< ဆာလံ 116 >
1 ၁ ထာဝရဘုရား သည် ငါ တောင်းပန် ခြင်း အသံ ကို ကြား ၍၊
၁ထာဝရဘုရားသည် ငါတောင်းပန်ခြင်း အသံကို ကြား၍၊
2 ၂ ငါ့ ဘက်သို့ နား တော်ကိုလှည့် တော်မူသောကြောင့် ၊ ငါနှစ်သက် ၏။ ငါ အသက် ရှည်သမျှ ကာလ ပတ်လုံး၊ ထာဝရဘုရားကို ပဌနာ ပြုမည်။
၂ငါ့ဘက်သို့ နားတော်ကိုလှည့်တော်မူသော ကြောင့်၊ ငါနှစ်သက်၏။ ငါအသက်ရှည်သမျှ ကာလပတ် လုံး၊ ထာဝရဘုရားကို ပဌနာပြုမည်။
3 ၃ သေခြင်း ကြိုး တို့သည် ငါ့ ကိုဝိုင်း ၍ မရဏာ နိုင်ငံဘေး တို့သည် ငါ့ ကို ဘမ်းမိ သဖြင့်၊ ဆင်းရဲ ဒုက္ခဝေဒနာ နှင့် ငါတွေ့ကြုံ ရ၏။ (Sheol )
၃သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်း၍ မရဏနိုင်ငံ ဘေးတို့သည် ငါ့ကို ဘမ်းမိသဖြင့်၊ ဆင်းရဲဒုက္ခဝေဒနာနှင့် ငါတွေ့ကြုံရ၏။ (Sheol )
4 ၄ ထိုအခါ အို ထာဝရဘုရား ၊ အကျွန်ုပ် အသက် ကို ကယ်နှုတ် တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား ၏နာမတော် ကို ပဌနာ ပြု၏။
၄ထိုအခါ အိုထာဝရဘုရား၊ အကျွန်ုပ်အသက်ကို ကယ်နှုတ်တော်မူပါမည်အကြောင်း တောင်းပန်ပါ၏ဟု ထာဝရဘုရား၏နာမတော်ကို ပဌနာပြု၏။
5 ၅ ထာဝရဘုရား သည် ကျေးဇူး ပြုတတ်သော သဘော၊ ဖြောင့်မတ် သော သဘောရှိတော်မူ၏။ ငါ တို့ ဘုရား သခင်သည် ကရုဏာ စိတ်ရှိတော်မူ၏။
၅ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော သဘော၊ ဖြောင့်မတ်သော သဘောရှိတော်မူ၏။ ငါတို့ ဘုရားသခင်သည် ကရုဏာစိတ်ရှိတော်မူ ၏။
6 ၆ ထာဝရဘုရား သည် မ လိမ္မာသောသူတို့ ကို စောင့်မ တော်မူ၏။ ငါသည် နှိမ့်ချ လျက်ရှိသောအခါ ကယ်တင် တော်မူ၏။
၆ထာဝရဘုရားသည် မလိမ္မာသော သူတို့ကို စောင့်မတော်မူ၏။ ငါသည် နှိမ့်ချလျက်ရှိသောအခါ ကယ်တင်တော်မူ၏။
7 ၇ အိုငါ့ ဝိညာဉ် ၊ သင် ၏ငြိမ်ဝပ် ရာသို့ ပြန် လော့။ ထာဝရဘုရား သည် သင် ၌ ကျေးဇူး ပြုတော်မူပြီ။
၇အိုငါ့ဝိညာဉ်၊ သင်၏ငြိမ်ဝပ်ရာသို့ ပြန်လော့။ ထာဝရ ဘုရားသည် သင်၌ကျေးဇူးပြုတော်မူပြီ။
8 ၈ ကိုယ်တော်သည် အကျွန်ုပ် အသက် ကို သေခြင်း မှ ၎င်း၊ အကျွန်ုပ် မျက်စိ ကို မျက်ရည် ကျခြင်းမှ ၎င်း၊ အကျွန်ုပ် ခြေ ကိုလည်း ထိမိ၍လဲ ခြင်းမှ ၎င်း ကယ်လွှတ် တော်မူပြီ။
၈ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ၎င်း၊ အကျွန်ုပ်မျက်စိကို မျက်ရည်ကျခြင်းမှ၎င်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ၎င်း ကယ်လွှတ်တော်မူပြီ။
9 ၉ သို့ဖြစ်၍၊ အသက်ရှင် သောသူတို့၏ နေရာ တွင် ၊ ထာဝရဘုရား ရှေ့ တော်၌ ငါကျင့် ၍ နေရ၏။
၉သို့ဖြစ်၍၊ အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရားရှေ့တော်၌ ငါကျင့်၍ နေရ၏။
10 ၁၀ ငါသည် အလွန် ညှိုးငယ် ခြင်းကို ခံရ၏ဟု မြွက် ဆိုသော်လည်း ၊ ယုံကြည် သောစိတ် ရှိသေး၏။
၁၀ငါသည် အလွန်ညှိုးငယ်ခြင်းကို ခံရ၏ဟု မြွက်ဆိုသော်လည်း၊ ယုံကြည်သော စိတ်ရှိသေး၏။
11 ၁၁ လူ အပေါင်း တို့သည် မုသာ ကို သုံးတတ်ကြ၏ဟု သတိလစ်လျက် ပြော မိ၏။
၁၁လူအပေါင်းတို့သည် မုသာကို သုံးတတ်ကြ၏ဟု သတိလစ်လျက် ပြောမိ၏။
12 ၁၂ ငါ ၌ ထာဝရဘုရား ပြုတော်မူသောကျေးဇူး အလုံးစုံ တို့ကို အဘယ်သို့ ဆပ် ရမည်နည်း။
၁၂ငါ၌ ထာဝရဘုရားပြုတော်မူသော ကျေးဇူး အလုံးစုံတို့ကို အဘယ်သို့ ဆပ်ရမည်နည်း။
13 ၁၃ ကယ်တင် ခြင်းခွက် ဖလားကို ကိုင် ယူ၍ ၊ ထာဝရဘုရား ၏ နာမတော် ကို ပဌနာ ပြုမည်။
၁၃ကယ်တင်ခြင်းခွက်ဖလားကို ကိုင်ယူ၍၊ ထာဝရ ဘုရား၏ နာမတော်ကို ပဌနာပြုမည်။
14 ၁၄ ထာဝရဘုရား အား သစ္စာ ဂတိထားသည် အတိုင်း၊ ထာဝရ ဘုရား၏ လူ များရှေ့ ၌ သစ္စာဝတ် ကို ဖြေမည်။
၁၄ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်။
15 ၁၅ ထာဝရဘုရား ရှေ့ တော်၌ မိမိ သန့်ရှင်း သူတို့၏ သေ ခြင်းအရာသည် အဘိုး ကြီးလှ၏။
၁၅ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းအရာသည် အဘိုးကြီးလှ၏။
16 ၁၆ အို ထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန် မှန် ပါ၏။ ကိုယ်တော် ၏ ကျွန် မတွင် မြင်သောသား လည်း မှန်ပါ၏။ အကျွန်ုပ် ၌ အချည် အနှောင်ကို လွှတ် တော်မူပြီ။
၁၆အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ ကျွန်မှန်ပါ၏။ ကိုယ်တော်၏ ကျွန်မတွင် မြင်သောသား လည်း မှန်ပါ၏။ အကျွန်ုပ်၌ အချည်အနှောင်ကို လွှတ်တော်မူပြီ။
17 ၁၇ ကျေးဇူး တော်ချီးမွမ်းရာ ယဇ် ကို ရှေ့ တော်၌ ပူဇော် ၍ ထာဝရဘုရား ၏ နာမ တော်ကို ပဌနာ ပြုမည်။
၁၇ကျေးဇူးတော်ချီးမွမ်းရာ ယဇ်ကို ရှေ့တော်၌ ပူဇော်၍၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာပြုမည်။
18 ၁၈ ထာဝရဘုရား အား သစ္စာ ဂတိထားသည် အတိုင်း၊
၁၈ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊
19 ၁၉ အိုယေရုရှလင် မြို့၊ သင် ၏အလယ် မှာ ထာဝရဘုရား ၏ အိမ် တော်တန်တိုင်း အတွင်းတွင် ၊ ထာဝရ ဘုရား ၏ လူ များရှေ့ ၌ သစ္စာဝတ် ကို ဖြေပါမည်။ ဟာလေလုယ။
၁၉အိုယေရုရှလင်မြို့၊ သင်၏အလယ်မှာ ထာဝရ ဘုရား၏ အိမ်တော်တန်တိုင်းအတွင်းတွင်၊ ထာဝရဘုရား ၏ လူများရှေ့၌သစ္စာဝတ်ကို ဖြေပါမည်။ ဟာလေလုယ။