< ဆာလံ 126 >

1 ဘမ်း သွားချုပ်ထားသော ဇိအုန် သားတို့ကို ထာဝရဘုရား ပြန်လာ စေတော်မူသောအခါ ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ် ကြ၏။
Una canción de ascensos. Cuando Yahvé hizo volver a los que regresaron a Sión, éramos como los que sueñan.
2 ထိုအခါ ငါ တို့နှုတ် သည် ရယ် ခြင်းနှင့်၎င်း၊ ငါ တို့ လျှာ သည် သီချင်း ဆိုခြင်းနှင့်၎င်း ပြည့်ဝ ၏။ တပါးအမျိုးသား တို့ကလည်း၊ ထာဝရဘုရား သည် သူတို့အဘို့ ကြီး သောအမှုကို ပြုတော်မူပြီဟု ဆို ကြ၏။
Entonces se nos llenó la boca de risa, y nuestra lengua con el canto. Entonces dijeron entre las naciones, “Yahvé ha hecho grandes cosas por ellos”.
3 ထာဝရဘုရား သည် ငါ တို့အဘို့ ကြီး သောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက် လျက် နေ ကြ ၏။
Yahvé ha hecho grandes cosas por nosotros, y nos alegramos.
4 အိုထာဝရဘုရား ၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ် တို့ကို တောင် မျက်နှာချောင်း ရေကဲ့သို့ တဖန်ပြန်လာ စေတော်မူပါ။
Restablece nuestra suerte, Yahvé, como los arroyos del Néguev.
5 မျက်ရည် ကျလျက် မျိုးစေ့ကြဲ သောသူတို့သည် ရွှင်လန်း လျက် စပါး ရိတ်ကြလိမ့်မည်။
Los que siembran con lágrimas cosecharán con alegría.
6 မျက်ရည် ကျလျက် ကြဲ ရန် မျိုးစေ့ ကို ဆောင် ၍ ထွက်သွား သောသူသည်၊ ကောက်လှိုင်း များကို ဆောင် လျက် ရွှင်လန်း သောစိတ်နှင့် အမှန်ပြန်လာ လိမ့်မည်။
El que sale llorando, llevando semilla para sembrar, ciertamente volverá con alegría, llevando sus gavillas.

< ဆာလံ 126 >