< ဆာလံ 118 >

1 ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည် သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Give thanks to Jehovah, for he is good, for his loving kindness endures forever.
2 ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု ဣသရေလ အမျိုး ဝန်ခံ စေ။
Let Israel now say that his loving kindness endures forever.
3 ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု အာရုန် အနွှယ် ဝန်ခံ စေ။
Let the house of Aaron now say that his loving kindness endures forever.
4 ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ သည် ဝန်ခံ ကြစေ။
Now let those who fear Jehovah say that his loving kindness endures forever.
5 ငါသည် ကျဉ်းမြောင်း ရာထဲက ထာဝရ ဘုရားကို ခေါ် ၍၊ ထာဝရ ဘုရားသည် ကျယ်ဝန်း သော အရပ်ထဲသို့ သွင်း တော်မူ၏။
Out of my distress, I called on JAH. JAH answered me with freedom.
6 ထာဝရဘုရား သည် ငါ့ ဘက် မှာ ရှိတော်မူသည် ဖြစ်၍ကြောက် စရာမ ရှိ။ လူ သည် ငါ ၌ အဘယ်သို့ ပြု နိုင်သနည်း။
Jehovah is my helper; I will not fear. What can man do to me?
7 ထာဝရဘုရား သည် ငါ့ ဘက် ၌ မစ တော်မူသည် ဖြစ်၍ ၊ ငါ့ ကို မုန်း သောသူတို့၌ ငါ့ အလို ပြည့်စုံလိမ့်မည်။
Jehovah is my helper; and I will look in triumph on those who hate me.
8 ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည်၊ လူ ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
It is better to take refuge in Jehovah, than to put confidence in man.
9 ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည် မင်း ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
It is better to take refuge in Jehovah, than to put confidence in princes.
10 ၁၀ လူမျိုး အပေါင်း တို့သည် ငါ့ ကိုဝိုင်း ကြသော်လည်း၊ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ် ရ၏။
All the nations surrounded me, but in the name of Jehovah, I cut them off.
11 ၁၁ ငါ့ ကိုဝိုင်း ကြ၏။ ဝိုင်း ကြသော်လည်း ၊ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ်ရ၏။
They surrounded me, yes, they surrounded me. In the name of Jehovah I indeed cut them off.
12 ၁၂ ပျား များကဲ့သို့ ငါ့ ကိုဝိုင်း ၍ အုံကြသော်လည်း၊ ဆူး ပင်ကို လောင်သော မီး ကဲ့သို့ ငြိမ်း ကြ၏။ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ်ရ၏။
They surrounded me like bees. They blazed like a fire among thorns. In the name of Jehovah I cut them off.
13 ၁၃ သင်သည် ငါ့ ကိုလှဲ ခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း ၊ ထာဝရဘုရား သည် ငါ့ ကိုမစ တော်မူ၏။
I was pushed hard, to make me fall, but Jehovah helped me.
14 ၁၄ ထာဝရ ဘုရားသည် ငါ ၏အစွမ်း သတ္တိ၊ ငါသီချင်း ဆိုရာအကြောင်း ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ဖြစ် တော်မူ၏။
JAH is my strength and my song, and he has become my salvation.
15 ၁၅ ဖြောင့်မတ် သောသူတို့ ၏ နေရာ ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင် ခြင်းအသံ ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ကြီး သောအမှုကိုပြု ၏။
The voice of rejoicing and salvation is in the tents of the righteous. "The right hand of Jehovah does valiantly.
16 ၁၆ ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ချီးမြှင့် လျက်ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော် သည် ကြီး သောအမှုကိုပြု ၏။
The right hand of Jehovah is exalted. The right hand of Jehovah does valiantly."
17 ၁၇ ငါမ သေ ရသေး။ အသက်ရှင် ၍ ထာဝရ ဘုရား ၏ အမှုတော် တို့ကို ကြား ပြောရဦးမည်။
I will not die, but live, and declare the works of JAH.
18 ၁၈ ထာဝရ ဘုရားသည် ငါ့ ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း ၊ သေ ခြင်း၌ အပ် တော်မ မူသေး။
JAH has punished me severely, but he has not given me over to death.
19 ၁၉ ဖြောင့်မတ် ခြင်းတံခါး တို့ကို ငါ့ အား ဖွင့် ကြ။ ငါဝင် ၍ ထာဝရ ဘုရား၏ဂုဏ်တော်ကို ချီးမွမ်း ရမည်။
Open to me the gates of righteousness. I will enter into them and praise JAH.
20 ၂၀ ဤ တံခါးသည် ထာဝရဘုရား ၏ တံခါး ဖြစ်၏။ ဖြောင့်မတ် သောသူတို့ သည် ဝင် ရကြ၏။
This is the gate of Jehovah; the righteous will enter into it.
21 ၂၁ ကိုယ်တော် ကို အကျွန်ုပ် ချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ် ၏ စကား ကို နားထောင် ၍ ၊ အကျွန်ုပ် ကို ကယ်တင် တော်မူ၏။
I will give thanks to you, for you have answered me, and have become my salvation.
22 ၂၂ တိုက်ကို တည်လုပ် သော သူများပယ် ထားသော ကျောက် သည် နောက်တဖန် တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။
The stone which the builders rejected has become the cornerstone.
23 ၂၃ ထို အမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ် ၏။ ငါ တို့ မျက်မှောက် ၌ လည်း အံ့ဩ ဘွယ်ဖြစ်၏။
This is Jehovah's doing. It is marvelous in our eyes.
24 ၂၄ ဤ နေ့ရက် သည် ထာဝရဘုရား စီရင် တော်မူသော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက် ရွှင်လန်း ကြကုန် အံ့။
This is the day that Jehovah has made. We will rejoice and be glad in it.
25 ၂၅ အို ထာဝရဘုရား ၊ ကယ်တင် တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား ၊ ကောင်းကြီး မင်္ဂလာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။
Save us now, we beg you, Jehovah. Jehovah, we beg you, send prosperity now.
26 ၂၆ ထာဝရဘုရား ၏အခွင့် နှင့် ကြွလာ သောသူသည် မင်္ဂလာ ရှိစေသတည်း။ ထာဝရဘုရား ၏ အိမ် တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကောင်းကြီး ပေးကြပါ၏။
Blessed is he who comes in the name of Jehovah. We have blessed you out of the house of Jehovah.
27 ၂၇ ထာဝရဘုရား သည် ဘုရား သခင်ဖြစ်၍ ၊ ငါ တို့၌ ရောင်ခြည် တော်ကို လွှတ်တော်မူ၏။ ယဇ် တင်ရန် အကောင်ကို ယဇ် ပလ္လင်ဦးချို ၌ ကြိုး နှင့် ချည် ကြလော့။
Jehovah is God, and he has given us light. Bind the sacrifice with cords, even to the horns of the altar.
28 ၂၈ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ၍ ၊ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော် ကို ချီးမြှောက် ပါမည်။
You are my God, and I will give thanks to you. You are my God, I will exalt you.
29 ၂၉ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
Oh give thanks to Jehovah, for he is good, for his loving kindness endures forever.

< ဆာလံ 118 >