< ဆာလံ 127 >

1 ထာဝရဘုရား သည် အိမ် ကို ဆောက် တော်မ မူ လျှင် ၊ ဆောက် သောသူတို့ သည် အချည်းနှီး လုပ်ဆောင် ကြ၏။ ထာဝရဘုရား သည် မြို့ ကို စောင့် တော်မ မူလျှင် ၊ ကင်း စောင့်တို့သည် အချည်းနှီး စောင့် ကြ၏။ 2 စောစော ထလျက်၊ ညဉ့်နက်သည်တိုင်အောင်မအိပ်ဘဲနေလျက်၊ ပင်ပန်း စွာ အစာ စား လျက်နေ သော်လည်း အကျိုး မရှိ။ အိပ်ပျော် ရသောအခွင့်ကို ချစ် တော်မူသောသူအား အမှန်ပေး တော်မူ၏။ 3 ဘွား မြင်သော သား သမီးတို့သည်ထာဝရဘုရား ဆု ချ၍ ပေးသနားတော်မူသောအမွေ ဥစ္စာဖြစ်ကြ၏။ 4 အသက် ပျိုစဉ်၊ ဘွားမြင်သော သားသမီး တို့ သည် သူရဲ လက် ၌ ရှိသောမြှား ကဲ့သို့ ဖြစ်ကြ၏။ 5 မိမိ မြှား တောင့်ကို သူ တို့နှင့် ပြည့် စေသောသူ သည် မင်္ဂလာ ရှိ၏။ သူတို့သည် ရှက်ကြောက်ခြင်းမ ရှိ။ ရန်သူ တို့ကို တံခါး ဝ၌ ဆီးတား ကြလိမ့်မည်။

< ဆာလံ 127 >