< ဆာလံ 120 >

1 အကျွန်ုပ် သည် ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။
En visa i högre choren. Jag ropar till Herran i mine nöd, och han bönhörer mig.
2 အိုထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို သစ္စာ မရှိသော နှုတ် မှ ၎င်း၊ လှည့်စား တတ်သော လျှာ မှ ၎င်း ကယ်နှုတ် တော်မူပါ။
Herre, fräls mina själ ifrå lögnaktiga munnar, och ifrå falska tungo.
3 အိုလှည့်စား တတ်သောလျှာ ၊ သင် သည်အဘယ် ကျေးဇူး ရှိ သနည်း။ အဘယ် အကျိုး ကိုခံရသနည်း။
Hvad kan den falska tungan göra dig? Och hvad kan hon uträtta?
4 အားကြီး သောသူ ၏ ထက် သောမြှား ကဲ့သို့ ၎င်း၊ ရသမ် သစ်သားမီးခဲ ကဲ့သို့၎င်း ဖြစ်၏။
Hon är såsom ens väldigs skarpe pilar, såsom eld i enebärsträ.
5 ငါသည် မေရှက် ပြည်၌ တည်းခို ၍ ၊ ကေဒါ တဲ ၌ နေရ သည် အရာမှာ အ မင်္ဂလာရှိ၏။
Ve mig, att jag en främling är ibland Mesech; jag måste bo ibland Kedars hyddor.
6 ငြိမ်သက် ခြင်းကို မုန်း သောသူတို့ နှင့်အတူ ၊ ငါ့ ဝိညာဉ် သည် ကြာမြင့် စွာနေ ရပါသည်တကား။
Det varder mine själ långt att bo när dem, som friden hata.
7 ငါ သည် ငြိမ်သက် ခြင်းဘက်မှာနေ၏။ ငါပြော လျှင် မူကား ၊ သူ တို့သည် စစ်တိုက် ခြင်းငှါ အလိုရှိကြ၏။
Jag håller frid; men när jag talar, så taga de till att örliga.

< ဆာလံ 120 >