< ဆာလံ 119 >

1 ထာဝရဘုရား ၏ တရား လမ်း ၌ မ လွဲမတိမ်း၊ လိုက်သွား သောသူတို့ သည် မင်္ဂလာ ရှိကြ၏။
Wamebarikiwa wale ambao njia zao hazina lawama, waenendao katika sheria ya Yahwe.
2 သက်သေခံ တော်မူချက်တို့ကို စောင့် ၍၊ ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ သောသူတို့ သည် မင်္ဂလာ ရှိကြ၏။
Wamebarikiwa wale wazishikao amri zake thabiti, wamtafutao kwa moyo wao wote.
3 ထိုသူတို့သည် ဒုစရိုက် ကိုမ ပြု ၊ လမ်းခရီး တော်၌ လိုက်သွား တတ်ကြ၏။
Hawatendi makosa; wanaenenda katika njia zake.
4 အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့် ဘို့ရာ ၊ ကိုယ်တော် သည် ဩဝါဒ ပေး တော်မူပြီ။
Wewe umetuamuru kuyashika maagizo yako ili tuyachunguze kwa umakini.
5 ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် နိုင်မည် အကြောင်း ၊ အကျွန်ုပ် သည် လမ်း ဖြောင့် ပါစေသော။
Oh, ningependa njia zangu ziwe thabiti nizitii amri zako!
6 အကျွန်ုပ် သည် ပညတ် တော် အလုံးစုံ တို့ကို ထောက်ထား သောအခါ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ရပါ၏။
Ndipo sitaaibika nizifikiripo amri zako zote.
7 ဖြောင့်မတ် စွာ စီရင် တော်မူချက်များကို အကျွန်ုပ် လေ့ကျက် ပြီးမှ ၊ ဂုဏ်တော်ကို ဖြောင့် သော သဘော နှင့် ချီးမွမ်း ပါမည်။
Nitakushukuru wewe kwa unyofu wangu wa moyo nijifunzapo amri za haki yako.
8 ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် ပါမည်။ အကျွန်ုပ် ကို ရှင်းရှင်း စွန့်ပစ် တော် မ မူပါနှင့်။
Nitazitii amri zako; usiniache peke yangu. BETH.
9 လူပျို သည် မိမိ သွားသောလမ်း ကို အဘယ်သို့ သန့်ရှင်း စေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ် တော် အတိုင်း သတိ ပြုရမည်။
Ni jinsi gani kijana aweza kuendelea kuishi katika njia yake ya utakatifu? Ni kwa kulitii neno lako.
10 ၁၀ အကျွန်ုပ် သည် ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ ပါ၏။ ပညတ် တော်လမ်း မှ လွဲစေတော်မ မူပါနှင့်။
Kwa moyo wangu wote ninakutafuta wewe; Usiniache nipotee mbali na maagizo yako.
11 ၁၁ ကိုယ်တော် ကို မ ပြစ်မှား ဘဲ နေနိုင်မည် အကြောင်း ၊ ဗျာဒိတ် တော်ကို နှလုံး ထဲ မှာ သိုထား ပါပြီ။
Moyoni mwangu nimeliweka neno lako ili nisije nikakutenda dhambi.
12 ၁၂ အို ထာဝရဘုရား ၊ ကိုယ်တော် သည် မင်္ဂလာ ရှိတော်မူ ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
Umetukuka, Yahwe; unifundishe amri zako.
13 ၁၃ စီရင် တော်မူရာ နှုတ် တော်ထွက် အလုံးစုံ တို့ကို အကျွန်ုပ် သည် ကိုယ်နှုတ် နှင့် ဟောပြော ပါ၏။
Kwa kinywa changu nimetangaza amri ya haki yako yote ambayo umeifunua.
14 ၁၄ ခပ်သိမ်း သော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ ၊ သက်သေခံ တော်မူရာလမ်း ၌ ဝမ်းမြောက် ပါ၏။
Ninafurahi katika njia ya amri za agano lako zaidi kuliko katika utajiri.
15 ၁၅ ပေးတော်မူသောဩဝါဒ ကို ဆင်ခြင် ၍ လမ်း ခရီး တော်တို့ကို ကြည့်ရှု ပါ၏။
Nitayatafakari maagizo yako na kuzitilia maanani njia zako.
16 ၁၆ အထုံးအဖွဲ့ တော်တို့၌ မွေ့လျော် ပါ၏။ နှုတ် ကပတ် တော်ကို မ မှတ်ဘဲမ နေပါ။
Ninafurahia katika amri zako; sitalisahau neno lako. GIMEL.
17 ၁၇ ကိုယ်တော် ၏ ကျွန် သည် အသက်ရှင် ၍ ၊ နှုတ်ကပတ် တော်ကို စောင့် နိုင်ပါမည်အကြောင်း ၊ ကျေးဇူး ပြုတော်မူပါ။
Uwe mwema kwa mtumishi wako ili niweze kuishi na kulishika neno lako.
18 ၁၈ တရား တော်၌ အံ့ဘွယ် သောအရာတို့ကို မြင် နိုင် ပါမည်အကြောင်း ၊ အကျွန်ုပ် ၏မျက်စိ တို့ကို ဖွင့် တော်မူပါ။
Ufungue macho yangu ili niweze kuona mambo ya ajabu katika sheria yako.
19 ၁၉ အကျွန်ုပ် သည် မြေကြီး ပေါ် မှာ ဧည့်သည် ဖြစ်ပါ ၏။ ပညတ် တော်တို့ကို ဝှက်ထား တော်မ မူပါနှင့်။
Mimi ni mgeni katika nchi; usizifiche amri zako mbali nami.
20 ၂၀ စီရင် တော်မူချက်တို့ကို အစဉ် မပြတ်တောင့်တ သောအားဖြင့် ၊ အကျွန်ုပ် ၏ စိတ် နှလုံးကြေကွဲ လျက် ရှိပါ၏။
Moyo wangu unauma kwa kutamani sana kuzijua amri zako za haki wakati wote.
21 ၂၁ မာနကြီး သောသူနှင့် ပညတ် တော်တို့ကို လွန်ကျူး ၍၊ အကျိန် ခံရသောသူတို့ ကို ကိုယ်တော်ဆုံးမ တော်မူ၏။
Wewe huwakemea wenye kiburi, waliolaaniwa, wanao tanga-tanga mbali na amri zako.
22 ၂၂ အကျွန်ုပ်သည် သက်သေခံ တော်မူချက်တို့ကို စောင့် ပါသည် ဖြစ်၍ ၊ ကဲ့ရဲ့ ခြင်း၊ မထီမဲ့မြင် ပြုခြင်းနှင့် ကင်းလွတ် စေတော်မူပါ။
Uniokoe dhidi ya aibu na udhalilishaji, maana nimezitii amri za agano lako.
23 ၂၃ မင်း တို့သည် အကျွန်ုပ် တဘက် ၌ ထိုင် ၍ ပြော ကြ ပါ၏။ ကိုယ်တော် ၏ ကျွန် မူကား၊ အထုံးအဖွဲ့ တော်တို့ကို ဆင်ခြင် လျက်နေပါ၏။
Ingawa watawala wanapanga njama na kunikashfu, mtumishi wako huzitafakali amri zako.
24 ၂၄ သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော် ရာ၊ အကျွန်ုပ် တိုင်ပင် ရာ ဖြစ်ကြပါ၏။
Amri za agano lako ni furaha yangu, na washauri wangu. DALETH.
25 ၂၅ အကျွန်ုပ် ၏ အသက် သည် မြေမှုန့် ၌ မှီဝဲ လျက် ရှိပါ၏။ နှုတ်ကပတ် တော်အတိုင်း အသက်ရှင် စေတော်မူပါ။
Uhai wangu unashikamana na mavumbi! nipe uhai kwa neno lako.
26 ၂၆ အကျွန်ုပ်သည် ကိုယ် အကျင့် တို့ကိုဘော်ပြ ၍ ၊ ကိုယ်တော်သည် နားထောင် တော်မူပြီ။ အထုံးအဖွဲ့ တော် တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
Nilikuambia mapito yangu, na ulinijibu; nifundishe sheria zako.
27 ၂၇ ပေးတော်မူသောဩဝါဒ လမ်း ကို အကျွန်ုပ် နားလည် စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ် သော အမှုတော် တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
Unifahamishe njia ya maagizo yako, ili niweze kutafakari juu ya mafundisho yako ya ajabu.
28 ၂၈ အကျွန်ုပ် ဝမ်းနည်း ခြင်းအားဖြင့် စိတ် နှလုံးအရည် ယိုလျက် ရှိပါ၏။ နှုတ်ကပတ် တော်အတိုင်း တည်ကြည် စေတော်မူပါ။
Nimelemewa na huzuni! Nitie nguvu kwa neno lako.
29 ၂၉ မုသာ လမ်း ကို အကျွန်ုပ် ရှောင် ပါမည် အကြောင်း ၊ ကယ်မ ၍တရား တော်ကိုပေး သနားတော်မူ ပါ။
Uiondoe kwangu njia ya udanganyifu; kwa wema wako unifundishe sheria yako.
30 ၃၀ သစ္စာ လမ်း ကို အကျွန်ုပ်ရွေး ပါပြီ။ စီရင် တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာထား ပါပြီ။
Nimechagua njia ya uaminifu; siku zote nimeweka amri za haki yako mbele yangu.
31 ၃၁ သက်သေခံ တော်မူချက်တို့၌ မှီဝဲ ပါပြီ။ အို ထာဝရဘုရား ၊ အရှက်ကွဲ စေတော်မ မူပါနှင့်။
Ninashikamana na amri za agano lako; Yahwe, usiniache niaibike.
32 ၃၂ အကျွန်ုပ် ဉာဏ် ကို ပွင့် စေတော်မူသည်ဖြစ်၍ ၊ ပညတ် တော်လမ်း သို့ အလျင် အမြန်လိုက်ပါမည်။
Nitakimbia katika njia ya amri zako, kwa sababu wausukuma moyo wangu kufanya hivyo. HE
33 ၃၃ အို ထာဝရဘုရား ၊ အထုံးအဖွဲ့ တော်လမ်း ကို အကျွန်ုပ် အား သွန်သင် တော်မူပါ။ အဆုံး တိုင်အောင်လိုက် သွားပါမည်။
Unifundishe, Yahwe, njia za sheria yako, nami nitazishika hadi mwisho.
34 ၃၄ ဉာဏ် ကိုပေး တော်မူပါ။ တရား တော်ကို စောင့် ပါမည်။ စိတ် နှလုံးအကြွင်းမဲ့ စောင့် ပါမည်။
Unipe uelewa, nami nitazishika sheria zako; nitazitii kwa moyo wangu wote.
35 ၃၅ ပညတ် တော်လမ်း ၌ အကျွန်ုပ် ကို ပို့ဆောင် တော်မူ ပါ။ ထို လမ်း ကို နှစ်သက် ပါ၏။
Uniongoze katika njia ya amri zako, maana ninafurahi kuenenda katika hizo.
36 ၃၆ အကျွန်ုပ် စိတ် နှလုံးကို လောဘ ဘက် သို့မဟုတ် ၊ သက်သေခံ တော်မူချက်တို့ ဘက်သို့ ဆွဲ တော်မူပါ။
Uelekeze moyo wangu kuzielekea amari za agano lako na uniweke mbali na matendo yasiyo haki tena.
37 ၃၇ အနတ္တ ကို ပမာဏ မပြုစေခြင်းငှါ အကျွန်ုပ် မျက်စိ ကို အခြားသို့ လွှဲ တော်မူပါ။ လမ်းခရီး တော်၌ အကျွန်ုပ် အသက်ရှင် စေတော်မူပါ။
Uyageuze macho yangu dhidi ya kutazama mambo yasiyofaa; unihuishe katika njia zako.
38 ၃၈ ကိုယ်တော် ကို ကြောက်ရွံ့ သော ကိုယ်တော် ၏ ကျွန် ၌ ဗျာဒိတ် တော်ကို တည် စေတော်မူပါ။
Umtendee mtumishi wako ahadi ambayo uliifanya kwa wale wanaokuheshimu wewe.
39 ၃၉ အကျွန်ုပ် ကြောက် သော ကဲ့ရဲ့ ခြင်းကို ပယ် ပျောက်စေတော်မူပါ။ စီရင် တော်မူချက်တို့သည် ကောင်းမွန် ကြပါ၏။
Uniondolee shutumu niiogopayo, maana hukumu zako za haki ni njema.
40 ၄၀ ပေးတော်မူသောဩဝါဒ များကို တောင့်တ ပါ၏။ ဖြောင့်မတ် ခြင်းတရားတော်အားဖြင့် အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
Tazama, nimeyatamani maagizo yako; unihuishe katika haki yako. VAV.
41 ၄၁ အို ထာဝရဘုရား ၊ ဗျာဒိတ် တော်အတိုင်း ကရုဏာ တော်တည်းဟူသောကယ်တင် တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ် ၌ ရောက် ပါစေသော။
Ee Yahwe, unipe upendo wako usiokwisha na wokovu wako kulingana na ahadi yako;
42 ၄၂ ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ် တော်ကို ကိုးစား သည်ဖြစ်၍ ၊ ကဲ့ရဲ့ သောသူ ၏စကား ကို ချေ စရာ အကြောင်းရှိရပါလိမ့်မည်။
ndipo nitakuwa na jibu kwa ajili ya yule anayenidhihaki.
43 ၄၃ စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့် သည် ဖြစ်၍ ၊ အကျွန်ုပ် ၏ နှုတ် ထဲက သစ္စာ စကား ကို အလျှင်း ရုပ်သိမ်း တော်မ မူပါနှင့်။
Usiliondoe neno la kweli mdomoni mwangu, maana nimesubiri kwa ajili ya amri zako za haki.
44 ၄၄ ကိုယ်တော် ၏တရား ကို မ ခြားမလပ် အစဉ်အမြဲ ကျင့်စောင့် ပါမည်။
Nitazitii sheria zako siku zote, milele na milele.
45 ၄၅ ပေးတော်မူသောဩဝါဒ များကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍ ၊ အဆီးအတား မရှိဘဲ သွား လာရ ပါ၏။
Nitaenenda salama, maana ninayatafuta maagizo yako.
46 ၄၆ သက်သေခံ တော်မူချက်တို့ကို မင်း များထံမှာ ပြန်ပြော ၍ ၊ ရှက်ကြောက် ခြင်းနှင့်ကင်းလွတ် ပါလိမ့်မည်။
Nitazinena amri zako thabiti mbele ya wafalme nami sitaaibika.
47 ၄၇ အကျွန်ုပ်သည် နှစ်သက် သော ပညတ် တော်တို့၌ မွေ့လျော် ပါမည်။
Ninafurahia katika amri zako, nizipendazo sana.
48 ၄၈ နှစ်သက် သော ပညတ် တော် တို့အား လက် တို့ကို ချီ ၍ ၊ အထုံးအဖွဲ့ တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
Nitaziinulia mikono yangu amri zako, nizipendazo; nitazitafakari sheria zako. ZAYIN.
49 ၄၉ အကျွန်ုပ် မြော်လင့် စရာအကြောင်း ၊ ကိုယ်တော် ၏ကျွန် ၌ ထားတော်မူသောနှုတ်ကပတ် တော်ကို အောက်မေ့ တော်မူပါ။
Kumbuka ahadi yako kwa mtumishi wako kwa sababu umenipa tumaini.
50 ၅၀ ဗျာဒိတ် တော်အားဖြင့် အကျွန်ုပ် အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲ ကိုခံရစဉ်တွင် ၊ ထို နှုတ်ကပတ်တော်သည် အကျွန်ုပ် သက်သာ စရာအကြောင်းဖြစ်ပါ၏။
Hii ni faraja yangu katika mateso: kuwa ahadi yako imeniweka hai.
51 ၅၁ မာနကြီး သောသူတို့သည် အကျွန်ုပ် ကို အလွန် ကဲ့ရဲ့ သော်လည်း၊ ကိုယ်တော် ၏ တရား လမ်းကို အကျွန်ုပ် မ ရှောင် ပါ။
Wenye kiburi wamenicheka, lakini sijaiacha sheria yako.
52 ၅၂ အို ထာဝရဘုရား ၊ ရှေး ကာလ၌ စီရင် တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့ ၍ ၊ ကိုယ်ကိုကိုယ်နှစ်သိမ့် စေပါ၏။
Nimezitafakari amri zako za haki tangu zamani, Yahwe, nami ninajifariji mwenyewe.
53 ၅၃ တရား တော်ကို စွန့်ပယ် သော အဓမ္မ လူတို့ ကြောင့် ၊ အကျွန်ုပ် ၌ ပူလောင် သောစိတ် စွဲလန်း လျက် ရှိပါ၏။
Hasira kali imenishikilia kwa sababu ya waovu wanaoikataa sheria yako.
54 ၅၄ အကျွန်ုပ် ဧည့်သည် နေရာအိမ် တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ် သီချင်း ဆိုရာအကြောင်း ဖြစ် ကြပါ၏။
Sheria zako zimekuwa nyimbo zangu katika nyumba ninayoishi kwa muda.
55 ၅၅ အို ထာဝရဘုရား ၊ ညဉ့် အချိန်၌ နာမတော် ကို အကျွန်ုပ် အောက်မေ့ ၍ တရား တော်ကို စောင့် ပါ၏။
Ninalifikiria jina lako wakati wa usiku, Yahwe, na kuzishika sheria zako.
56 ၅၆ ပေးတော်မူသောဩဝါဒ များကို နားထောင် သောအားဖြင့် အား ရပါ၏။
Hili limekuwa zoezi langu kwa sababu nimeyatii maagizo yako. HETH.
57 ၅၇ အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ အဘို့ ဖြစ်တော်မူ၏။ နှုတ်ကပတ် စကားတော်တို့ကို နားထောင် ပါမည်ဟု အကျွန်ုပ်ပြော ထားပါပြီ။
Yahwe ni sehemu yangu; nimeamua kuyatii maneno yake.
58 ၅၈ ကျေးဇူးတော်ကိုခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ် နှလုံးအကြွင်းမဲ့ တောင်းပန် ပါ၏။ ဗျာဒိတ် တော်အတိုင်း အကျွန်ုပ် ကို သနား တော်မူပါ။
Kwa bidii ninaomba neema yako kwa moyo wangu wote; unihurumie, kama neno lako lilivyo ahidi.
59 ၅၉ ကိုယ် လိုက်ရာလမ်း ကို ဆင်ခြင် သောအခါ ၊ သက်သေခံ တော်မူချက်တို့သို့ လှည့် ၍လိုက် ပါ၏။
Nilizichunguza njia zangu na kugeuzia miguu yangu kwenye amri za agano lako.
60 ၆၀ ပညတ် တော်တို့ကို စောင့် ခြင်းငှါ မ ဖင့် မနွှဲ အလျင် အမြန်ပြုပါ၏။
Naharakisha na sichelewi kuzishika amri zako.
61 ၆၁ မ တရားသောသူ အစည်း အဝေးတို့သည် အကျွန်ုပ် ကိုဝိုင်း ကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မ မေ့ မလျော့ပါ။
Kamba za waovu zimenifunga; nami sijaisahau sheria yako.
62 ၆၂ တရား သဖြင့် စီရင် တော်မူချက်တို့ကိုထောက် ၍ ၊ ဂုဏ်တော်ကို ချီးမွမ်း ခြင်းငှါ ၊ သန်းခေါင် အချိန်၌ အကျွန်ုပ် ထ တတ်ပါ၏။
Katikati ya usiku ninaamka kukushukuru wewe kwa sababu ya amri za haki yako.
63 ၆၃ ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ ပေးတော်မူသော ဩဝါဒ ကို နားထောင် သောသူရှိသမျှ တို့နှင့် အကျွန်ုပ် ပေါင်းဘော် တတ်ပါ၏။
Ninaurafiki na wale wanao kuabudu wewe, wale wote watiio maagizo yako.
64 ၆၄ အိုထာဝရဘုရား ၊ မြေကြီး သည် ကရုဏာ တော် နှင့်ပြည့်ဝ ပါ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
Yahwe, nchi, imejaa uaminifu wa agano lako; unifundishe sheria zako. TETH.
65 ၆၅ အိုထာဝရဘုရား ၊ နှုတ်ကပတ် တော်အတိုင်း ကိုယ်တော် ၏ကျွန် ၌ ကျေးဇူး ပြု တော်မူ၏။
Wewe umemtendea mema mtumishi wako, Yahwe, sawasawa na neno lako.
66 ၆၆ ပညတ် တော်တို့ကို အကျွန်ုပ် ယုံကြည် သည် ဖြစ်၍ ၊ ကောင်း သော ဉာဏ် နှင့် ပညာ တော်အတတ်ကို သွင်း ပေးတော်မူပါ။
Unifundishe utambuzi sahihi na uelewa, kwa kuwa nimeamini katika amri zako.
67 ၆၇ အကျွန်ုပ် သည် ဆင်းရဲ မ ခံမှီလမ်း လွဲပါ၏။ ယခု မူကား ၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့် ပါ၏။
Kabla sijateswa nilipotea, lakini sasa nimelitii neno lako.
68 ၆၈ ကိုယ်တော် သည် ကောင်း သောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
Wewe ni mwema, na ndiye yule utendaye mema; unifundishe sheria zako.
69 ၆၉ မာနကြီး သောသူတို့ သည် အကျွန်ုပ် တဘက် ၌ မုသာ စကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသ များကို စိတ် နှလုံးအကြွင်းမဲ့ ကျင့် ပါ၏။
Wenye kiburi wamenichafua kwa uongo, lakini niliyashika maagizo yako kwa moyo wangu wote.
70 ၇၀ သူ တို့နှလုံး သည် ဆီဥ ကဲ့သို့ ခဲ လျက်ရှိ၏။ အကျွန်ုပ် မူကား၊ ကိုယ်တော် ၏တရား ၌ မွေ့လျော် ပါ၏။
Mioyo yao ni migumu, lakini ninafurahia katika sheria yako.
71 ၇၁ အထုံးအဖွဲ့ တော်တို့ကို သွန်သင် စေခြင်းငှါ ၊ အကျွန်ုပ် ဆင်းရဲ ခံရသော ကျေးဇူး သည် ကြီးပါ၏။
Ni vizuri kwangu kuwa nimeteseka ili niweze kujifunza sheria zako.
72 ၇၂ နှုတ် တော်ထွက် တရား တော်သည် ရွှေ ငွေ အထောင် အသောင်းထက်မက ၊ အကျွန်ုပ် ၌ သာ၍ကောင်း ပါ၏။
Maagizo yatokayo kinywani mwako ni ya thamani zaidi kwangu kuliko maelfu ya vipande vya dhahabu na fedha. YOD.
73 ၇၃ ကိုယ်တော် ၏ လက် တို့သည် အကျွန်ုပ် ကို ဖန်ဆင်း ၍ ၊ ပုံ သဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ် တော် တို့ကို အကျွန်ုပ်သင် နိုင်သော ဉာဏ် နှင့် ပြည့်စုံစေတော်မူပါ။
Mikono yako imeniumba na kunitengeneza; unipe uelewa ili niweze kujifunza amri zako.
74 ၇၄ နှုတ်ကပတ် တော်ကို အကျွန်ုပ် မြော်လင့် သောကြောင့် ၊ ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့သည် အကျွန်ုပ် ကို မြင် ၍ ဝမ်းမြောက် ကြပါလိမ့်မည်။
Wale wanao kucha wewe watafurahi wanionapo kwa sababu ninapata tumaini katika neno lako.
75 ၇၅ အို ထာဝရဘုရား ၊ စီရင် တော်မူချက်တို့သည် ဟုတ်မှန် ကြောင်း ကို၎င်း ၊ သစ္စာ တော်နှင့်အညီအကျွန်ုပ် ကို ဆင်းရဲ စေတော်မူကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။
Ninajua, Yahwe, kuwa amri zako ni za haki, na kuwa katika uaminifu ulinitesa.
76 ၇၆ ကိုယ်တော် ၏ ကျွန် ၌ မိန့် တော်မူချက်အတိုင်း ၊ ကရုဏာ တော်သည် အကျွန်ုပ် ကို ချမ်းသာ ပေးပါ စေသော ဟု ဆုတောင်းပါ၏။
Agano lako aminifu na linifariji, kama ulivyomwahidi mtumishi wako.
77 ၇၇ ကိုယ်တော် ၏ တရား သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင် မည် အကြောင်း ၊ သနား စုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။
Unihurumie ili niweze kuishi, kwa maana sheria yako ni furaha yangu.
78 ၇၈ မာနကြီး သောသူတို့ သည် ရှက်ကြောက် ကြ ပါစေသော။ အကြောင်း မရှိဘဲ အကျွန်ုပ် ၌ မ တရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ် မူကား ကိုယ်တော် ၏ ဥပဒေသ များကို ဆင်ခြင် အောက်မေ့ပါမည်။
Wenye kiburi na waaibishwe, maana wamenitukana; bali mimi nitayatafakari maagizo yako.
79 ၇၉ ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ သက်သေ ခံ တော်မူချက်တို့ကို သိ သောသူတို့သည် အကျွန်ုပ် ထံသို့ လှည့် ကြပါစေသော။
Wale wote wanao kucha wewe na wanigeukie, wale wazijuao amri za agano lako.
80 ၈၀ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည် အကြောင်း ၊ အကျွန်ုပ် နှလုံး သည် အထုံးအဖွဲ့ တော်တို့၌ စုံလင် ပါစေသော။
Moyo wangu uwe mkamilifu pamoja na heshima kwa sheria zako ili nisiaibike. KAPH.
81 ၈၁ အကျွန်ုပ် ၏ ဝိညာဉ် သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အား လျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ် တော် ကိုမြော်လင့် ပါ၏။
Ninazimia kwa kutamani sana kuwa wewe unaweza kuniokoa! Ninamatumaini katika neno lako.
82 ၈၂ အကျွန်ုပ် ကို အဘယ် ကာလမှ ချမ်းသာ ပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ် မျက်စိ တို့သည် ဗျာဒိတ် တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။
Macho yangu yanatamani sana kuiona ahadi yako; ni lini utanifariji mimi?
83 ၈၃ မီးခိုး ၌ ရှိသောသားရေ ဘူးကဲ့သို့ အကျွန်ုပ်ဖြစ် ပါ ၏။ သို့သော်လည်း၊ အထုံးအဖွဲ့ တော်တို့ကို မ မေ့ မလျော့ပါ။
Kwa maana nimekuwa kama kiriba katika moshi; sisahau sheria zako.
84 ၈၄ ကိုယ်တော် ၏ ကျွန် နေရသော နေ့ရက် ကာလ အဘယ် မျှလောက်ကြာရပါမည်နည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့အား ၊ အဘယ် ကာလမှ တရား ဆုံးဖြတ် တော်မူမည်နည်း။
Ni kwa muda gani gani mtumishi wako atalazimika kuyavumilia haya; ni lini utawahukumu wale wanaonitesa?
85 ၈၅ မာနကြီး သောသူ၊ ကိုယ်တော် ၏ တရား ကို လွန်ကျူးသောသူတို့ သည် အကျွန်ုပ် အဘို့ တွင်း များကို တူး ကြပါပြီ။
Wenye kiburi wamenichimbia shimo, wasiotii sheria yako.
86 ၈၆ အလုံးစုံ သော ပညတ် တော်တို့သည် သစ္စာ နှင့် ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်း မရှိဘဲ အကျွန်ုပ် ကိုညှဉ်းဆဲ ကြသည် ဖြစ်၍၊ မစ တော်မူပါ။
Amri zako zote ni za kuaminika; wale watu walinitesa bila ya haki; unisaidie.
87 ၈၇ သူတို့သည် အကျွန်ုပ် ကို မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းလု ပါပြီ။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များကို အကျွန်ုပ် မ စွန့် ပါ။
karibu kunifanya nifikie mwisho juu ya nchi hii, lakini siyakatai maagizo yako.
88 ၈၈ ကရုဏာ တော်ရှိသည်အတိုင်း အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ နှုတ် တော်ထွက် ဗျာဒိတ် တော် ကို စောင့် ပါမည်။
Kwa upendo wako thabiti, uniweke hai, ili niweze kuzitii amri zako. LAMEDH.
89 ၈၉ အိုထာဝရဘုရား ၊ နှုတ်ကပတ် တော်သည် ကောင်းကင် ဘုံ၌ အစဉ် အမြဲတည် ပါ၏။
Yahwe, neno lako linasimama milele; neno lako limefanywa imara mbinguni.
90 ၉၀ သစ္စာ တော်သည် လူမျိုး အဆက်ဆက်မြဲမြံပါ၏။ မြေကြီး ကို တည် စေတော်မူသဖြင့် ၊ သူသည်အမြဲ နေပါ၏။
Uaminifu wako wadumu kwa ajili ya vizazi vyote; umeiimarisha nchi, nayo inadumu.
91 ၉၁ ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်၍ စီရင် တော်မူသည်နှင့်အညီ ၊ ယနေ့ တိုင်အောင်အမြဲ နေကြပါ၏။
Vitu yote yaliendelea mpaka leo hii, kama vile ulivyosema katika amri zako za haki, maana vitu vyote ni watumishi wako.
92 ၉၂ အကျွန်ုပ် သည် ကိုယ်တော် ၏ တရား ၌မွေ့လျော် ခြင်းမ ရှိလျှင်၊ အထက်က ဆင်းရဲ ခံစဉ် ပျက်စီး ပါပြီ။
Kama sheria yako isingekuwa furaha yangu, ningeangamia katika mateso yangu.
93 ၉၃ ကိုယ်တော် ၏ ဥပဒေ များကို အစဉ် မ မေ့ မလျော့နိုင်ပါ။ အကြောင်း မူကား၊ ထို ဥပဒေသများအားဖြင့် ၊ အကျွန်ုပ် ကို အသက်ရှင် စေ တော်မူ၏။
Sitayasahau kamwe maagizo yako, maana kupitia hayo umeniweka hai.
94 ၉၄ အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော် ၏ ဥပဒေသ များကို ရှာဖွေ လိုက်စစ်သောကြောင့် အကျွန်ုပ် ကို ကယ်တင် တော်မူပါ။
Mimi ni wako, kwa maana ninayatafuta maagizo yao.
95 ၉၅ အကျွန်ုပ် ကို ဖျက်ဆီး ခြင်းငှါ ၊ မ တရားသောသူတို့ သည် စောင့် လျက်နေကြပါ၏။ သို့သော်လည်း ၊ သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက်မေ့ ပါမည်။
Waovu hujiandaa kuniangamiza, lakini nitatafuta kuzielewa amri za agano lako.
96 ၉၆ ခပ်သိမ်း သော စုံလင် ခြင်း၏ အဆုံး ကို အကျွန်ုပ် မြင် ပါပြီ။ ပညတ် တရားတော်မူကား၊ အလွန် ကျယ်ဝန်း ပါ၏။
Nimeona kuwa kila kitu kina mipaka, lakini amri zako ni pana, zaidi ya mipaka. MEM.
97 ၉၇ ကိုယ်တော် ၏တရား ကို အကျွန်ုပ်သည် အလွန် နှစ်သက် ပါ၏။ တနေ့လုံး ဆင်ခြင် အောက်မေ့လျက် နေပါ၏။
Oh ni jinsi gani naipenda sheria yako! Ni tafakari yangu mchana kutwa.
98 ၉၈ ပညတ် တရားတော်သည် အကျွန်ုပ် ၏ ရန်သူ တို့ ထက် ၊ အကျွန်ုပ် ကိုသာ၍ ပညာရှိစေပါ၏။ ပညတ် တရား တော်သည် အကျွန်ုပ် ၌ အစဉ် တည်ပါ၏။
Amri zako hunifanya mwenye hekima kuliko adui zangu, maana amri zako siku zote ziko pamoja nami.
99 ၉၉ သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ် သည် ဆင်ခြင် အောက်မေ့သောကြောင့် ၊ အကျွန်ုပ် ၏ ဆရာ အပေါင်း တို့ထက် သာ၍နားလည် ပါ၏။
Ninauelewa zaidi kuliko walimu wangu wote, kwa maana ninazitafakari amri za agano lako.
100 ၁၀၀ ကိုယ်တော် ၏ ဥပဒေသ များကို စောင့် သောကြောင့် ၊ အသက်ကြီး သူတို့ထက် သာ၍ဉာဏ် ကောင်း ပါ၏။
Ninaelewa kuliko wale wanaonizidi umri; hii ni kwa sababu nimeyashika maagizo yako.
101 ၁၀၁ နှုတ်ကပတ် တော်ကို စောင့် လိုသောငှါ ၊ မကောင်း သောလမ်း ရှိသမျှ တို့ကို လွှဲ ရှောင်ပါ၏။
Nimeiepusha miguu yangu na kila njia ya uovu ili niweze kulitii neno lako.
102 ၁၀၂ ကိုယ်တော် သည် သွန်သင် တော်မူသောကြောင့် ၊ စီရင် တော်မူချက်တို့မှ အကျွန်ုပ်လွှဲ ၍ မ သွားပါ။
Sijaenda kinyume na amri zako za haki, kwa maana wewe umenifundisha.
103 ၁၀၃ မိန့် တော်မူချက်တို့သည် အကျွန်ုပ် အာခေါင် ၌ အလွန် ချိုကြပါ၏။ ခံတွင်း ထဲမှာ ပျားရည် ထက် သာ၍ချိုကြပါ၏။
Ni jinsi gani maneno yako ni matamu kwenye majaribu yangu, naam, matamu kuliko asali kinywani mwangu!
104 ၁၀၄ ကိုယ်တော် ၏ ဥပဒေသ များအားဖြင့် ၊ အကျွန်ုပ် သည် ဉာဏ် တိုးပွား ၍ ၊ မိစ္ဆာ လမ်း ရှိသမျှ တို့ကို မုန်း ပါ၏။
Kupitia maagizo yako ninapata utambuzi; kwa hiyo kila njia isiyo ya kweli.
105 ၁၀၅ နှုတ်ကပတ် တော်သည် အကျွန်ုပ် ခြေ ရှေ့ မှာ မီးခွက် ဖြစ်၍ ၊ အကျွန်ုပ် လမ်း ခရီးကို လင်း စေပါ၏။
Neno lako ni taa ya mguu miguu yangu na mwanga wa njia yangu.
106 ၁၀၆ ဖြောင့်မတ် စွာ စီရင်တော်မူချက်တို့ကို စောင့် ပါမည် ဟု အကျွန်ုပ်ကျိန်ဆို သည် အတိုင်း ပြု ပါမည်။
Nimeapa na nimethibitisha, kuwa nitazitii amri za haki yako.
107 ၁၀၇ အို ထာဝရဘုရား ၊ အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းကို ခံရပါ၏။ နှုတ်ကပတ် တော်အတိုင်း အသက်ရှင် စေတော်မူပါ။
Nimeteswa sana; uniweke hai, Yahwe, kama ulivyoahidi katika neno lako.
108 ၁၀၈ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် စေတနာ စိတ် ရှိ၍၊ ကိုယ် နှုတ် နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက် တော်မူပါ၏။ စီရင် တော်မူချက်တို့ကိုလည်း ၊ အကျွန်ုပ် ၌ သွန်သင် တော်မူပါဟု တောင်းပန်ပါ၏။
Yahwe, tafadhali pokea dhabihu yangu ya hiari ya kinywa changu, na unifundishe amri zako za haki.
109 ၁၀၉ အကျွန်ုပ် အသက် သည် ကိုယ် လက် ၌ အစဉ် ရှိပါ ၏။ သို့သော်လည်း ၊ တရား တော်ကို မ မေ့ မလျော့ပါ။
Uhai wangu ziku zote uko mkononi mwangu, lakini bado sisahau sheria yako.
110 ၁၁၀ မ တရားသောသူတို့ သည် အကျွန်ုပ် ဘို့ ကျော့ကွင်း ကို ထောင် ထားကြပါ၏။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များမှ လွှဲ ၍ မ သွားပါ။
Waovu wamenitegea mtego, lakini sijapotea mbali na maagizo yako.
111 ၁၁၁ သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်း ရာ ဖြစ်၍ ၊ ကိုယ်အမွေ ဥစ္စာဘို့ အစဉ် အမြဲခံယူပါ၏။
Nimezifanya amri za agano lako kama urithi wangu milele, maana hizo ni furaha ya moyo wangu.
112 ၁၁၂ အထုံးအဖွဲ့ တော်တို့ကို အဆုံး တိုင်အောင် အစဉ် လိုက် ခြင်းအလိုငှါ ၊ ကိုယ် စိတ်နှလုံး ကို တိုက်တွန်း ပါ၏။
Moyo wangu umewekwa kuzitii sheria zako milele mpaka mwisho kabisa. SAMEKH.
113 ၁၁၃ အကျွန်ုပ်သည် အဓမ္မ လူတို့ကို မုန်း ၍ ၊ ကိုယ်တော် ၏တရား ကို နှစ်သက် ပါ၏။
Ninawachukia watu wa kusita-sita, lakini naipenda sheria yako.
114 ၁၁၄ ကိုယ်တော် သည် အကျွန်ုပ် ၏ အကွယ် အကာ၊ အကျွန်ုပ် ၏ ဒိုင်း လွှားဖြစ်တော်မူ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။
Wewe ni ficho langu na ngao yangu; nalingoja neno lako.
115 ၁၁၅ ဒုစရိုက် ကို ပြုသောသူတို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။ ငါ သည် ဘုရား သခင်၏ ပညတ် တော်တို့ကို ကျင့် စောင် မည်။
Ondokeni kwangu, ninyi mtendao uovu, ili niweze kuzitii amri za Mungu wangu.
116 ၁၁၆ အကျွန်ုပ်သည် အသက်ရှင် ပါမည် အကြောင်း ၊ မိန့် တော်မူချက်အတိုင်း ထောက်မ တော်မူပါ။ အကျွန်ုပ် မြော်လင့် ခြင်းအကြောင်းမှ မ ရှက် မကြောက်ပါစေနှင့်။
Uniwezeshe kwa neno lako ili niweze kuishi na nisiaibike na matumaini yangu.
117 ၁၁၇ အကျွန်ုပ်သည် ချမ်းသာ ရပါမည်အကြောင်းမစ တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို အစဉ် အမြဲထောက်ရှု ပါမည်။
Unisaidie, nami nitakuwa salama; siki zote nitazitafakari sheria zako.
118 ၁၁၈ အထုံးအဖွဲ့ တော်တို့မှ လွှဲ သွားသမျှ သောသူတို့ ကို ပယ် တော်မူ၏။ သူ တို့ပရိယာယ် သည် မုသာ ဖြစ်ပါ၏။
Wewe huwakataa wale wote wapoteao mbali na sheria zako, maana watu hao ni wadanganyifu na si wakuaminika.
119 ၁၁၉ မ တရားသော မြေသားအပေါင်း တို့ကို ချော် ကဲ့သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေ ခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက် ပါ၏။
Wewe huwaondoa waovu wa nchi kama takataka; kwa hiyo ninazipenda amri zako thabiti.
120 ၁၂၀ ကိုယ်တော် ကို ထိတ်လန့် သဖြင့် ၊ အကျွန်ုပ် သည် ကြက်သီး မွေးညှင်းထ၍ ၊ စီရင် တော်မူချက်တို့မှ ကြောက် ပါ၏။
Mwili wangu hutetemeka kwa hofu yako, na ninaziogopa amri za haki yako. AYIN.
121 ၁၂၁ အကျွန်ုပ်သည် တရား ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြု ပါပြီ။ ညှဉ်းဆဲ သောသူတို့ လက်၌ အကျွန်ုပ် ကို ပစ် ထားတော်မ မူပါနှင့်။
Ninafanya kilicho sahihi na haki; usiniache kwa watesi wangu.
122 ၁၂၂ ကိုယ်တော် ၏ ကျွန် အဘို့ အလိုငှါ အာမခံ တော်မူပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ် ကို မ နှိပ်စက် ကြ ပါစေနှင့်။
Uwe mdhamini wa ustawi wa mtumishi wako; usiwaache wenye kiburi wanionee.
123 ၁၂၃ ကယ်တင် တော်မူခြင်းကျေးဇူးကို၎င်း ၊ ဖြောင့်မတ် ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ် တော်ကို၎င်း၊ အကျွန်ုပ် မျက်စိ သည် မျှော်၍ အား ကုန်ပါပြီ။
Macho yangu yanachoka kwa kuusubiri wokovu wako na neno lako la haki.
124 ၁၂၄ ကရုဏာ တော်ရှိသည်အတိုင်း ၊ ကိုယ်တော် ၏ ကျွန် ၌ ပြု ၍ ၊ အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူပါ။
Mwoneshe mtumishi wako uaminifu wa agano lako, na unifundishe sheria zako.
125 ၁၂၅ အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန် ဖြစ်ပါ၏။ သက်သေခံ တော်မူချက်တို့ကိုနားလည် နိုင်သော ဉာဏ် ကိုပေး သနားတော်မူပါ။
Mimi ni mtumishi wako; unipe uelewa ili niweze kuzijua amri za agano lako.
126 ၁၂၆ အို ထာဝရ ဘုရား၊ စီရင် တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရား တော်ကို ပယ် ကြပါ၏။
Ni wakati wa Yahwe kutenda, kwa maana watu wamevunja sheria yako.
127 ၁၂၇ အကျွန်ုပ်မူကား၊ ပညတ် တော်တို့ကို ရွှေ ထက်မက ၊ ရွှေစင် ထက် သာ၍နှစ်သက် ပါ၏။
Hakika ninazipenda amri zako kuliko dhahabu, naam, kuliko dhahabu safi.
128 ၁၂၈ သို့ဖြစ်လျှင် ၊ ကိုယ်တော်၏ ဥပဒေသ အလုံးစုံ တို့ သည် ဖြောင့် ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာ လမ်း ရှိသမျှ တို့ ကို မုန်း ပါ၏။
Hivyo ninayafuata maagizo yako yote kwa makini, na ninachukia kila njia ya uongo. PE.
129 ၁၂၉ သက်သေခံ တော်မူချက်တို့သည် အံ့ဩ ဘွယ် ဖြစ်၍ ၊ အကျွန်ုပ် ဝိညာဉ် သည် စောင့်ရှောက် တတ်ပါ၏။
Sheria zako ni za ajabu, ndiyo sababu ninazitii.
130 ၁၃၀ နှုတ်ကပတ် တော်ကို ဖွင့် ပြခြင်းသည် အလင်း ကိုပေး ၍၊ မ လိမ္မာသောသူတို့ကို လိမ္မာ စေတတ်ပါ၏။
Ufafanuzi wa maneno yako huleta nuru; na kumpa ufahamu mjinga.
131 ၁၃၁ ပညတ် တော်တို့ကို အကျွန်ုပ် တောင့်တ အားကြီးသဖြင့် ၊ နှုတ် ကို ဖွင့် ၍ ပန်း တိုက်ပါ၏။
Ninafungua kinywa changu na kutweta, maana ninazitamani amri zako.
132 ၁၃၂ နာမတော် ကို ချစ် သောသူတို့ ၌ ပြု တော်မူတတ် သည်အတိုင်း ၊ အကျွန်ုပ် ကို ကြည့်ရှု ၍ ကယ် မသနား တော်မူပါ။
Unigeukie na unihurumie, kama ufanyavyo siku zote kwa wale walipendao jina lako.
133 ၁၃၃ မိန့် တော်မူချက် အစဉ်အတိုင်း ၊ အကျွန်ုပ် ခြေ လှမ်းတို့ကို ဖြောင့် စေတော်မူပါ။ အကျွန်ုပ် ကို အဘယ် မည် သော ဒုစရိုက် မျှအစိုး မ ရပါစေနှင့်။
Uziongoze hatua zangu kwa neno lako; usiruhusu dhambi yeyote initawale.
134 ၁၃၄ လူ တို့၏ ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ရွေးနှုတ် တော်မူပါ။ ကိုယ်တော် ၏ဥပဒေသ များကို စောင့် ပါမည်။
Unikomboe dhidi ya wanadamu waonevu ili niyatii maagizo yako.
135 ၁၃၅ မျက်နှာ တော်၏အလင်းကို ကိုယ်တော် ၏ ကျွန် အပေါ် မှာ ထွန်းလင်း စေ၍ ၊ အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူပါ။
Uso wako umwangazie mtumishi wako, na unifundishe sheria zako.
136 ၁၃၆ သူတပါးများတို့သည် တရား တော်ကို မ စောင့် သောကြောင့် ၊ အကျွန်ုပ် မျက်စိ တို့မှ မျက်ရည် သည် မြစ် ရေ ကဲ့သို့စီး ပါ၏။
Mito ya machozi yatiririka kutoka machoni pangu kwa sababu watu hawaitii sheria yako. TSADHE.
137 ၁၃၇ အို ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူ၏။ စီရင် တော်မူချက်တို့သည် ဖြောင့်မတ် ကြပါ ၏။
Wewe ni mwenye haki, Yahwe, na amri zako ni haki.
138 ၁၃၈ ထား တော်မူသောသက်သေခံ တော်မူချက်တို့ သည်လည်း တရား နှင့်ညီ၍ သစ္စာ မြဲကြပါ၏။
Umezipa amri za agano lako haki na uaminifu.
139 ၁၃၉ ရန်သူ တို့သည် စကား တော်တို့ကို မေ့လျော့ သောကြောင့် ၊ စွဲလန်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကို ညှဉ်းဆဲ ပါ၏။
Hasira imeniangamiza kwa sababu adui zangu husahau maneno yako.
140 ၁၄၀ နှုတ်ကပတ် တော်သည် အလွန် စင်ကြယ် သည် ဖြစ်၍ ၊ ကိုယ်တော် ၏ကျွန် သည် နှစ်သက် ပါ၏။
Neno lako limepimwa sana, naye mtumishi wako analipenda.
141 ၁၄၁ အကျွန်ုပ် သည် ငယ် သောသူ၊ မထီမဲ့မြင် ပြုခြင်း ကို ခံရသောသူဖြစ် ပါ၏။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များကို မ မေ့ မလျော့ပါ။
Sina umuhimu na ninadharauliwa, lakini bado siyasahau maagizo yako.
142 ၁၄၂ ဖြောင့်မတ် တော်မူခြင်းသည် နိစ္စ ထာဝရ ဖြောင့်မတ် ခြင်းဖြစ်ပါ၏။ ကိုယ်တော် ၏တရား သည် သစ္စာ တရားဖြစ်ပါ၏။
Hukumu yako ni ya haki milele, na sheria yako ni ya kuaminika.
143 ၁၄၃ ဆင်းရဲ ညှိုးငယ် ခြင်းသို့ရောက် သော်လည်း ၊ ပညတ် တော်တို့သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။
Japo dhiki na taabu vimenipata, amri zako bado ni furaha yangu.
144 ၁၄၄ သက်သေခံ တော်မူချက်တို့သည် အစဉ် အမြဲဖြောင့် ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင် ပါမည် အကြောင်း ၊ ဉာဏ် ကိုပေးသနားတော်မူပါ။
Amri za agano lako ni za haki milele; unipe uelewa ili niweze kuishi. QOPH.
145 ၁၄၅ အကျွန်ုပ်သည် စိတ် နှလုံးအကြွင်းမဲ့ အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင် တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို စောင့် ပါမည်။
Nililia kwa moyo wangu wote, “Unijibu, Yahwe, nitazishika sheria zako.
146 ၁၄၆ ကိုယ်တော် ကို အော်ဟစ် ပါ၏။ ကယ်တင် တော်မူ ပါ။ သက်သေခံ တော်မူချက်တို့ကို စောင့် ပါမည်။
Ninakuita wewe; uniokoe, nami nitazitii amri za agano lako.”
147 ၁၄၇ မိုဃ်း မလင်းမှီ အကျွန်ုပ် အော်ဟစ် တတ်ပါ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။
NInaamka asubuhi kabla jua halijachomoza na kulia kwa ajili ya msaada.
148 ၁၄၈ ဗျာဒိတ် တော်တို့ကို ဆင်ခြင် အောက်မေ့လိုသောငှါ ၊ ညဉ့်ယံ မလွန်မှီ အကျွန်ုပ် နိုး တတ်ပါ၏။
Ninatumaini katika maneno yako. Macho yangu yako wazi usiku kucha ili niweze kutafakari juu ya neno lako.
149 ၁၄၉ အို ထာဝရဘုရား ၊ ကရုဏာ တော်ရှိသည် အတိုင်း အကျွန်ုပ် စကား ကို နားထောင် တော်မူပါ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
Sikia sauti yangu katika uaminifu wa agano lako; uniweke hai, Yahwe, kama ulivyoahidi katika amri zako za haki.
150 ၁၅၀ မ ကောင်းသောအကြံအစည်၌ ကျင်လည် သောသူတို့ သည် အနီးသို့ချဉ်း ကြပါ၏။ သူတို့သည် ကိုယ်တော် ၏တရား နှင့် ဝေး ကြပါ၏။
Wale wanaonitesa wananikaribia, lakini wako mbali na sheria yako.
151 ၁၅၁ အို ထာဝရဘုရား ၊ ကိုယ်တော် သည် နီး တော်မူ၏။ အလုံးစုံ သော ပညတ် တော်တို့သည် သစ္စာ ဖြစ်ကြပါ ၏။
Wewe uko karibu, Yahwe, na amri zako ni za kuaminika.
152 ၁၅၂ သက်သေခံ တော်မူချက်တို့ကို အစဉ် အမြဲထား တော်မူကြောင်း ကို၊ ရှေ့ဦးစွာ မှစ၍ အကျွန်ုပ်သိ ပါ၏။
Muda mrefu uliopita nilijifunza kutoka katika amri za agano lako ulizoziweka katika mahali pa milele. RESH.
153 ၁၅၃ အကျွန်ုပ် ခံရ သောဆင်းရဲခြင်းကို ကြည့်ရှု ၍ ၊ ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ၏တရား ကို မ မေ့ မလျော့ပါ။
Uyatazame mateso yangu na unisaidie, maana siisahau sheria yako.
154 ၁၅၄ အကျွန်ုပ် အမှု ကို စောင့် ၍ အကျွန်ုပ် ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ် တော်အားဖြင့် အသက်ရှင် စေတော်မူပါ။
Unitetee na kunikomboa; unihifadhi, kama ulivyo ahidi katika neno lako.
155 ၁၅၅ မ တရားသောသူတို့သည် အထုံးအဖွဲ့ တော်တို့ကို မ ရှာ သောကြောင့် ၊ ကယ်တင် ခြင်းနှင့် ဝေး ကြပါ၏။
Wokovu uko mbali na waovu, maana hawazipendi amri zako.
156 ၁၅၆ အိုထာဝရဘုရား ၊ သနား စုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝ ပါ၏။ စီရင် တော်မူချက်နှင့်အညီ ၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
Matendo yako ya huruma ni makuu, Yahwe; uniweke hai; kama ufanyavyo siku zote.
157 ၁၅၇ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူနှင့် ရန်ဘက် ပြု သောသူတို့ သည် များ ကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံ တော်မူချက်တို့မှ လွှဲ ၍မ သွားပါ။
Watesi wangu na adui zangu ni wengi, lakini bado sijaenda mbali na amri za agano lako.
158 ၁၅၈ သစ္စာ မရှိသောသူတို့ကို အကျွန်ုပ်သည်မြင် ၍ စိတ်နာ ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဗျာဒိတ် တော် စကားကို နား မ ထောင်ဘဲ နေကြပါ၏။
Nimewaona wasaliti wakitia kinyaa kwa sababu hawalishiki neno lako.
159 ၁၅၉ ကိုယ်တော် ၏ ဥပဒသ များကို အကျွန်ုပ် နှစ်သက် ကြောင်း ကို မှတ် တော်မူပါ။ အိုထာဝရဘုရား ၊ ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
Tazama jinsi niyapendavyo maagizo yako; uniweke hai, Yahwe, kama ulivyoahidi katika uaminifu wa agano lako.
160 ၁၆၀ နှုတ်ကပတ် တော်အလုံးစုံ တို့သည် ဟုတ်မှန် ပါ ၏။ တရား သဖြင့် စီရင် တော်မူချက်ရှိသမျှ တို့သည် အစဉ် အမြဲတည် ကြပါ၏။
Kiini cha neno lako ni kweli; kila mmoja mwenye amri za haki hudumu milele. SHIN.
161 ၁၆၁ အစိုး ရသောသူတို့ သည် အကြောင်း မရှိဘဲ အကျွန်ုပ် ကို ညှဉ်းဆဲ ကြသော်လည်း ၊ အကျွန်ုပ် စိတ် နှလုံးသည် စကား တော်ကို ကြောက်ရွံ့ ပါ၏။
Wakuu hunitesa bila sababu; moyo wangu hutetemeka, ukiogopa kutolitii neno lako.
162 ၁၆၂ လက် ရဥစ္စာများ ကို တွေ့ သကဲ့သို့ ဗျာဒိတ် တော် စကားကြောင့် အကျွန်ုပ် ဝမ်းမြောက် ပါ၏။
Ninalifurahia neno lako kama apataye nyara nyingi.
163 ၁၆၃ မုသာ စကားကို ကြား ပျင်းရွံရှာ ပါ၏။ တရား တော်ကိုကား နှစ်သက် ပါ၏။
Ninachukia na kudharau uongo, lakini naipenda sheria yako.
164 ၁၆၄ ဖြောင့်မတ် စွာ စီရင် တော်မူချက်များကြောင့် ကိုယ်တော် ကို တရက် လျှင် ခုနစ် ကြိမ် ချီးမွမ်း တတ်ပါ၏။
Mara saba kwa siku ninakusifu wewe kwa sababu ya amri zako za haki.
165 ၁၆၅ တရား တော်ကို နှစ်သက် သောသူတို့ ၌ ကြီးစွာ သော ငြိမ်ဝပ် ခြင်း ရှိပါ၏။ သူ တို့စိတ်ပျက် စရာအကြောင်းမ ရှိပါ။
Wana amani nyingi, waipendao sheria yako; hakuna cha kuwatia mashakani.
166 ၁၆၆ အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် ၍ ၊ ပညတ် တော်တို့ကို ကျင့် ပါ၏။
Naungoja wokovu wako, Yahwe, na ninatii amri zako.
167 ၁၆၇ သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ် ဝိညာဉ် သည် စောင့် ပါ၏။ အလွန် နှစ်သက် ပါ၏။
Ninazishika amri zako thabiti, na ninazipenda sana.
168 ၁၆၈ ကိုယ်တော် ၏ ဥပဒေသ တို့နှင့် သက်သေခံ တော်မူချက်တို့ကို စောင့် ပါ၏။ အကျွန်ုပ် အကျင့် ရှိသမျှ တို့သည် ရှေ့ တော်၌ရှိကြပါ၏။
Ninayashika maagizo yako na amri zako thabiti, kwa maana unajua kila kitu nifanyacho. TAV.
169 ၁၆၉ အို ထာဝရဘုရား ၊ အကျွန်ုပ် အော်ဟစ် သံသည် ရှေ့ တော်သို့ ရောက် ပါစေသော။ နှုတ်ကပတ် တော် အတိုင်း ဉာဏ် ကိုပေး သနားတော်မူပါ။
Sikia kilio changu, Yahwe; unipe uelewa wa neno lako.
170 ၁၇၀ အသနား ခံသောစကားသည် ရှေ့ တော်သို့ ရောက် ပါစေသော။ ဗျာဒိတ် တော်အတိုင်း အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
Maombi yangu yaje mbele zako; unisaidie, kama ulivyoahidi katika neno lako.
171 ၁၇၁ အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူသောအခါ ၊ အကျွန်ုပ် ၏နှုတ် သည် ချီးမွမ်း ခြင်းကို မြွက်ဆို ပါမည်။
Midomo yangu na imwage sifa, maana wewe unanifundisha sheria zako.
172 ၁၇၂ အလုံးစုံ သော ပညတ် တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍ ၊ အကျွန်ုပ် လျှာ သည် ဗျာဒိတ် တော်ကို သီချင်း ဆိုရပါမည်။
Ulimi wangu na uimbe kuhusu neno lako, maana amri zako zote ni za haki.
173 ၁၇၃ ကိုယ်တော် ၏ ဥပဒေသ များကို နှစ်သက် ပါသည် ဖြစ်၍ ၊ လက် တော်သည် အကျွန်ုပ် ကို မစ ပါစေ သော။
Mkono wako unisaidie, maana nimechagua maagizo yako.
174 ၁၇၄ အို ထာဝရဘုရား ၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တ ပါ၏။ တရား တော်သည် လည်း အကျွန်ုပ် မွေ့လျော် ရာ ဖြစ်ပါ၏။
Ninautamani wokovu wako, Yahwe, na sheria yako ni furaha yangu.
175 ၁၇၅ အကျွန်ုပ် သည် အသက် ရှင် ၍ ၊ ကိုယ်တော် ကို ချီးမွမ်း ပါစေသော။ စီရင် တော်မူချက်တို့သည် အကျွန်ုပ် ကို မစ ကြပါစေသော။
Naomba niishi na nikusifu wewe, na amri zako za haki zinisaidie.
176 ၁၇၆ ပျောက် သော သိုး ကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော် ၏ ကျွန် ကိုရှာ တော်မူပါ။ အကျွန်ုပ်သည် ပညတ် တော်တို့ကို မ မေ့ မလျော့ပါ။
Nimetanga-tanga kama kondoo aliyepotea; mtafute mtumishi wako, kwa maana sijazisahau amri zako.

< ဆာလံ 119 >