< ဆာလံ 135 >

1 ထာဝရဘုရား ၏ နာမတော် ကို ချီးမွမ်း ကြလော့။
Hallelujah. Praise ye the name of the LORD; give praise, O ye servants of the LORD,
2 ထာဝရဘုရား ၏ အိမ် တော်၊ ငါ တို့ ဘုရား သခင် ၏ အိမ် တော်တန်တိုင်း တွင် အမှု စောင့်သော ထာဝရဘုရား ၏ ကျွန် တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။
Ye that stand in the house of the LORD, in the courts of the house of our God.
3 ထာဝရဘုရား သည် ကောင်းမြတ် တော်မူသောကြောင့် ၊ ထာဝရ ဘုရားကို ချီးမွမ်း ကြလော့။ နာမ တော်ကို ထောမနာသီချင်း ဆိုကြလော့။ ထိုသို့ သော အမှုသည် တင့်တယ် လျောက်ပတ်ပေ၏။
Praise ye the LORD, for the LORD is good; sing praises unto His name, for it is pleasant.
4 အကြောင်း မူကား၊ ထာဝရ ဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော် အဘို့ ၎င်း၊ ဣသရေလ အမျိုးကို ဘဏ္ဍာ တော်ဖြစ် စေခြင်းငှါ၎င်း ရွေးကောက် တော်မူပြီ။
For the LORD hath chosen Jacob unto Himself, and Israel for His own treasure.
5 ထာဝရဘုရား သည် ကြီး တော်မူကြောင်း ၊ ငါ တို့ ၏ဘုရား ရှင်သည် ဘုရား တကာ တို့ထက် မြတ်တော်မူ ကြောင်း ကို ငါ သိ ၏။
For I know that the LORD is great, and that our Lord is above all gods.
6 ထာဝရဘုရား သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ နက်နဲ ရာအရပ်ရပ်တို့၌ အလိုတော် ရှိသမျှ တို့ကို ပြု တော်မူ၏။
Whatsoever the LORD pleased, that hath He done, in heaven and in earth, in the seas and in all deeps;
7 မြေကြီး စွန်း မှ မိုဃ်းတိမ် တို့ကို တက် စေတော်မူ ၏။ မိုဃ်း နှင့်တကွ လျှပ်စစ် ကို ဖန်ဆင်း တော်မူ၏။ ဘဏ္ဍာ တော်တိုက်ထဲက လေ ကို ထုတ် တော်မူ၏။
Who causeth the vapours to ascend from the ends of the earth; He maketh lightnings for the rain; He bringeth forth the wind out of His treasuries.
8 အဲဂုတ္တု ပြည်၌ လူ မှစ၍ တိရစ္ဆာန် တိုင်အောင် သားဦး ရှိသမျှတို့ကို ဒဏ်ခတ် တော်မူ၏။
Who smote the first-born of Egypt, both of man and beast.
9 အို အဲဂုတ္တု ပြည်၊ သင် ၏ အထဲ မှာ ဖာရော မင်းမှစ၍ ၊ သူ ၏ကျွန် အပေါင်း တို့၏အပေါ် သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ် သောအမှုတို့ကို စေလွှတ် တော်မူ၏။
He sent signs and wonders into the midst of thee, O Egypt, upon Pharaoh, and upon all his servants.
10 ၁၀ အာမောရိ ပြည်ကို အစိုး ရသောရှိဟုန် မင်း၊
Who smote many nations, and slew mighty kings:
11 ၁၁ ဗာရှန် ပြည်ကို အစိုးရ သော ဩဃ မင်းနှင့်တကွ ၊ ဘုန်းကြီး သော ရှင် ဘုရင်များကို ကွပ်မျက် ၍ ၊ များပြား သော လူမျိုး နှင့်တကွ ၊ ခါနာန် တိုင်း နိုင်ငံအပေါင်း တို့ကို လုပ်ကြံ သဖြင့်၊
Sihon king of the Amorites, and Og king of Bashan, and all the kingdoms of Canaan;
12 ၁၂ သူ တို့နေရာ မြေ ကိုလွှဲ ၍ ၊ မိမိ လူ ဣသရေလ အမျိုးအား အမွေ ကို ပေးချတော်မူ၏။
And gave their land for a heritage, a heritage unto Israel His people.
13 ၁၃ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ အမည် သည် နိစ္စ ထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား ၊ ဘွဲ့ နာမတော်သည် ကာလ အစဉ်အဆက် တည်ပါ၏။1
O LORD, Thy name endureth for ever; thy memorial, O LORD, throughout all generations.
14 ၁၄ ထာဝရဘုရား သည် မိမိ ကျွန် တို့၏ အတွက် နောင်တ ရ၍ ၊ မိမိ လူစု ဘက်မှ တရား စီရင်တော်မူ၏။
For the LORD will judge His people, and repent Himself for His servants.
15 ၁၅ သာသနာပ လူတို့ ကိုးကွယ်သော ရုပ်တု တို့ကား ငွေ လည်းဖြစ်၏။ ရွှေ လည်းဖြစ်၏။ လူ လက် ဖြင့် လုပ် သော အရာပေတည်း။
The idols of the nations are silver and gold, the work of men's hands.
16 ၁၆ ထို ရုပ်တုတို့သည် နှုတ် ရှိ၍ စကား မ ပြောတတ်။ မျက်စိ ရှိ၍ မ မြင် တတ်။
They have mouths, but they speak not; eyes have they, but they see not;
17 ၁၇ နား ရှိ၍ မ ကြား တတ်။ သူ တို့ပစပ် ၌ လည်း ထွက် သက်ဝင်သက် မ ရှိ ပါတကား။
They have ears, but they hear not; neither is there any breath in their mouths.
18 ၁၈ လုပ် သောသူတို့ လည်း အတူတူ ၊ ကိုးစား သော သူ အပေါင်း တို့လည်း အတူတူပါ တကား။
They that make them shall be like unto them; yea, every one that trusteth in them.
19 ၁၉ အိုဣသရေလ အမျိုး ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ အိုအာရုန် အမျိုးအနွယ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။
O house of Israel, bless ye the LORD; O house of Aaron, bless ye the LORD;
20 ၂၀ အိုလေဝိ အမျိုးအနွယ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
O house of Levi, bless ye the LORD; ye that fear the LORD, bless ye the LORD.
21 ၂၁ ယေရုရှလင် မြို့မှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား သည် ဇိအုန် တောင်ပေါ် မှာ မင်္ဂလာ ရှိတော်မူ စေသတည်း။ ဟာလေလုယ။
Blessed be the LORD out of Zion, who dwelleth at Jerusalem. Hallelujah.

< ဆာလံ 135 >