< ဆာလံ 129 >

1 ငယ် သောအရွယ်မှစ၍ ၊ ကြိမ်ဖန်များစွာ ငါ့ ကို သူတပါးတို့သည် ညှဉ်းဆဲ ကြပြီဟူသောစကားနှင့်ချီ၍၊ ဣသရေလ အမျိုးဆို ရသော စကားဟူမူကား၊
[A Song of Ascents.] Many times they have afflicted me from my youth up. Let Israel now say,
2 ငယ် သောအရွယ်မှစ၍ ၊ ကြိမ်ဖန်များစွာ ငါ့ ကို သူတပါးတို့သည် ညှဉ်းဆဲ ကြပြီ။ သို့သော်လည်း ငါ့ ကို မ နိုင် ကြ။
many times they have afflicted me from my youth up, yet they have not prevailed against me.
3 ထွန် သောသူတို့ သည် ငါ့ ကျော ပေါ် မှာ ထွန် ၍၊ ရှည်သော ထွန် ကြောင်းတို့ကို ဖြစ် စေကြ၏။
The plowers plowed on my back. They made their furrows long.
4 ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ မ တရားသောသူတို့ ၏ ကြိုး တို့ကို ဖြတ် တော်မူပြီ။
Jehovah is righteous. He has cut apart the cords of the wicked.
5 ဇိအုန် မြို့ကို မုန်း သောသူအပေါင်း တို့သည် ရှက်ကြောက် ၍ လှန် ခြင်းကိုခံရကြပါစေ။
Let them be disappointed and turned backward, all those who hate Zion.
6 အိမ်မိုး ပေါ်မှာ ပေါက် ၍၊ အဘယ်သူမျှမနှုတ်ဘဲ ညှိုးနွမ်း တတ် သော မြက်ပင် ကဲ့သို့ ဖြစ် ကြပါစေ။
Let them be as the grass on the housetops, which withers before it grows up;
7 ထိုမြက်ပင်ကိုရိတ် သောသူသည် လက်တဆုပ်မျှ မရ။ စည်း သောသူလည်း လက် တပွေ့ မျှမ ရ။
with which the reaper doesn't fill his hand, nor he who binds sheaves, his bosom.
8 လမ်း၌ ရှောက်သွား သော သူတို့ ကလည်း၊ ထာဝရဘုရား ပေးတော်မူသော မင်္ဂလာ သက်ရောက် ပါစေ သော။ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍၊ သင် တို့ကို ကောင်းကြီး ပေးကြ၏ဟု မ ပြော မဆိုရကြ။
Neither do those who go by say, "The blessing of Jehovah be on you. We bless you in the name of Jehovah."

< ဆာလံ 129 >