< ဆာလံ 128 >

1 ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊ လမ်းခရီး တော် သို့ လိုက်သွား သမျှ သောသူတို့ သည် မင်္ဂလာ ရှိကြ၏။
A song for pilgrims going up to Jerusalem. Happy are all those who worship the Lord, everyone who follows his ways!
2 ထိုသို့ပြုလျှင် သင် သည် မိမိလက် နှင့် လုပ်ဆောင် ၍ရသောအစာကို စား ရလိမ့်မည်။ မင်္ဂလာ ရှိ၍ ကောင်းစား ရလိမ့်မည်။
You will eat what your own hands have produced. You will be happy and do well.
3 သင် ၏မယား သည် သင့် အိမ် နား မှာ များစွာ အသီးသီးသော စပျစ် နွယ်ပင်ကဲ့သို့ ၎င်း၊ သားသမီး တို့သည် သင့် စားပွဲ ပတ်လည် ၌ စိုက်ပျိုး သော သံလွင် ပင် များကဲ့သို့ ၎င်း ဖြစ်ကြလိမ့်မည်။
Your wife will be like a fruitful vine growing in your home. Your children will be like the shoots of an olive tree around your table.
4 ထာဝရဘုရား ကို ကြောက်ရွံ့ သောသူသည် ထိုသို့ သော မင်္ဂလာ ရှိရလိမ့်မည်။
This will certainly be the Lord's blessing on those who worship him.
5 ထာဝရဘုရား သည် ဇိအုန် တောင်ပေါ်က ကောင်းကြီး ပေးတော်မူ၍ ၊ ယေရုရှလင် မြို့ခံရသောကောင်းကျိုး ကို တသက်လုံး မြင် ရလိမ့်မည်။
May the Lord go on blessing you from Zion; may you see Jerusalem prosper all the days of your life.
6 မိမိ သား သမီးတို့၌ ဘွားမြင်သော သားသမီး တို့ကိုလည်း မြင် ရလိမ့်မည်။ ဣသရေလ အမျိုး၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။
May you see your children's children. May Israel be at peace!

< ဆာလံ 128 >