mulkin yini,
9 ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ညဉ့် ကို အုပ်စိုး ရသောလ နှင့် ကြယ် များကို၎င်းဖန်ဆင်းတော်မူထသော၊
Wata da taurari kuma don su yi mulkin dare;
10 ၁၀ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အဲဂုတ္တု ပြည်မှာ သားဦး များကို ဒဏ်ခတ် တော်မူထသော၊
Gare shi wanda ya kashe’ya’yan fari Masar
11 ၁၁ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အားကြီးသော လက်၊ ဆန့်သော လက်ရုံးတော်ကို လက်နက်ပြုတော်မူထသော၊
Ya kuma fitar da Isra’ila daga cikinsu
12 ၁၂ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဣသရေလ အမျိုးကို အဲဂုတ္တု ပြည်သားတို့ အထဲ က ထုတ် ဆောင်တော်မူထသော၊
Da hannu mai ƙarfi da hannu mai iko;
13 ၁၃ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဧဒုံ ပင်လယ် ကို အပိုင်းပိုင်း ခွဲ တော်မူထသော၊
Gare shi wanda ya raba Jan Teku biyu
14 ၁၄ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ပင်လယ်အလယ် ၌ ဣသရေလ အမျိုးကို ရှောက်သွား စေတော်မူထသော၊
Ya kawo Isra’ila ta tsakiyarsa,
15 ၁၅ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဖာရော မင်းနှင့် ဗိုလ်ခြေ များကို ဧဒုံ ပင်လယ် ထဲ၌ လှဲချ တော်မူထသော၊
Amma ya share Fir’auna da mayaƙansa cikin Jan Teku;
16 ၁၆ ကရုဏာ တော် အစဉ် အမြဲတည် သည်ဖြစ်၍ ၊ မိမိ လူစု ကိုတော ၌ ပို့ဆောင် တော်မူထသော၊
Gare shi wanda ya bi da mutanensa cikin hamada,
17 ၁၇ ကရုဏာ တော် အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ကြီး သောဘုရင် တို့ကို ဒဏ်ခတ် တော်မူထသော၊
Wanda ya buge manyan sarakuna,
18 ၁၈
Ya karkashe manyan sarakuna,
19 ၁၉
Sihon sarkin Amoriyawa
20 ၂၀ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ အာမောရိ ပြည်ကို အစိုးရ သောရှိဟုန် မင်းကို ၎င်း၊ ကရုဏာ တော်အစဉ် အမြဲတည် သည်ဖြစ်၍ ၊ ဗာရှန် ပြည် ကိုအစိုးရ သောဩဃ မင်းကို ၎င်း၊ ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ဘုန်းကြီး သော ဘုရင် များကို၎င်း၊ လုပ်ကြံ တော်မူထသော၊
Da kuma Og sarkin Bashan,
21 ၂၁ ကရုဏာ တော် အစဉ် အမြဲတည်သည်ဖြစ်၍ ၊ သူ တို့နေရာမြေ ကို လွှဲ တော်မူထသော၊
Ya kuma ba da ƙasarsu gādo,
22 ၂၂ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ မိမိ ကျွန် ဣသရေလ အမျိုးအား အမွေ ကို ပေးချတော်မူထသော၊
Gādo ga bawansa Isra’ila;
23 ၂၃ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ နှိမ့်ချ လျက်နေသောငါ တို့ကိုအောက်မေ့ တော်မူထသော၊
Shi wanda ya tuna da mu cikin ƙasƙancinmu
24 ၂၄ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ငါ တို့ကိုရန်သူ တို့ အထဲ က ရွေးနှုတ် တော်မူထသော၊
Ya kuma’yantar da mu daga abokan gābanmu,
25 ၂၅ ကရုဏာ တော်အစဉ် အမြဲတည်သည်ဖြစ်၍ ၊ ခပ်သိမ်း သောသတ္တဝါ တို့ကို ကျွေးမွေး တော်မူသော၊
Wanda kuma ke ba da abinci ga kowace halitta.
26 ၂၆ ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင်၏ ကရုဏာ တော်သည် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Ku yi godiya ga Allah na sama.

< ဆာလံ 136 >