< ဆာလံ 118 >

1 ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည် သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Mshukuruni Bwana, kwa kuwa ni mwema; upendo wake wadumu milele.
2 ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု ဣသရေလ အမျိုး ဝန်ခံ စေ။
Israeli na aseme sasa: “Upendo wake wadumu milele.”
3 ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု အာရုန် အနွှယ် ဝန်ခံ စေ။
Nyumba ya Aroni na iseme sasa: “Upendo wake wadumu milele.”
4 ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ သည် ဝန်ခံ ကြစေ။
Wote wamchao Bwana na waseme sasa: “Upendo wake wadumu milele.”
5 ငါသည် ကျဉ်းမြောင်း ရာထဲက ထာဝရ ဘုရားကို ခေါ် ၍၊ ထာဝရ ဘုရားသည် ကျယ်ဝန်း သော အရပ်ထဲသို့ သွင်း တော်မူ၏။
Wakati wa maumivu yangu makuu nilimlilia Bwana, naye akanijibu kwa kuniweka huru.
6 ထာဝရဘုရား သည် ငါ့ ဘက် မှာ ရှိတော်မူသည် ဖြစ်၍ကြောက် စရာမ ရှိ။ လူ သည် ငါ ၌ အဘယ်သို့ ပြု နိုင်သနည်း။
Bwana yuko pamoja nami, sitaogopa. Mwanadamu anaweza kunitenda nini?
7 ထာဝရဘုရား သည် ငါ့ ဘက် ၌ မစ တော်မူသည် ဖြစ်၍ ၊ ငါ့ ကို မုန်း သောသူတို့၌ ငါ့ အလို ပြည့်စုံလိမ့်မည်။
Bwana yuko pamoja nami, yeye ni msaidizi wangu. Nitawatazama adui zangu wakiwa wameshindwa.
8 ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည်၊ လူ ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
Ni bora kumkimbilia Bwana kuliko kumtumainia mwanadamu.
9 ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည် မင်း ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
Ni bora kumkimbilia Bwana kuliko kuwatumainia wakuu.
10 ၁၀ လူမျိုး အပေါင်း တို့သည် ငါ့ ကိုဝိုင်း ကြသော်လည်း၊ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ် ရ၏။
Mataifa yote yalinizunguka, lakini kwa jina la Bwana naliwakatilia mbali.
11 ၁၁ ငါ့ ကိုဝိုင်း ကြ၏။ ဝိုင်း ကြသော်လည်း ၊ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ်ရ၏။
Walinizunguka pande zote, lakini kwa jina la Bwana naliwakatilia mbali.
12 ၁၂ ပျား များကဲ့သို့ ငါ့ ကိုဝိုင်း ၍ အုံကြသော်လည်း၊ ဆူး ပင်ကို လောင်သော မီး ကဲ့သို့ ငြိမ်း ကြ၏။ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ်ရ၏။
Walinizunguka kama kundi la nyuki, lakini walikufa haraka kama miiba iteketeayo; kwa jina la Bwana naliwakatilia mbali.
13 ၁၃ သင်သည် ငါ့ ကိုလှဲ ခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း ၊ ထာဝရဘုရား သည် ငါ့ ကိုမစ တော်မူ၏။
Nilisukumwa nyuma karibu kuanguka, lakini Bwana alinisaidia.
14 ၁၄ ထာဝရ ဘုရားသည် ငါ ၏အစွမ်း သတ္တိ၊ ငါသီချင်း ဆိုရာအကြောင်း ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ဖြစ် တော်မူ၏။
Bwana ni nguvu yangu na wimbo wangu, yeye amefanyika wokovu wangu.
15 ၁၅ ဖြောင့်မတ် သောသူတို့ ၏ နေရာ ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင် ခြင်းအသံ ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ကြီး သောအမှုကိုပြု ၏။
Sauti za shangwe na ushindi zinavuma hemani mwa wenye haki: “Mkono wa kuume wa Bwana umetenda mambo makuu!
16 ၁၆ ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ချီးမြှင့် လျက်ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော် သည် ကြီး သောအမှုကိုပြု ၏။
Mkono wa kuume wa Bwana umeinuliwa juu, mkono wa kuume wa Bwana umetenda mambo makuu!”
17 ၁၇ ငါမ သေ ရသေး။ အသက်ရှင် ၍ ထာဝရ ဘုရား ၏ အမှုတော် တို့ကို ကြား ပြောရဦးမည်။
Sitakufa, bali nitaishi, nami nitatangaza yale Bwana aliyoyatenda.
18 ၁၈ ထာဝရ ဘုရားသည် ငါ့ ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း ၊ သေ ခြင်း၌ အပ် တော်မ မူသေး။
Bwana ameniadhibu vikali, lakini hakuniacha nife.
19 ၁၉ ဖြောင့်မတ် ခြင်းတံခါး တို့ကို ငါ့ အား ဖွင့် ကြ။ ငါဝင် ၍ ထာဝရ ဘုရား၏ဂုဏ်တော်ကို ချီးမွမ်း ရမည်။
Nifungulie malango ya haki, nami nitaingia na kumshukuru Bwana.
20 ၂၀ ဤ တံခါးသည် ထာဝရဘုရား ၏ တံခါး ဖြစ်၏။ ဖြောင့်မတ် သောသူတို့ သည် ဝင် ရကြ၏။
Hili ni lango la Bwana ambalo wenye haki wanaweza kuliingia.
21 ၂၁ ကိုယ်တော် ကို အကျွန်ုပ် ချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ် ၏ စကား ကို နားထောင် ၍ ၊ အကျွန်ုပ် ကို ကယ်တင် တော်မူ၏။
Nitakushukuru, kwa kuwa ulinijibu, umekuwa wokovu wangu.
22 ၂၂ တိုက်ကို တည်လုပ် သော သူများပယ် ထားသော ကျောက် သည် နောက်တဖန် တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။
Jiwe walilolikataa waashi, limekuwa jiwe kuu la pembeni.
23 ၂၃ ထို အမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ် ၏။ ငါ တို့ မျက်မှောက် ၌ လည်း အံ့ဩ ဘွယ်ဖြစ်၏။
Bwana ametenda hili, nalo ni la kushangaza machoni petu.
24 ၂၄ ဤ နေ့ရက် သည် ထာဝရဘုရား စီရင် တော်မူသော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက် ရွှင်လန်း ကြကုန် အံ့။
Hii ndiyo siku Bwana aliyoifanya, tushangilie na kufurahi ndani yake.
25 ၂၅ အို ထာဝရဘုရား ၊ ကယ်တင် တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား ၊ ကောင်းကြီး မင်္ဂလာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။
Ee Bwana, tuokoe, Ee Bwana, utujalie mafanikio.
26 ၂၆ ထာဝရဘုရား ၏အခွင့် နှင့် ကြွလာ သောသူသည် မင်္ဂလာ ရှိစေသတည်း။ ထာဝရဘုရား ၏ အိမ် တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကောင်းကြီး ပေးကြပါ၏။
Heri yule ajaye kwa jina la Bwana. Kutoka nyumba ya Bwana tunakubariki.
27 ၂၇ ထာဝရဘုရား သည် ဘုရား သခင်ဖြစ်၍ ၊ ငါ တို့၌ ရောင်ခြည် တော်ကို လွှတ်တော်မူ၏။ ယဇ် တင်ရန် အကောင်ကို ယဇ် ပလ္လင်ဦးချို ၌ ကြိုး နှင့် ချည် ကြလော့။
Bwana ndiye Mungu, naye ametuangazia nuru yake. Mkiwa na matawi mkononi, unganeni kwenye maandamano ya sikukuu hadi kwenye pembe za madhabahu.
28 ၂၈ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ၍ ၊ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော် ကို ချီးမြှောက် ပါမည်။
Wewe ni Mungu wangu, nitakushukuru, wewe ni Mungu wangu, nitakutukuza.
29 ၂၉ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Mshukuruni Bwana kwa kuwa ni mwema; upendo wake wadumu milele.

< ဆာလံ 118 >