< ဆာလံ 120 >
1 ၁ အကျွန်ုပ် သည် ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ထာဝရဘုရားသည် နားထောင် တော်မူ၏။
“A psalm of steps.” In my distress I called upon the LORD, And he answered me.
2 ၂ အိုထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို သစ္စာ မရှိသော နှုတ် မှ ၎င်း၊ လှည့်စား တတ်သော လျှာ မှ ၎င်း ကယ်နှုတ် တော်မူပါ။
O LORD! deliver me from lying lips, From the deceitful tongue!
3 ၃ အိုလှည့်စား တတ်သောလျှာ ၊ သင် သည်အဘယ် ကျေးဇူး ရှိ သနည်း။ အဘယ် အကျိုး ကိုခံရသနည်း။
What profit to thee, Or what advantage to thee, is the false tongue?
4 ၄ အားကြီး သောသူ ၏ ထက် သောမြှား ကဲ့သို့ ၎င်း၊ ရသမ် သစ်သားမီးခဲ ကဲ့သို့၎င်း ဖြစ်၏။
It is like the sharp arrows of the mighty man; Like coals of the juniper.
5 ၅ ငါသည် မေရှက် ပြည်၌ တည်းခို ၍ ၊ ကေဒါ တဲ ၌ နေရ သည် အရာမှာ အ မင်္ဂလာရှိ၏။
Alas for me, that I sojourn in Mesech, That I dwell in the tents of Kedar!
6 ၆ ငြိမ်သက် ခြင်းကို မုန်း သောသူတို့ နှင့်အတူ ၊ ငါ့ ဝိညာဉ် သည် ကြာမြင့် စွာနေ ရပါသည်တကား။
Too long have I dwelt With them that hate peace!
7 ၇ ငါ သည် ငြိမ်သက် ခြင်းဘက်မှာနေ၏။ ငါပြော လျှင် မူကား ၊ သူ တို့သည် စစ်တိုက် ခြင်းငှါ အလိုရှိကြ၏။
I am for peace; yet, when I speak for it, They are for war.