< ဆာလံ 126 >
1 ၁ ဘမ်း သွားချုပ်ထားသော ဇိအုန် သားတို့ကို ထာဝရဘုရား ပြန်လာ စေတော်မူသောအခါ ၊ ငါတို့သည် အိပ်မက် သောသူကဲ့သို့ ဖြစ် ကြ၏။
A Song of Ascents. When the LORD brought back those that returned to Zion, we were like unto them that dream.
2 ၂ ထိုအခါ ငါ တို့နှုတ် သည် ရယ် ခြင်းနှင့်၎င်း၊ ငါ တို့ လျှာ သည် သီချင်း ဆိုခြင်းနှင့်၎င်း ပြည့်ဝ ၏။ တပါးအမျိုးသား တို့ကလည်း၊ ထာဝရဘုရား သည် သူတို့အဘို့ ကြီး သောအမှုကို ပြုတော်မူပြီဟု ဆို ကြ၏။
Then was our mouth filled with laughter, and our tongue with singing; then said they among the nations: 'The LORD hath done great things with these.'
3 ၃ ထာဝရဘုရား သည် ငါ တို့အဘို့ ကြီး သောအမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက် လျက် နေ ကြ ၏။
The LORD hath done great things with us; we are rejoiced.
4 ၄ အိုထာဝရဘုရား ၊ ဘမ်းသွားချုပ်ထားခြင်းကို ခံရသော အကျွန်ုပ် တို့ကို တောင် မျက်နှာချောင်း ရေကဲ့သို့ တဖန်ပြန်လာ စေတော်မူပါ။
Turn our captivity, O LORD, as the streams in the dry land.
5 ၅ မျက်ရည် ကျလျက် မျိုးစေ့ကြဲ သောသူတို့သည် ရွှင်လန်း လျက် စပါး ရိတ်ကြလိမ့်မည်။
They that sow in tears shall reap in joy.
6 ၆ မျက်ရည် ကျလျက် ကြဲ ရန် မျိုးစေ့ ကို ဆောင် ၍ ထွက်သွား သောသူသည်၊ ကောက်လှိုင်း များကို ဆောင် လျက် ရွှင်လန်း သောစိတ်နှင့် အမှန်ပြန်လာ လိမ့်မည်။
Though he goeth on his way weeping that beareth the measure of seed, he shall come home with joy, bearing his sheaves.