< ဆာလံ 135 >
1 ၁ ထာဝရဘုရား ၏ နာမတော် ကို ချီးမွမ်း ကြလော့။
Hallelujah! Praise the name of the LORD. Give praise, O servants of the LORD,
2 ၂ ထာဝရဘုရား ၏ အိမ် တော်၊ ငါ တို့ ဘုရား သခင် ၏ အိမ် တော်တန်တိုင်း တွင် အမှု စောင့်သော ထာဝရဘုရား ၏ ကျွန် တော်တို့၊ ချီးမွမ်း ခြင်းကိုပြုကြ လော့။
who stand in the house of the LORD, in the courts of the house of our God.
3 ၃ ထာဝရဘုရား သည် ကောင်းမြတ် တော်မူသောကြောင့် ၊ ထာဝရ ဘုရားကို ချီးမွမ်း ကြလော့။ နာမ တော်ကို ထောမနာသီချင်း ဆိုကြလော့။ ထိုသို့ သော အမှုသည် တင့်တယ် လျောက်ပတ်ပေ၏။
Hallelujah, for the LORD is good; sing praises to His name, for it is lovely.
4 ၄ အကြောင်း မူကား၊ ထာဝရ ဘုရားသည် ယာကုပ် အမျိုးကို ကိုယ်တော် အဘို့ ၎င်း၊ ဣသရေလ အမျိုးကို ဘဏ္ဍာ တော်ဖြစ် စေခြင်းငှါ၎င်း ရွေးကောက် တော်မူပြီ။
For the LORD has chosen Jacob as His own, Israel as His treasured possession.
5 ၅ ထာဝရဘုရား သည် ကြီး တော်မူကြောင်း ၊ ငါ တို့ ၏ဘုရား ရှင်သည် ဘုရား တကာ တို့ထက် မြတ်တော်မူ ကြောင်း ကို ငါ သိ ၏။
For I know that the LORD is great; our Lord is above all gods.
6 ၆ ထာဝရဘုရား သည် ကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာ ၊ နက်နဲ ရာအရပ်ရပ်တို့၌ အလိုတော် ရှိသမျှ တို့ကို ပြု တော်မူ၏။
The LORD does all that pleases Him in the heavens and on the earth, in the seas and in all their depths.
7 ၇ မြေကြီး စွန်း မှ မိုဃ်းတိမ် တို့ကို တက် စေတော်မူ ၏။ မိုဃ်း နှင့်တကွ လျှပ်စစ် ကို ဖန်ဆင်း တော်မူ၏။ ဘဏ္ဍာ တော်တိုက်ထဲက လေ ကို ထုတ် တော်မူ၏။
He causes the clouds to rise from the ends of the earth. He generates the lightning with the rain and brings forth the wind from His storehouses.
8 ၈ အဲဂုတ္တု ပြည်၌ လူ မှစ၍ တိရစ္ဆာန် တိုင်အောင် သားဦး ရှိသမျှတို့ကို ဒဏ်ခတ် တော်မူ၏။
He struck down the firstborn of Egypt, of both man and beast.
9 ၉ အို အဲဂုတ္တု ပြည်၊ သင် ၏ အထဲ မှာ ဖာရော မင်းမှစ၍ ၊ သူ ၏ကျွန် အပေါင်း တို့၏အပေါ် သို့ လက္ခဏာ သက်သေ၊ အံ့ဘွယ် သောအမှုတို့ကို စေလွှတ် တော်မူ၏။
He sent signs and wonders into your midst, O Egypt, against Pharaoh and all his servants.
10 ၁၀ အာမောရိ ပြည်ကို အစိုး ရသောရှိဟုန် မင်း၊
He struck down many nations and slaughtered mighty kings:
11 ၁၁ ဗာရှန် ပြည်ကို အစိုးရ သော ဩဃ မင်းနှင့်တကွ ၊ ဘုန်းကြီး သော ရှင် ဘုရင်များကို ကွပ်မျက် ၍ ၊ များပြား သော လူမျိုး နှင့်တကွ ၊ ခါနာန် တိုင်း နိုင်ငံအပေါင်း တို့ကို လုပ်ကြံ သဖြင့်၊
Sihon king of the Amorites, Og king of Bashan, and all the kings of Canaan.
12 ၁၂ သူ တို့နေရာ မြေ ကိုလွှဲ ၍ ၊ မိမိ လူ ဣသရေလ အမျိုးအား အမွေ ကို ပေးချတော်မူ၏။
He gave their land as an inheritance, as a heritage to His people Israel.
13 ၁၃ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ အမည် သည် နိစ္စ ထာဝရဖြစ်ပါ၏။ အိုထာဝရဘုရား ၊ ဘွဲ့ နာမတော်သည် ကာလ အစဉ်အဆက် တည်ပါ၏။1
Your name, O LORD, endures forever, Your renown, O LORD, through all generations.
14 ၁၄ ထာဝရဘုရား သည် မိမိ ကျွန် တို့၏ အတွက် နောင်တ ရ၍ ၊ မိမိ လူစု ဘက်မှ တရား စီရင်တော်မူ၏။
For the LORD will vindicate His people and will have compassion on His servants.
15 ၁၅ သာသနာပ လူတို့ ကိုးကွယ်သော ရုပ်တု တို့ကား ငွေ လည်းဖြစ်၏။ ရွှေ လည်းဖြစ်၏။ လူ လက် ဖြင့် လုပ် သော အရာပေတည်း။
The idols of the nations are silver and gold, made by the hands of men.
16 ၁၆ ထို ရုပ်တုတို့သည် နှုတ် ရှိ၍ စကား မ ပြောတတ်။ မျက်စိ ရှိ၍ မ မြင် တတ်။
They have mouths, but cannot speak; they have eyes, but cannot see;
17 ၁၇ နား ရှိ၍ မ ကြား တတ်။ သူ တို့ပစပ် ၌ လည်း ထွက် သက်ဝင်သက် မ ရှိ ပါတကား။
they have ears, but cannot hear; nor is there breath in their mouths.
18 ၁၈ လုပ် သောသူတို့ လည်း အတူတူ ၊ ကိုးစား သော သူ အပေါင်း တို့လည်း အတူတူပါ တကား။
Those who make them become like them, as do all who trust in them.
19 ၁၉ အိုဣသရေလ အမျိုး ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ အိုအာရုန် အမျိုးအနွယ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။
O house of Israel, bless the LORD; O house of Aaron, bless the LORD;
20 ၂၀ အိုလေဝိ အမျိုးအနွယ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။ ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။
O house of Levi, bless the LORD; you who fear the LORD, bless the LORD!
21 ၂၁ ယေရုရှလင် မြို့မှာ ကျိန်းဝပ် တော်မူသောထာဝရဘုရား သည် ဇိအုန် တောင်ပေါ် မှာ မင်္ဂလာ ရှိတော်မူ စေသတည်း။ ဟာလေလုယ။
Blessed be the LORD from Zion— He who dwells in Jerusalem. Hallelujah!