< ဆာလံ 121 >

1 ငါ့ ကိုမစ ခြင်း အကြောင်းသည် ပေါ်ထွက် ရသော တောင် ရိုးသို့ ငါ မျှော် ကြည့်၏။
ငါ​သည်​တောင်​ရိုး​များ​သို့​မျှော်​ကြည့်​၏။ အ​ဘယ်​မှ​ကူ​ညီ​မ​စ​မှု​ကို​ငါ​ရ​ပါ​မည်​နည်း။
2 ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူသောထာဝရဘုရား ထံ တော်မှ၊ ငါ့ ကို မစ ခြင်းအကြောင်းသည် ပေါ်ထွက်ရ၏။
ကောင်း​ကင်​နှင့်​ကမ္ဘာ​မြေ​ကြီး​ကို​ဖန်​ဆင်း​တော် မူ​သော ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​မှ​ရ​ပါ​လိမ့်​မည်။
3 သင် ၏ ခြေ ကို ချော် စေခြင်းငှါ အခွင့်ပေး တော် မ မူ။ သင့် ကို စောင့် သောသူသည် အိပ် တော်မ မူ။
ကိုယ်​တော်​သည်​သင့်​အား​ခြေ​ချော်​၍ လဲ​စေ​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ သင့်​ကို​ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​သော အ​ရှင်​သည်​အိပ်​တော်​မ​မူ။
4 အကယ် စင်စစ်ဣသရေလ အမျိုးကို စောင့် သောသူသည် ငိုက်မျဉ်း အိပ်ပျော် ခြင်း ရှိတော်မ မူ။
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကွယ်​ကာ စောင့်​ရှောက်​တော်​မူ​သော​အ​ရှင်​သည် အ​ဘယ်​အ​ခါ​၌​မျှ​ငိုက်​မျည်း​အိပ်​စက်​ခြင်း ရှိ​တော်​မ​မူ။
5 ထာဝရဘုရား သည် သင့် ကို စောင့် တော်မူ၏။ ထာဝရဘုရား သည် သင် ၏လက်ျာ ဘက်၌ ရှိသောသင် ခိုလှုံရာ အရိပ် ဖြစ်တော်မူ၏။
ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​စောင့်​ကြပ်​တော် မူ​လိမ့်​မည်။ ကိုယ်​တော်​သည်​သင်​၏​အ​နီး​တွင်​ရှိ​သော​သင့်​ကို ကွယ်​ကာ​ရာ​အ​ရိပ်​ဖြစ်​တော်​မူ​၏။
6 နေ့ အချိန်၌ နေ အားဖြင့်၎င်း၊ ညဉ့် အချိန်၌ လ အားဖြင့် ၎င်း အထိ အခိုက်မ ရှိရာ။
နေ​သည်​နေ့​အ​ခါ​၌​လည်း​ကောင်း၊ လ​သည်​ညဥ့်​အ​ခါ​၌​လည်း​ကောင်း သင့်​ကို​ဥ​ပဒ်​ပေး​လိမ့်​မည်​မ​ဟုတ်။
7 ထာဝရဘုရား သည် မ ကောင်းသောအမှုအရာ အလုံးစုံ တို့ကို ကွယ်ကာ ၍၊ သင် ၏အသက် ကို စောင့် တော်မူလိမ့်မည်။
ထာ​ဝ​ရ​ဘု​ရား​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း တို့​မှ သင့်​ကို​ကွယ်​ကာ​တော်​မူ​လိမ့်​မည်။ သင့်​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​တော်​မူ​လိမ့်​မည်။
8 ထာဝရဘုရား သည် သင် ၏ ထွက် ခြင်းနှင့် ဝင် ခြင်းတို့ကို ယခု မှစ၍ အစဉ် အပြတ် စောင့် တော်မူလိမ့်မည်။
ကိုယ်​တော်​သည်​ယ​ခု​မှ​စ​၍​ကာ​လ​အ​စဉ်​မ​ပြတ် သင်​သွား​လာ​လေ​ရာ​တို့​၌​သင့်​အား ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​လိမ့်​မည်။

< ဆာလံ 121 >