< ဆာလံ 118 >
1 ၁ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည် သောကြောင့် ၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
O give thanks unto the LORD; for [he is] good: because his mercy [endureth] for ever.
2 ၂ ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု ဣသရေလ အမျိုး ဝန်ခံ စေ။
Let Israel now say, that his mercy [endureth] for ever.
3 ၃ ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု အာရုန် အနွှယ် ဝန်ခံ စေ။
Let the house of Aaron now say, that his mercy [endureth] for ever.
4 ၄ ကရုဏာ တော် အစဉ် အမြဲတည်သည်ဟု ထာဝရဘုရား ကို ကြောက်ရွံ့ သောသူတို့ သည် ဝန်ခံ ကြစေ။
Let them now that fear the LORD say, that his mercy [endureth] for ever.
5 ၅ ငါသည် ကျဉ်းမြောင်း ရာထဲက ထာဝရ ဘုရားကို ခေါ် ၍၊ ထာဝရ ဘုရားသည် ကျယ်ဝန်း သော အရပ်ထဲသို့ သွင်း တော်မူ၏။
I called upon the LORD in distress: the LORD answered me, [and set me] in a large place.
6 ၆ ထာဝရဘုရား သည် ငါ့ ဘက် မှာ ရှိတော်မူသည် ဖြစ်၍ကြောက် စရာမ ရှိ။ လူ သည် ငါ ၌ အဘယ်သို့ ပြု နိုင်သနည်း။
The LORD [is] on my side; I will not fear: what can man do unto me?
7 ၇ ထာဝရဘုရား သည် ငါ့ ဘက် ၌ မစ တော်မူသည် ဖြစ်၍ ၊ ငါ့ ကို မုန်း သောသူတို့၌ ငါ့ အလို ပြည့်စုံလိမ့်မည်။
The LORD taketh my part with them that help me: therefore shall I see [my desire] upon them that hate me.
8 ၈ ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည်၊ လူ ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
[It is] better to trust in the LORD than to put confidence in man.
9 ၉ ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည် မင်း ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
[It is] better to trust in the LORD than to put confidence in princes.
10 ၁၀ လူမျိုး အပေါင်း တို့သည် ငါ့ ကိုဝိုင်း ကြသော်လည်း၊ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ် ရ၏။
All nations compassed me about: but in the name of the LORD will I destroy them.
11 ၁၁ ငါ့ ကိုဝိုင်း ကြ၏။ ဝိုင်း ကြသော်လည်း ၊ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ်ရ၏။
They compassed me about; yea, they compassed me about: but in the name of the LORD I will destroy them.
12 ၁၂ ပျား များကဲ့သို့ ငါ့ ကိုဝိုင်း ၍ အုံကြသော်လည်း၊ ဆူး ပင်ကို လောင်သော မီး ကဲ့သို့ ငြိမ်း ကြ၏။ ထာဝရဘုရား ၏ နာမတော် အားဖြင့် သူ တို့ကို ပယ် ဖြတ်ရ၏။
They compassed me about like bees; they are quenched as the fire of thorns: for in the name of the LORD I will destroy them.
13 ၁၃ သင်သည် ငါ့ ကိုလှဲ ခြင်းငှါ ပြင်းထန်စွာ တွန်း သော်လည်း ၊ ထာဝရဘုရား သည် ငါ့ ကိုမစ တော်မူ၏။
Thou hast thrust sore at me that I might fall: but the LORD helped me.
14 ၁၄ ထာဝရ ဘုရားသည် ငါ ၏အစွမ်း သတ္တိ၊ ငါသီချင်း ဆိုရာအကြောင်း ၊ ငါ့ ကို ကယ်တင် ခြင်းအကြောင်း ဖြစ် တော်မူ၏။
The LORD [is] my strength and song, and is become my salvation.
15 ၁၅ ဖြောင့်မတ် သောသူတို့ ၏ နေရာ ၌ ဝမ်းမြောက် ခြင်းအသံနှင့် ကယ်တင် ခြင်းအသံ ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ကြီး သောအမှုကိုပြု ၏။
The voice of rejoicing and salvation [is] in the tabernacles of the righteous: the right hand of the LORD doeth valiantly.
16 ၁၆ ထာဝရဘုရား ၏ လက်ျာ လက်တော်သည် ချီးမြှင့် လျက်ရှိ၏။ ထာဝရဘုရား ၏ လက်ျာ လက်တော် သည် ကြီး သောအမှုကိုပြု ၏။
The right hand of the LORD is exalted: the right hand of the LORD doeth valiantly.
17 ၁၇ ငါမ သေ ရသေး။ အသက်ရှင် ၍ ထာဝရ ဘုရား ၏ အမှုတော် တို့ကို ကြား ပြောရဦးမည်။
I shall not die, but live, and declare the works of the LORD.
18 ၁၈ ထာဝရ ဘုရားသည် ငါ့ ကိုကျပ်တည်းစွာ ဆုံးမ သော်လည်း ၊ သေ ခြင်း၌ အပ် တော်မ မူသေး။
The LORD hath chastened me sore: but he hath not given me over unto death.
19 ၁၉ ဖြောင့်မတ် ခြင်းတံခါး တို့ကို ငါ့ အား ဖွင့် ကြ။ ငါဝင် ၍ ထာဝရ ဘုရား၏ဂုဏ်တော်ကို ချီးမွမ်း ရမည်။
Open to me the gates of righteousness: I will go into them, [and] I will praise the LORD:
20 ၂၀ ဤ တံခါးသည် ထာဝရဘုရား ၏ တံခါး ဖြစ်၏။ ဖြောင့်မတ် သောသူတို့ သည် ဝင် ရကြ၏။
This gate of the LORD, into which the righteous shall enter.
21 ၂၁ ကိုယ်တော် ကို အကျွန်ုပ် ချီးမွမ်း ပါမည်။ အကြောင်း မူကား၊ ကိုယ်တော်သည် အကျွန်ုပ် ၏ စကား ကို နားထောင် ၍ ၊ အကျွန်ုပ် ကို ကယ်တင် တော်မူ၏။
I will praise thee: for thou hast heard me, and art become my salvation.
22 ၂၂ တိုက်ကို တည်လုပ် သော သူများပယ် ထားသော ကျောက် သည် နောက်တဖန် တိုက်ထောင့် အထွဋ် ဖျားသို့ ရောက် ပြန်၏။
The stone [which] the builders refused is become the head [stone] of the corner.
23 ၂၃ ထို အမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ် ၏။ ငါ တို့ မျက်မှောက် ၌ လည်း အံ့ဩ ဘွယ်ဖြစ်၏။
This is the LORD’s doing; it [is] marvellous in our eyes.
24 ၂၄ ဤ နေ့ရက် သည် ထာဝရဘုရား စီရင် တော်မူသော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက် ရွှင်လန်း ကြကုန် အံ့။
This [is] the day [which] the LORD hath made; we will rejoice and be glad in it.
25 ၂၅ အို ထာဝရဘုရား ၊ ကယ်တင် တော်မူပါဟု တောင်းပန်ပါ၏။ အို ထာဝရဘုရား ၊ ကောင်းကြီး မင်္ဂလာကို ပေးတော်မူပါဟု တောင်းပန်ပါ၏။
Save now, I beseech thee, O LORD: O LORD, I beseech thee, send now prosperity.
26 ၂၆ ထာဝရဘုရား ၏အခွင့် နှင့် ကြွလာ သောသူသည် မင်္ဂလာ ရှိစေသတည်း။ ထာဝရဘုရား ၏ အိမ် တော် ထဲက အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကောင်းကြီး ပေးကြပါ၏။
Blessed [be] he that cometh in the name of the LORD: we have blessed you out of the house of the LORD.
27 ၂၇ ထာဝရဘုရား သည် ဘုရား သခင်ဖြစ်၍ ၊ ငါ တို့၌ ရောင်ခြည် တော်ကို လွှတ်တော်မူ၏။ ယဇ် တင်ရန် အကောင်ကို ယဇ် ပလ္လင်ဦးချို ၌ ကြိုး နှင့် ချည် ကြလော့။
God [is] the LORD, which hath shewed us light: bind the sacrifice with cords, [even] unto the horns of the altar.
28 ၂၈ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ၍ ၊ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ အကျွန်ုပ် ၏ဘုရား ဖြစ်တော်မူ၍၊ ကိုယ်တော် ကို ချီးမြှောက် ပါမည်။
Thou [art] my God, and I will praise thee: [thou art] my God, I will exalt thee.
29 ၂၉ ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍ ၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
O give thanks unto the LORD; for [he is] good: for his mercy [endureth] for ever.