< ဆာလံ 122 >
1 ၁ ငါတို့သည် ထာဝရဘုရား ၏ အိမ် တော်သို့ သွား ကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြ သောအခါ ၊ ငါသည် ဝမ်းမြောက် ခြင်းရှိ၏။
A song of ascents. Of David. I was glad when they said to me, “We will go to the house of the Lord.”
2 ၂ အို ယေရုရှလင် မြို့၊ သင် ၏တံခါး တို့အတွင်း ၌ ငါ တို့သည်ရပ် ၍ နေ ကြလိမ့်မည်။
Now we are standing, within your gates, O Jerusalem.
3 ၃ ယေရုရှလင် မြို့သည် စေ့စပ် သော မြို့ ကဲ့သို့ တည် ၏။
O Jerusalem, built close-packed, like a city without breach or gap,
4 ၄ အမျိုး အနွှယ်တို့သည် ထို မြို့သို့တက် ကြ၏။ ဣသရေလ အမျိုး ထုံးစံ ရှိသည်အတိုင်း ၊ ထာဝရ ဘုရား၏ အမျိုးအနွယ် တို့သည် ထာဝရဘုရား ၏ နာမတော် ကို ချီးမွမ်း ခြင်းငှါ တက်သွားကြ၏။
to you do the tribes come, the tribes of the Lord, as the law has ordained for Israel, there to give thanks to the Lord.
5 ၅ ထို မြို့၌ တရား စီရင်ရာပလ္လင် ၊ ဒါဝိဒ် မင်းမျိုး ၏ ရာဇပလ္လင် တို့ သည်တည် ကြ၏။
There once stood thrones of justice even thrones of the household of David.
6 ၆ ယေရုရှလင် မြို့ ငြိမ်ဝပ် မည်အကြောင်းဆုတောင်း ကြလော့။ ထို မြို့ကို မြတ်နိုး စုံမက်သောသူတို့ သည် ချမ်းသာ ရကြပါစေသော။
Pray that all may be well with Jerusalem, and well with those who love you,
7 ၇ သင် ၏မြို့ရိုး အတွင်း ၌ ငြိမ်ဝပ် ခြင်း၊ သင် ၏ဘုံ ဗိမာန်တို့၌ ချမ်းသာ ခြင်းရှိ ပါစေသော။
well within your ramparts, and well within your palaces.
8 ၈ သင် ၌ ငြိမ်ဝပ် ခြင်းရှိပါစေသောဟု ငါ သည် ညီအစ် ကိုအတွက် ၊ အဆွေ ခင်ပွန်းတို့အတွက် ပြော ဆို ပါမည်။
For the sake of my brethren and friends, I will wish you now prosperity:
9 ၉ ငါ တို့ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော် ကိုထောက် ၍၊ သင် ၏ အကျိုး ကို ရှာ ပါမည်။
for the sake of the house of the Lord our God, I will seek your good.