< ဆာလံ 12 >
1 ၁ အိုထာဝရဘုရား ၊ ကယ်တင် တော်မူပါ။ သူတော်ကောင်း မျိုးသည် ပြတ် ၍ သစ္စာရှိ သောလူမျိုးသည် လူ သား တို့တွင် ကွယ်ပျောက် ပါ၏။
၁အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကူမတော်မူပါ။ သူတော်ကောင်းတစ်ယောက်မျှမကျန်မရှိ တော့ပါ။ ရိုးသားဖြောင့်မတ်သူများကိုလည်းရှာ၍ မတွေ့နိုင်တော့ပါ။
2 ၂ အိမ်နီးချင်း တို့သည် တ ဦးကိုတဦးမုသာ သုံး၍ ချော့မော့ သော နှုတ်ခမ်း ၊ နှစ်ခွ သောစိတ် နှင့် ပြော တတ် ကြပါ၏။
၂လူအပေါင်းတို့သည်အချင်းချင်းလိမ်လည် ပြောဆို၍ မြှောက်ပင့်ကာလှည့်စားကြပါ၏။
3 ၃ ငါတို့သည် ကိုယ် လျှာ အားဖြင့် နိုင် မည်။ကိုယ် နှုတ်ခမ်း သည် ကိုယ်အမှုကိုစောင့်လိမ့်မည်။
၃အို ထာဝရဘုရား မြှောက်ပင့်ပြောဆိုတတ်သည့်လျှာများကို ဖြတ်ပစ်တော်မူပါ။ ဝါကြွားတတ်သူတို့၏နှုတ်များကိုလည်း ပိတ်တော်မူ၏။
4 ၄ ငါ တို့၏ သခင် ကား အဘယ်သူ နည်းဟု ပြောဆို သော သူတို့၏ချော့မော့ သောနှုတ်ခမ်း နှင့် ဝါကြွား သောလျှာ ရှိသမျှ တို့ကို ထာဝရဘုရား သည် ဖြတ် တော်မူမည်။
၄ဝါကြွားတတ်သူတို့က``ငါတို့သည်မိမိတို့၏ စကားအားဖြင့်လိုချင်သည့်အရာကိုရရှိ ကြ၏။ ငါတို့သည်မိမိတို့အလိုဆန္ဒအတိုင်းပြော ဆိုမည်။ အဘယ်သူမျှငါတို့အားဆီးတား၍ရလိမ့်မည် မဟုတ်'' ဟုဆိုကြ၏။
5 ၅ ဆင်းရဲ သောသူသည် ခံရသောညှဉ်းဆဲ ခြင်း၊ ငတ်မွတ် သောသူ၏ ငိုကြွေး ခြင်းကြောင့် ယခု ငါထ မည်။ ကဲ့ရဲ့ ခြင်းကိုခံရသောသူ အား ချမ်းသာ ပေးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၅ထာဝရဘုရားက ``သို့ရာတွင်ချို့တဲ့နွမ်းပါးသူတို့သည်ဖိစီး နှိပ်စက်ခြင်းကိုခံရကြသဖြင့်လည်းကောင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရကြသူတို့သည် ဝေဒနာနှင့် ညည်းတွားနေကြသဖြင့်လည်းကောင်း၊ ငါသည်ယခုပင်ကြွလာမည်။ သူတို့လိုလားတောင့်တကြသည့်ဘေးလွတ် လုံခြုံမှုကို သူတို့အားငါပေးမည်'' ဟုမိန့်တော်မူ၏။
6 ၆ ထာဝရဘုရား မိန့် တော်မူချက်တို့သည် သန့်ရှင်း ခြင်းရှိ၍၊ မြေ နှင့် ကင်းစင် စေခြင်းငှါ၊ မိုက် ၌ ခုနစ် ကြိမ် စစ် သော ငွေ ကဲ့သို့ဖြစ်ကြ၏။
၆ထာဝရဘုရား၏ကတိတော်များကို ယုံကြည်စိတ်ချနိုင်၏။ မီးဖို၌ခုနစ်ကြိမ်ချွတ်ပြီးသောငွေစင်ကဲ့သို့ ယုံကြည်စိတ်ချနိုင်၏။
7 ၇ အိုထာဝရဘုရား ၊ ကိုယ်တော် သည် ထိုသူ တို့ကို ဤလူမျိုး မှ အစဉ် ကာကွယ် စောင့်မ တော်မူမည်။
၇အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့အားအစဉ်ပင် ဘေးလွတ်လုံခြုံစွာထားတော်မူပါ။ သူယုတ်မာတို့၏လက်မှကွယ်ကာ စောင့်ရှောက်တော်မူပါ။
8 ၈ ဆိုးယုတ် သောသူ တို့သည် ချီးမြှောက် ခြင်းသို့ ရောက်သည် ကာလ ၊ မတရား သောသူတို့သည် အရပ်ရပ် လှည့် လည်ရသောအခွင့်ရှိကြ၏။
၈သူယုတ်မာတို့သည်နေရာတကာတွင်ရှိ၏။ လူအပေါင်းတို့သည်မကောင်းမှုကိုချီးကူးကြ၏။