< ဆာလံ 121 >

1 ငါ့ ကိုမစ ခြင်း အကြောင်းသည် ပေါ်ထွက် ရသော တောင် ရိုးသို့ ငါ မျှော် ကြည့်၏။ 2 ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောထာဝရဘုရား ထံ တော်မှ၊ ငါ့ ကို မစ ခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။ 3 သင် ၏ ခြေ ကို ချော် စေခြင်းငှါ အခွင့်ပေး တော် မ မူ။ သင့် ကို စောင့် သောသူသည် အိပ် တော်မ မူ။ 4 အကယ် စင်စစ်ဣသရေလ အမျိုးကို စောင့် သောသူသည် ငိုက်မျဉ်း အိပ်ပျော် ခြင်း ရှိတော်မ မူ။ 5 ထာဝရဘုရား သည် သင့် ကို စောင့် တော်မူ၏။ ထာဝရဘုရား သည် သင် ၏လက်ျာ ဘက်၌ ရှိသောသင် ခိုလှုံရာ အရိပ် ဖြစ်တော်မူ၏။ 6 နေ့ အချိန်၌ နေ အားဖြင့်၎င်း၊ ညဉ့် အချိန်၌ လ အားဖြင့် ၎င်း အထိ အခိုက်မ ရှိရာ။ 7 ထာဝရဘုရား သည် မ ကောင်းသောအမှုအရာ အလုံးစုံ တို့ကို ကွယ်ကာ ၍၊ သင် ၏အသက် ကို စောင့် တော်မူလိမ့်မည်။ 8 ထာဝရဘုရား သည် သင် ၏ ထွက် ခြင်းနှင့် ဝင် ခြင်းတို့ကို ယခု မှစ၍ အစဉ် အပြတ် စောင့် တော်မူလိမ့်မည်။

< ဆာလံ 121 >