< ဆာလံ 125 >
1 ၁ ထာဝရဘုရား ကို ခိုလှုံ သောသူတို့ သည် မ တုန် မလှုပ်၊ အစဉ်အမြဲ တည် သော ဇိအုန် တောင် ကဲ့သို့ ဖြစ်ကြ ၏။
၁ထာဝရဘုရားကို ခိုလှုံသော သူတို့သည် မတုန် မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ ဖြစ်ကြ ၏။
2 ၂ တောင် ရိုးတို့သည် ယေရုရှလင် မြို့ကို ဝန်းရံ သကဲ့သို့ ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို ယခု မှစ၍ ၊ ကာလ အစဉ်မပြတ်ဝန်းရံ တော်မူ၏။
၂တောင်ရိုးတို့သည် ယေရုရှလင်မြို့ကို ဝန်းရံ သကဲ့သို့၊ ထာဝရဘုရားသည် မိမိလူတို့ကို ယခုမှစ၍၊ ကာလအစဉ်မပြတ်ဝန်းရံတော်မူ၏။
3 ၃ ဖြောင့်မတ် သောသူတို့ သည် ဒုစရိုက် ကို ပြု သောအခွင့် မ ရှိစေခြင်းငှါ ၊ မ တရားသောသူတို့၏ လှံတံ သည် ဖြောင့်မတ် သောသူတို့ ၏ အမွေခံ ရာအဘို့အပေါ် မှာ မ တည် မနေရ။
၃ဖြောင့်မတ်သော သူတို့သည် ဒုစရိုက်ကို ပြုသော အခွင့်မရှိစေခြင်းငှါ၊ မတရားသောသူတို့၏ လှံတံသည် ဖြောင့်မတ်သော သူတို့၏ အမွေခံရာအဘို့အပေါ်မှာ မတည်မနေရ။
4 ၄ အိုထာဝရဘုရား ၊ ကောင်း သောသူ၊ သဘောဖြောင့် သောသူတို့ အား ကျေးဇူး ပြုတော်မူပါ။
၄အိုထာဝရဘုရား၊ ကောင်းသောသူ၊ သဘော ဖြောင့်သော သူတို့အား ကျေးဇူးပြုတော်မူပါ။
5 ၅ ကောက် သောလမ်းများသို့ လွှဲ သွားသောသူတို့ ကိုကား ၊ ထာဝရဘုရား သည် မ တရားသဖြင့်ပြု သောသူတို့ နှင့်အတူ ထုတ်သွား တော်မူမည်။ ဣသရေလ အမျိုး ၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။
၅ကောက်သောလမ်းများသို့ လွှဲသွားသော သူတို့ ကိုကား၊ ထာဝရဘုရားသည် မတရားသဖြင့်ပြုသော သူတို့နှင့်အတူ ထုတ်သွားတော်မူမည်။ ဣသရေလအမျိုး ၌ ငြိမ်ဝပ်ခြင်း ရှိပါစေသော။