< ဆာလံ 129 >
1 ၁ ငယ် သောအရွယ်မှစ၍ ၊ ကြိမ်ဖန်များစွာ ငါ့ ကို သူတပါးတို့သည် ညှဉ်းဆဲ ကြပြီဟူသောစကားနှင့်ချီ၍၊ ဣသရေလ အမျိုးဆို ရသော စကားဟူမူကား၊
“A song of the degrees.” Many a time have they assailed me from my youth, so should Israel say;
2 ၂ ငယ် သောအရွယ်မှစ၍ ၊ ကြိမ်ဖန်များစွာ ငါ့ ကို သူတပါးတို့သည် ညှဉ်းဆဲ ကြပြီ။ သို့သော်လည်း ငါ့ ကို မ နိုင် ကြ။
Many a time have they assailed me from my youth: yet have they not prevailed against me.
3 ၃ ထွန် သောသူတို့ သည် ငါ့ ကျော ပေါ် မှာ ထွန် ၍၊ ရှည်သော ထွန် ကြောင်းတို့ကို ဖြစ် စေကြ၏။
Upon my back have ploughmen ploughed; they have drawn long their furrows:
4 ၄ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ မ တရားသောသူတို့ ၏ ကြိုး တို့ကို ဖြတ် တော်မူပြီ။
[Yet] the Lord is righteous; he hath cut asunder the cords of the wicked.
5 ၅ ဇိအုန် မြို့ကို မုန်း သောသူအပေါင်း တို့သည် ရှက်ကြောက် ၍ လှန် ခြင်းကိုခံရကြပါစေ။
May all be put to shame and turned backward that hate Zion;
6 ၆ အိမ်မိုး ပေါ်မှာ ပေါက် ၍၊ အဘယ်သူမျှမနှုတ်ဘဲ ညှိုးနွမ်း တတ် သော မြက်ပင် ကဲ့သို့ ဖြစ် ကြပါစေ။
May they become like the grass of the roofs, which withereth before it is pulled up;
7 ၇ ထိုမြက်ပင်ကိုရိတ် သောသူသည် လက်တဆုပ်မျှ မရ။ စည်း သောသူလည်း လက် တပွေ့ မျှမ ရ။
Wherewith the mower filleth not his hand; nor his arm he that bindeth sheaves.
8 ၈ လမ်း၌ ရှောက်သွား သော သူတို့ ကလည်း၊ ထာဝရဘုရား ပေးတော်မူသော မင်္ဂလာ သက်ရောက် ပါစေ သော။ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍၊ သင် တို့ကို ကောင်းကြီး ပေးကြ၏ဟု မ ပြော မဆိုရကြ။
Nor do they who pass by say, The blessing of the Lord be with you: we bless you in the name of the Lord.